
ယူနီယံဘာလင်ဟာမိုချင်ဂလက်ဘတ်နှင့်ပွဲစဉ်တွင်၉၇မိနစ်မှာအနိုင်ဂိုးသွင်းယူပြီးဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဧည့်သည်မိုချင်ဂလက်ဘတ်ဟာမနေ့ညတုန်းကပွဲတွင်လာစတင်းရဲ့ထောင့်ကန်ဘောမှနီကိုအယ်ဗီဒီရဲ့ခေါင်းတိုက်ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ယင်းနောက်ကီဗင်ဘီရန်ကမွန်တိုင်ရိုပင်တိုလိုင်တီရဲ့ဖန်တီးမှုကနေခေါင်းတိုက်ပြီးယူနီယံဘာလင်အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။
ယူနီယံဘာလင်ဟာခရစ္စတိုဖာထရမ်းမဲလ်နောက်ကျဂိုးသွင်းခဲ့ပေမဲ့လည်း VAR ကခွင့်မပြုခဲ့ပါဘူး။
ဒါပေမဲ့ပွဲချိန်၉၇မိနစ်မှာဂျာမီလီဝဲလ်လင်းရဲ့ဖြတ်တင်ဘောကနေဒါနယ်ဟိုဒိုးခီကခေါင်းတိုက်ပြီးယူနီယံဘာလင်အတွက်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
ကလပ်သမိုင်းတွင်ဆုဖလားတစ်လုံးမှဆွတ်ခူးခဲ့ဖူးခြင်းမရှိတဲ့ယူနီယံဘာလင်ဟာမိုချင်ဂလက်ဘတ်နိုင်ပွဲကြောင့် ပွဲစဉ်၁၂အပြီးတွင်ချန်ပီယံဘိုင်ယန်မြူးနစ်ကိုတစ်မှတ်ဖြတ်ပြီးဇယားထိပ်ဆုံးမှာဦးဆောင်နေပါတယ်။
ZawGyi
၉၇ မိနစ္အႏိုင္ဂိုးျဖင့္ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တဲ့ ယူနီယံဘာလင္
ယူနီယံဘာလင္ဟာမိုခ်င္ဂလက္ဘတ္ႏွင့္ပြဲစဥ္တြင္၉၇မိနစ္မွာအႏိုင္ဂိုးသြင္းယူၿပီးဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားကိုျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဧည့္သည္မိုခ်င္ဂလက္ဘတ္ဟာမေန႔ညတုန္းကပြဲတြင္လာစတင္းရဲ႕ေထာင့္ကန္ေဘာမွနီကိုအယ္ဗီဒီရဲ႕ေခါင္းတိုက္ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ယင္းေနာက္ကီဗင္ဘီရန္ကမြန္တိုင္႐ိုပင္တိုလိုင္တီရဲ႕ဖန္တီးမႈကေနေခါင္းတိုက္ၿပီးယူနီယံဘာလင္အတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။
ယူနီယံဘာလင္ဟာခရစၥတိုဖာထရမ္းမဲလ္ေနာက္က်ဂိုးသြင္းခဲ့ေပမဲ့လည္း VAR ကခြင့္မျပဳခဲ့ပါဘူး။
ဒါေပမဲ့ပြဲခ်ိန္၉၇မိနစ္မွာဂ်ာမီလီဝဲလ္လင္းရဲ႕ျဖတ္တင္ေဘာကေနဒါနယ္ဟိုဒိုးခီကေခါင္းတိုက္ၿပီးယူနီယံဘာလင္အတြက္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။
ကလပ္သမိုင္းတြင္ဆုဖလားတစ္လုံးမွဆြတ္ခူးခဲ့ဖူးျခင္းမရွိတဲ့ယူနီယံဘာလင္ဟာမိုခ်င္ဂလက္ဘတ္ႏိုင္ပြဲေၾကာင့္ ပြဲစဥ္၁၂အၿပီးတြင္ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကိုတစ္မွတ္ျဖတ္ၿပီးဇယားထိပ္ဆုံးမွာဦးေဆာင္ေနပါတယ္။