120km/h မြန်နှုန်း လျှပ်စီးကန်ချက်ဂိုးအပါအဝင် ဖရီးကစ်ကနေ နှစ်ဂိုးသွင်းခဲ့တဲ့ Hulk

ဘရာဇီးစတားဟော့ခ်ဟာတစ်နာရီ၁၂၀ကီလိုမီတာမြန်နှုန်းလျှပ်စီးကန်ချက်ဂိုးအပါအဝင် အက်သလက်တီကိုမီနိုင်းရိုးအတွက်ဖရီးကစ်ကနေနှစ်ဂိုးသွင်းယူပြခဲ့ပါတယ်။

အက်သလက်တီကိုမီနိုင်းရိုးဟာဒီမိုခရာတာကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးပူလင်ဟိုကတစ်ဂိုးနှင့်ဟော့ခ်ကနှစ်ဂိုးသွင်းယူခဲ့ပါတယ်။

ဟော့ခ်ဟာသူ့ရဲ့ပထမဂိုးကိုပွဲချိန်၁၃မိနစ်မှာဖရီးကစ်ကနေသွင်းခဲ့တာဖြစ်ပါတယ်။ကိုက်၃၀အကွာအဝေးကသွင်းခဲ့တာဖြစ်ပြီးမြန်နှုန်းတစ်နာရီ၉၀ကီလိုမီတာရှိပါတယ်။ဂိုးသမားရဲ့ညာထောင့်သို့ကန်ခဲ့တာပါ။

ဒါပေမဲ့ဒုတိယဂိုးကတော့တကယ့်ကိုပြင်းထန်လွှန်းလှပါတယ်။ဘောလုံးသမိုင်းမှာပါဝါအမြင့်ဆုံးကန်ချက်ဂိုးတွေထဲကတစ်ဂိုးဖြစ်ပါတယ်။

ဧရိယာအပြင်မှာရရှိတဲ့ဖရီးကစ်ကနေမိုးကြိုးပစ်ချသကဲ့သို့မြန်လွန်းတဲ့ကန်ချက်ဖြင့်သွင်းခဲ့တာဖြစ်ပါတယ်။တစ်နာရီ၁၂၀ကီလိုမီတာမြန်နှုန်းအထိရှိပါတယ်။

စူပါဟီးရိုးတိုက်စစ်မှူးဟာကစားသမားဘဝအတွင်းပေါ်တို၊ဇင်းနစ်၊ရှန်ဟိုင်းအက်စ်အိုင်ဂျီတို့မှာကစားခဲ့သူဖြစ်ပါတယ်။

ZawGyi

120km/h ျမန္ႏႈန္း လွ်ပ္စီးကန္ခ်က္ဂိုးအပါအဝင္ ဖရီးကစ္ကေန ႏွစ္ဂိုးသြင္းခဲ့တဲ့ Hulk

ဘရာဇီးစတားေဟာ့ခ္ဟာတစ္နာရီ၁၂၀ကီလိုမီတာျမန္ႏႈန္းလွ်ပ္စီးကန္ခ်က္ဂိုးအပါအဝင္ အက္သလက္တီကိုမီႏိုင္း႐ိုးအတြက္ဖရီးကစ္ကေနႏွစ္ဂိုးသြင္းယူျပခဲ့ပါတယ္။

အက္သလက္တီကိုမီႏိုင္း႐ိုးဟာဒီမိုခရာတာကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးပူလင္ဟိုကတစ္ဂိုးႏွင့္ေဟာ့ခ္ကႏွစ္ဂိုးသြင္းယူခဲ့ပါတယ္။

ေဟာ့ခ္ဟာသူ႔ရဲ႕ပထမဂိုးကိုပြဲခ်ိန္၁၃မိနစ္မွာဖရီးကစ္ကေနသြင္းခဲ့တာျဖစ္ပါတယ္။ကိုက္၃၀အကြာအေဝးကသြင္းခဲ့တာျဖစ္ၿပီးျမန္ႏႈန္းတစ္နာရီ၉၀ကီလိုမီတာရွိပါတယ္။ဂိုးသမားရဲ႕ညာေထာင့္သို႔ကန္ခဲ့တာပါ။

ဒါေပမဲ့ဒုတိယဂိုးကေတာ့တကယ့္ကိုျပင္းထန္လႊန္းလွပါတယ္။ေဘာလုံးသမိုင္းမွာပါဝါအျမင့္ဆုံးကန္ခ်က္ဂိုးေတြထဲကတစ္ဂိုးျဖစ္ပါတယ္။

ဧရိယာအျပင္မွာရရွိတဲ့ဖရီးကစ္ကေနမိုးႀကိဳးပစ္ခ်သကဲ့သို႔ျမန္လြန္းတဲ့ကန္ခ်က္ျဖင့္သြင္းခဲ့တာျဖစ္ပါတယ္။တစ္နာရီ၁၂၀ကီလိုမီတာျမန္ႏႈန္းအထိရွိပါတယ္။

စူပါဟီး႐ိုးတိုက္စစ္မႉးဟာကစားသမားဘဝအတြင္းေပၚတို၊ဇင္းနစ္၊ရွန္ဟိုင္းအက္စ္အိုင္ဂ်ီတို႔မွာကစားခဲ့သူျဖစ္ပါတယ္။