2021 Ballon d’Or ဆုမှာ ရော်နယ်ဒိုနှင့်သာ ထိုက်တန်ကြောင်း ဆာအဲလက်စ်ဖာဂူဆန် ပြောကြား

ဆာအဲလက်စ်ဖာဂူဆန်ကမန်ယူချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုမှာလီယွန်နယ်မက်ဆီ၊အန်ဂိုလိုကန်တီ၊ဂျော်ဂျင်ဟိုတို့ကိုကျော်ဖြတ်ကာ ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကိုဆွတ်ခူးသင့်ကြောင်းပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဂျူဗင်တပ်နှင့်အတူကိပါအီတာလီယာဖလားနှင့်အီတာလီယာစူပါဖလားတို့ဆွတ်ခူးနိုင်ခဲ့ပေမယ့်စီးရီးအေချန်ပီယံဘွဲ့ကိုအင်တာမီလန်သို့လွဲပြောင်ပေးခဲ့ရပါတယ်။

ဒါပေမယ့် Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားနိုင်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီတုန်းကစီးရီးအေပွဲ၃၃ပွဲတွင်၂၉ဂိုးသွင်းယူပြီးအသင်းဟောင်းမန်ယူသို့တကျော့ပြန်ရောက်လာချိန်တွင်လည်းဂိုးများဆက်သွင်းကာခြေစွမ်းပြနေပါတယ်။

မန်ယူဂန္ထဝင်နည်းပြက “ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ထိုက်တန်ပါတယ်။ဒီနှစ်မှာသူဟာစံချိန်တွေတစ်ခုပြီးတစ်ခုရိုက်ချိုးခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုနှစ်မှာအလီဒါယီရဲ့နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူစံချိန်ကိုရိုက်ချိုးခြင်း၊ဂျိုးဆက်ဖ်ဘီကန်ဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်၊နိုင်ငံတကာပွဲများတွင်ဟက်ထရစ်အများဆုံးသွင်းယူသူစံချိန်(၁၀ကြိမ်)တို့ကိုရေးထိုးနိုင်ခဲ့ပါတယ်။

ZawGyi

2021 Ballon d’Or ဆုမွာ ေရာ္နယ္ဒိုႏွင့္သာ ထိုက္တန္ေၾကာင္း ဆာအဲလက္စ္ဖာဂူဆန္ ေျပာၾကား

ဆာအဲလက္စ္ဖာဂူဆန္ကမန္ယူခ်က္စတာယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုမွာလီယြန္နယ္မက္ဆီ၊အန္ဂိုလိုကန္တီ၊ေဂ်ာ္ဂ်င္ဟိုတို႔ကိုေက်ာ္ျဖတ္ကာ ၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကိုဆြတ္ခူးသင့္ေၾကာင္းေျပာၾကားလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဂ်ဴဗင္တပ္ႏွင့္အတူကိပါအီတာလီယာဖလားႏွင့္အီတာလီယာစူပါဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ေပမယ့္စီးရီးေအခ်န္ပီယံဘြဲ႕ကိုအင္တာမီလန္သို႔လြဲေျပာင္ေပးခဲ့ရပါတယ္။

ဒါေပမယ့္ Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားႏိုင္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ရာသီတုန္းကစီးရီးေအပြဲ၃၃ပြဲတြင္၂၉ဂိုးသြင္းယူၿပီးအသင္းေဟာင္းမန္ယူသို႔တေက်ာ့ျပန္ေရာက္လာခ်ိန္တြင္လည္းဂိုးမ်ားဆက္သြင္းကာေျခစြမ္းျပေနပါတယ္။

မန္ယူဂႏၴဝင္နည္းျပက “ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ထိုက္တန္ပါတယ္။ဒီႏွစ္မွာသူဟာစံခ်ိန္ေတြတစ္ခုၿပီးတစ္ခု႐ိုက္ခ်ိဳးခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုႏွစ္မွာအလီဒါယီရဲ႕ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္ကို႐ိုက္ခ်ိဳးျခင္း၊ဂ်ိဳးဆက္ဖ္ဘီကန္ေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္၊ႏိုင္ငံတကာပြဲမ်ားတြင္ဟက္ထရစ္အမ်ားဆုံးသြင္းယူသူစံခ်ိန္(၁၀ႀကိမ္)တို႔ကိုေရးထိုးႏိုင္ခဲ့ပါတယ္။