လေဖြတ်ကာဆေးရုံတက်ကုသနေရတဲ့ အာဆင်နယ်စတားဟောင်းမာ့ခ်အိုဗားမား

အာဆင်နယ်စတားဟောင်းမာ့ခ်အိုဗားမားဟာအသေးစားလေဖြတ်ဝေဒနာခံစားရပြီးနောက်ဆေးရုံတက်ရောက်ကုသမှုခံယူနေရကြောင်း ရွိုင်ရယ်အန့်ဝတ်ကကြေညာသွားပါတယ်။

ဒတ်ချ်ဂန္ထဝင်ကစားသမားဟာမနေ့ညတုန်းကဆေးရုံတက်ခဲ့ရတာဖြစ်ပြီးယခုအခါ အခြေအနေတိုးတက်ကောင်းမွန်နေပြီဖြစ်ကာစိုးရိမ်စရာအနေအထားမှာမရှိတော့ပါဘူး။

အသက်၄၉နှစ်ရှိမာ့ခ်အိုဗားမားဟာပြီးခဲ့တဲ့မတ်လကတည်းကဘယ်လ်ဂျီယံကလပ်ရွိုင်ရယ်အန့်ဝတ်တွင်ဘောလုံးဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

သူဟာအေဂျက်စ်တွင်ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်စဉ်အတွင်းလုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးကိုမသင့်တော်တဲ့စာများပေးပို့မှုကြောင့်ဖေဖော်ဝါရီလတုန်းကရာထူးမှနုတ်ထွက်ခဲ့ရသူဖြစ်ပါတယ်။

သူဟာရွိုင်ရယ်အန့်ဝတ်သို့ဘောလုံးဒါရိုက်တာအဖြစ်ရောက်လာပြီးနောက်စပါးစ်ကစားသမားဟောင်းများဖြစ်ကြတဲ့တိုဘီအယ်ဒါဝီရက်နှင့်ဗင်းဆင့်ဂျန်ဆင်တို့ကိုခေါ်ယူပေးထားနိုင်ပါတယ်။

အေဂျက်စ်နှင့်ဘာစီလိုနာကစားသမားဟောင်းဟာအာဆင်နယ်တွင်သုံးနှစ်ကြာကစားခဲ့ဖူးပြီးပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားနှင့်ကွန်မြူနတီဒိုင်းတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ေလျဖတ္ကာေဆး႐ုံတက္ကုသေနရတဲ့ အာဆင္နယ္စတားေဟာင္းမာ့ခ္အိုဗားမား

အာဆင္နယ္စတားေဟာင္းမာ့ခ္အိုဗားမားဟာအေသးစားေလျဖတ္ေဝဒနာခံစားရၿပီးေနာက္ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနရေၾကာင္း ႐ြိဳင္ရယ္အန႔္ဝတ္ကေၾကညာသြားပါတယ္။

ဒတ္ခ်္ဂႏၴဝင္ကစားသမားဟာမေန႔ညတုန္းကေဆး႐ုံတက္ခဲ့ရတာျဖစ္ၿပီးယခုအခါ အေျခအေနတိုးတက္ေကာင္းမြန္ေနၿပီျဖစ္ကာစိုးရိမ္စရာအေနအထားမွာမရွိေတာ့ပါဘူး။

အသက္၄၉ႏွစ္ရွိမာ့ခ္အိုဗားမားဟာၿပီးခဲ့တဲ့မတ္လကတည္းကဘယ္လ္ဂ်ီယံကလပ္႐ြိဳင္ရယ္အန႔္ဝတ္တြင္ေဘာလုံးဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ေနသူလည္းျဖစ္ပါတယ္။

သူဟာေအဂ်က္စ္တြင္ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္စဥ္အတြင္းလုပ္ေဖာ္ကိုင္ဖက္အမ်ိဳးသမီးတစ္ဦးကိုမသင့္ေတာ္တဲ့စာမ်ားေပးပို႔မႈေၾကာင့္ေဖေဖာ္ဝါရီလတုန္းကရာထူးမွႏုတ္ထြက္ခဲ့ရသူျဖစ္ပါတယ္။

သူဟာ႐ြိဳင္ရယ္အန႔္ဝတ္သို႔ေဘာလုံးဒါ႐ိုက္တာအျဖစ္ေရာက္လာၿပီးေနာက္စပါးစ္ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့တိုဘီအယ္ဒါဝီရက္ႏွင့္ဗင္းဆင့္ဂ်န္ဆင္တို႔ကိုေခၚယူေပးထားႏိုင္ပါတယ္။

ေအဂ်က္စ္ႏွင့္ဘာစီလိုနာကစားသမားေဟာင္းဟာအာဆင္နယ္တြင္သုံးႏွစ္ၾကာကစားခဲ့ဖူးၿပီးပရီးမီးယားလိဂ္ဖလား၊အက္ဖ္ေအဖလားႏွင့္ကြန္ျမဴနတီဒိုင္းတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။