နွေရာသီတွင် ဟယ်ရီကိန်းကို ရောင်းချမည်မဟုတ်ဘဲ အလွတ်‌ပြောင်းရွှေ့ကြေးဖြင့်သာ အဆုံးအရှုံးခံလာမဲ့ စပါးစ်

စပါးစ်ဟာလာမယ့်နွေရာသီတွင်ဟယ်ရီကိန်းအားလုံးဝလက်လွတ်ခံလာမှာမဟုတ်ကြောင်းသိရပါတယ်။စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာစပါးစ်နှင့်တစ်နှစ်ကျော်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးယူနိုက်တက်ရဲ့နွေရာသီအပြောင်းအရွှေ့နံပါတ်တစ်ပစ်မှတ်ဖြစ်နေပါတယ်၊

ဒါပေမဲ့ Sky Sports ရဲ့ဖော်ပြလာမှုအရစပါးစ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဟယ်ရီကိန်းကိုလုံးဝလက်လွှတ်ခံလာမှာမဟုတ်ကြောင်းသိရပါတယ်။

ဟယ်ရီကိန်းရဲ့လက်ရှိစပါးစ်နှင့်စာချုပ်ကလာမယ့်ဘောလုံးရာသီအကုန်တွင်ကုန်ဆုံးပါမယ်။

လက်ရှိအချိန်တွင်စပါးစ်ဟာဟယ်ရီကိန်းကိုစာချုပ်သစ်ချုပ်ဆိုရေးမျှော်လင့်နေပေမဲ့လည်းကစားသမားဘက်ကစာချုပ်သစ်ချုပ်ဆိုရန်ငြင်းပယ်လာပါကလည်းလာမယ့်နွေရာသီတွင်လက်လွှတ်ခံမှာမဟုတ်ဘဲစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိအသင်းတွင်ဆက်ထိန်းထားရန်စီစဉ်ထားကြောင်းသိရပါတယ်။

ဟယ်ရီကိန်းဟာလက်ရှိအချိန်တွင်စပါးစ်အနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားနေဆဲဖြစ်ပြီးရာသီအကုန်တွင်ချန်ပီယံလိဂ်ဝင်ခွင့်ရမရအပေါ်မူတည်ပြီးဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

ZawGyi





