2021 Ballon d’Or ဆန်ကာတင် ၃၀ စာရင်းထွက်ပေါ်လာပြီးနောက် ဆုရရှိနိုင်သူ ၄ ဦးကို မက်ဆီဖွင့်ဟလာ

လီယွန်နယ်မက်ဆီဟာ 2021 Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား ၃၀ဦးစာရင်းထွက်ပေါ်လာပြီးနောက် ယခုနှစ် Ballon d’Or ဆုကိုဆွတ်ခူးနိုင်တဲ့ကစားသမားလေးဦးကိုဖွင့်ဟပြောကြားလာပါတယ်။မက်ဆီက Ballon d’Or ဆုအတွက် အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ်မဲပေးခွင့်ရရှိထားသူဖြစ်ပြီးယခုဖွင့်ဟလာတဲ့ကစာသမားလေးဦးကိုမဲပေးသွားမှာလည်းဖြစ်ပါတယ်။

2021 Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား ၃၀ဦးစာရင်းကိုကြေညာခဲ့ရာလီယွန်နယ်မက်ဆီဟာလည်းအခြားကမ္ဘာ့အကောင်းဆုံးကစားသမားများနှင့်အတူ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာပြီးခဲ့တဲ့ရာသီတုန်းကဘာစီလိုနာနှင့်အတူကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်နွေရာသီတုန်းကအာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ကာ အကောင်းဆုံးကစားသမားဆုနှင့်ဂိုးသွင်းဘုရင်ဆုတို့ကိုလည်းဆွတ်ခူးနိုင်ခဲ့ကာ ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးရန်ရေပန်းစားနေပါတယ်။

ဒါပေမယ့်လီယွန်နယ်မက်ဆီက 2021 Ballon d’Or ကိုဆွတ်ခူးနိုင်တဲ့ကစားသမားလေးဦးကိုရွေးချယ်မှုပြုလုပ်လာပါတယ်။မက်ဆီရွေးချယ်လိုက်တဲ့ကစားသမားလေးဦးထဲမှာပီအက်စ်ဂျီကစားဖော်နှစ်ဦးနှင့် ကမ္ဘာ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးနှစ်ဦးတို့ပါဝင်နေပါတယ်။

မက်ဆီက “ကျွန်တော့်အသင်းမှာဆိုရင်ကျွန်တော်အလွယ်တကူဘဲမဲပေးမယ့်သူနှစ်ဦးရှိပါတယ်။နေမာနဲ့ကိုင်လီယန်ဘက်ပေးပါ။ပြီးတော့လီဝန်ဒေါ့စကီးပါ။သူကလည်းကြီးကျယ်တဲ့နှစ်တစ်နှစ်ပိုင်ဆိုင်ထားပါတယ်။ကာရမ်ဘန်ဇီးမားကလည်းအရမ်းကိုကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

2021 Ballon d’Or ဆုကို ဘောလုံးဂျာနယ်လစ်များ၊လက်ရွေးစင်အသင်းအသင်းခေါင်းဆောင်များ၊နည်းပြများရဲ့မဲအဆုံးအဖြတ်ဖြင့်ရွေးချယ်ပါမယ်။2021 Ballon d’Or ဆုကိုလာမယ့်နိုဝင်ဘာလ၂၉ရက်နေ့မှာ ပဲရစ်ရှိ Theatre du Chatelet မှာချီးမြှင့်သွားပါမယ်။

ZawGyi

2021 Ballon d’Or ဆန္ကာတင္ ၃၀ စာရင္းထြက္ေပၚလာၿပီးေနာက္ ဆုရရွိႏိုင္သူ ၄ ဦးကို မက္ဆီဖြင့္ဟလာ

လီယြန္နယ္မက္ဆီဟာ 2021 Ballon d’Or ဆုအတြက္ဆန္ကာတင္ကစားသမား ၃၀ဦးစာရင္းထြက္ေပၚလာၿပီးေနာက္ ယခုႏွစ္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္တဲ့ကစားသမားေလးဦးကိုဖြင့္ဟေျပာၾကားလာပါတယ္။မက္ဆီက Ballon d’Or ဆုအတြက္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္အျဖစ္မဲေပးခြင့္ရရွိထားသူျဖစ္ၿပီးယခုဖြင့္ဟလာတဲ့ကစာသမားေလးဦးကိုမဲေပးသြားမွာလည္းျဖစ္ပါတယ္။

2021 Ballon d’Or ဆုအတြက္ဆန္ကာတင္ကစားသမား ၃၀ဦးစာရင္းကိုေၾကညာခဲ့ရာလီယြန္နယ္မက္ဆီဟာလည္းအျခားကမာၻ႔အေကာင္းဆုံးကစားသမားမ်ားႏွင့္အတူ ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာၿပီးခဲ့တဲ့ရာသီတုန္းကဘာစီလိုနာႏွင့္အတူကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္ေႏြရာသီတုန္းကအာဂ်င္တီးနားႏွင့္အတူ ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့ကာ အေကာင္းဆုံးကစားသမားဆုႏွင့္ဂိုးသြင္းဘုရင္ဆုတို႔ကိုလည္းဆြတ္ခူးႏိုင္ခဲ့ကာ ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုဆြတ္ခူးရန္ေရပန္းစားေနပါတယ္။

ဒါေပမယ့္လီယြန္နယ္မက္ဆီက 2021 Ballon d’Or ကိုဆြတ္ခူးႏိုင္တဲ့ကစားသမားေလးဦးကိုေ႐ြးခ်ယ္မႈျပဳလုပ္လာပါတယ္။မက္ဆီေ႐ြးခ်ယ္လိုက္တဲ့ကစားသမားေလးဦးထဲမွာပီအက္စ္ဂ်ီကစားေဖာ္ႏွစ္ဦးႏွင့္ ကမာၻ႔ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးႏွစ္ဦးတို႔ပါဝင္ေနပါတယ္။

မက္ဆီက “ကြၽန္ေတာ့္အသင္းမွာဆိုရင္ကြၽန္ေတာ္အလြယ္တကူဘဲမဲေပးမယ့္သူႏွစ္ဦးရွိပါတယ္။ေနမာနဲ႔ကိုင္လီယန္ဘက္ေပးပါ။ၿပီးေတာ့လီဝန္ေဒါ့စကီးပါ။သူကလည္းႀကီးက်ယ္တဲ့ႏွစ္တစ္ႏွစ္ပိုင္ဆိုင္ထားပါတယ္။ကာရမ္ဘန္ဇီးမားကလည္းအရမ္းကိုေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။

2021 Ballon d’Or ဆုကို ေဘာလုံးဂ်ာနယ္လစ္မ်ား၊လက္ေ႐ြးစင္အသင္းအသင္းေခါင္းေဆာင္မ်ား၊နည္းျပမ်ားရဲ႕မဲအဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္ပါမယ္။2021 Ballon d’Or ဆုကိုလာမယ့္ႏိုဝင္ဘာလ၂၉ရက္ေန႔မွာ ပဲရစ္ရွိ Theatre du Chatelet မွာခ်ီးျမႇင့္သြားပါမယ္။