ဂိုးသွင်းစက်ဟာလန်းကို တာရှည်ထိန်းထားနိုင်မှာမဟုတ်တဲ့ စာချုပ်ပါအချက်ကြောင့် စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီးစတင်လုပ်ဆောင်

မန်စီးတီးဟာအာလင်းဟာလန်းကိုကာလရှည်ကြာထိန်းချုပ်ထားနိုင်မှာမဟုတ်တဲ့လက်ရှိစာချုပ်ပါအချက်ကိုပြင်ဆင်ပြီးစာချုပ်သစ်ချုပ်ဆိုရန်စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။

အာလင်းဟာလန်းဟာမနေ့ညတုန်းကကိုပင်ဟေဂင်ကို၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအတွက် ၁၂ ပွဲကစားထားရာမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

အာလင်းဟာလန်းဟာနွေရာသီတုန်းက မန်စီးတီးသို့ ပေါင် ၅၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့စာချုပ်အတွင်းတွင် ၂၀၂၄ ခုနှစ်တွင် ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူနိုင်တဲ့ စာချုပ်ဖျက်သိမ်းကြေးအချက်ပါဝင်ပါတယ်။

ယင်းစာချုပ်ပါအချက်ကြောင့် မန်စီးတီးဟာ သူတို့ရဲ့ဂိုးသွင်းစက်ကို ၂၀၂၄ ခုနှစ်အထိသာ ထိန်းချုပ်နိုင်ဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄ ခုနှစ်တွင် ကာရမ်ဘန်ဇီးမားနေရာတွင် အာလင်းဟာလန်းနှင့် အစားထိုးလာပါမယ်။ ရီးရဲလ်မက်ဒရစ်အနေဖြင့် မန်စီးတီးနှင့် တစုံတရာဆွေးနွေးစရာမလိုဘဲ စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၁၀၀ ပေးကာ ခေါ်ယူလာနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်စီးတီးဟာ ယင်းစာချုပ်ဖျက်သိမ်းကြေးအချက်ကို ပယ်ဖျက်လိုနေပြီး အာလင်းဟာလန်းကို ကာလရှည်ကြာ ထိန်းထားနိုင်ရေးအတွက် စာချုပ်ကို ပြင်ဆင်ပြီး စာချုပ်သစ်ချုပ်ဆိုရန် အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူ အယ်ဖီဟာလန်းနှင့်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

တဖက်တွင် မကြာသေးမီတုန်းက အာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူကိုယ်တိုင်က မန်စီးတီးတွင် ၂ ရာသီကြာသာ ကစားပြီး လာလီဂါ၊ စီးရီးအေ၊ လီဂူး ၁ လိဂ်များသို့လည်း ပြောင်းရွှေ့ကစားစေကာ သားဖြစ်သူကို စမ်းသပ်ခံစေလိုကြောင်း ပြောကြားခဲ့ဖူးပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ အာလင်းဟာလန်းရဲ့စာချုပ်အတွင်းတွင်၂၀၂၄ခုနှစ်မှာရီးရဲလ်မက်ဒရစ်(သို့မဟုတ်)အခြားအသင်းများကခေါ်ယူနိုင်တဲ့အချက်ပါဝင်ခြင်းမရှိကြောင်းငြင်းဆိုထားပါတယ်။

ZawGyi

ဂိုးသြင္းစက္ဟာလန္းကို တာရွည္ထိန္းထားႏိုင္မွာမဟုတ္တဲ့ စာခ်ဳပ္ပါအခ်က္ေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ မန္စီးတီးစတင္လုပ္ေဆာင္

မန္စီးတီးဟာအာလင္းဟာလန္းကိုကာလရွည္ၾကာထိန္းခ်ဳပ္ထားႏိုင္မွာမဟုတ္တဲ့လက္ရွိစာခ်ဳပ္ပါအခ်က္ကိုျပင္ဆင္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အာလင္းဟာလန္းဟာမေန႔ညတုန္းကကိုပင္ေဟဂင္ကို၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မန္စီးတီးအတြက္ ၁၂ ပြဲကစားထားရာမွာ ၁၉ ဂိုးအထိ သြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

အာလင္းဟာလန္းဟာေႏြရာသီတုန္းက မန္စီးတီးသို႔ ေပါင္ ၅၁ သန္းျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး သူ႔စာခ်ဳပ္အတြင္းတြင္ ၂၀၂၄ ခုႏွစ္တြင္ ေပါင္သန္း ၁၀၀ ျဖင့္ ေခၚယူႏိုင္တဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးအခ်က္ပါဝင္ပါတယ္။

ယင္းစာခ်ဳပ္ပါအခ်က္ေၾကာင့္ မန္စီးတီးဟာ သူတို႔ရဲ႕ဂိုးသြင္းစက္ကို ၂၀၂၄ ခုႏွစ္အထိသာ ထိန္းခ်ဳပ္ႏိုင္ဖို႔ ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ၂၀၂၄ ခုႏွစ္တြင္ ကာရမ္ဘန္ဇီးမားေနရာတြင္ အာလင္းဟာလန္းႏွင့္ အစားထိုးလာပါမယ္။ ရီးရဲလ္မက္ဒရစ္အေနျဖင့္ မန္စီးတီးႏွင့္ တစုံတရာေဆြးေႏြးစရာမလိုဘဲ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္သန္း ၁၀၀ ေပးကာ ေခၚယူလာႏိုင္မွာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း မန္စီးတီးဟာ ယင္းစာခ်ဳပ္ဖ်က္သိမ္းေၾကးအခ်က္ကို ပယ္ဖ်က္လိုေနၿပီး အာလင္းဟာလန္းကို ကာလရွည္ၾကာ ထိန္းထားႏိုင္ေရးအတြက္ စာခ်ဳပ္ကို ျပင္ဆင္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေအးဂ်င့္အျဖစ္ေဆာင္႐ြက္ေနတဲ့ ဖခင္ျဖစ္သူ အယ္ဖီဟာလန္းႏွင့္ေဆြးေႏြးေနၿပီ ျဖစ္ပါတယ္။

တဖက္တြင္ မၾကာေသးမီတုန္းက အာလင္းဟာလန္းရဲ႕ဖခင္ျဖစ္သူကိုယ္တိုင္က မန္စီးတီးတြင္ ၂ ရာသီၾကာသာ ကစားၿပီး လာလီဂါ၊ စီးရီးေအ၊ လီဂူး ၁ လိဂ္မ်ားသို႔လည္း ေျပာင္းေ႐ႊ႕ကစားေစကာ သားျဖစ္သူကို စမ္းသပ္ခံေစလိုေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ အာလင္းဟာလန္းရဲ႕စာခ်ဳပ္အတြင္းတြင္၂၀၂၄ခုႏွစ္မွာရီးရဲလ္မက္ဒရစ္(သို႔မဟုတ္)အျခားအသင္းမ်ားကေခၚယူႏိုင္တဲ့အခ်က္ပါဝင္ျခင္းမရွိေၾကာင္းျငင္းဆိုထားပါတယ္။