
ပြီးခဲ့တဲ့အပတ်တုန်းက ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကိုလီယွန်နယ်မက်ဆီရရှိသွားပြီဖြစ်ပြီးဆုရရှိသွားပြီဖြစ်ကြောင်းကိုလည်းအကြောင်းကြားမှုရရှိထားပြီဖြစ်ကြောင်းသတင်းထွက်ခဲ့ပါတယ်။
အသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားဟာ Ballon d’Or ဆုကိုခြောက်ကြိမ်တိုင်တိုင်ရရှိထားသူဖြစ်ပြီးခုနှစ်ကြိမ်မြောက်အဖြစ်ဆွတ်ခူးရန်ထိပ်ဆုံးမှရေပန်းစားနေသူလည်းဖြစ်ပါတယ်။
မက်ဆီဟာပြီးခဲ့တဲ့ရာသီတုန်းကဘာစီလိုနာနှင့်အတူကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့သော်လည်းလာလီဂါတွင်မူချန်ပီယံအက်သလက်တီကိုနှင့်ရမှတ်၇မှတ်အထိကွာဟခဲ့ပါတယ်။
ဒါပေမယ့်သူဟာလာလီဂါမှာဂိုး၃၀သွင်းပြီးဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နိုင်ခ့သလိုနွေရာသီတွင်လည်းအာဂျင်တီးနားကိုကိုပါအမေရိကဖလားရရှိအောင်အဓိကနေရာမှဦးဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုရရှိဖို့ထိပ်ဆုံးမှရှေ့ပြေးနေပါတယ်။
ဒါ့အပြင် Ballon d’Or ဆုအတွက်အခြားရေပန်းစားနေတဲ့သူများကတော့လီဝန်ဒေါ့စကီး၊ဂျော်ဂျင်ဟိုနှင့်အန်ဂိုလိုကန်တီတို့ဖြစ်ပါတယ်။
မကြာသေးမီတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရ 2021 Ballon d’Or ဆုကိုမက်ဆီဆွတ်ခူးသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
ဒါပေမယ့်ယခုအခါမှာတော့ Ballon d’Or ဆုကိုဦးစီးချီးမြှင့်တဲ့ France Football ရဲ့အယ်ဒီတာချုပ်ပါစကယ်ဖာရီကအထက်ပါပေါက်ကြားမှုသတင်းမှာအရည်အမရအဖတ်မရသတင်းသာဖြစ်ကြောင်းဆိုလာပါတယ်။
၎င်းက “ပြီးခဲ့တဲ့၁၀ရက်အတွင်းမှာတကယ့်ကိုအခြေအအမြစ်မရှိတာတွေမြင်ခဲ့ရတယ်။တကယ့်ကိုအရည်အရအဖတ်မရတွေပါ”လို့ဆိုသွားပါတယ်။
France Football ဟာလာမယ့်နိုဝင်ဘာလ၂၉ရက်နေ့မှာပဲရစ်ရှိ Theatre du Chatelat မှာ Ballon d’Or ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပသွားပါမယ်။
ZawGyi
2021 Ballon d’Or ဆုရွင္ အတည္ျပဳမႈ ထြက္ေပၚလာမႈအေပၚ Ballon d’Or အႀကီးအကဲ တုံ႔ျပန္လာ
ၿပီးခဲ့တဲ့အပတ္တုန္းက ၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကိုလီယြန္နယ္မက္ဆီရရွိသြားၿပီျဖစ္ၿပီးဆုရရွိသြားၿပီျဖစ္ေၾကာင္းကိုလည္းအေၾကာင္းၾကားမႈရရွိထားၿပီျဖစ္ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။
အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာ Ballon d’Or ဆုကိုေျခာက္ႀကိမ္တိုင္တိုင္ရရွိထားသူျဖစ္ၿပီးခုႏွစ္ႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးရန္ထိပ္ဆုံးမွေရပန္းစားေနသူလည္းျဖစ္ပါတယ္။
မက္ဆီဟာၿပီးခဲ့တဲ့ရာသီတုန္းကဘာစီလိုနာႏွင့္အတူကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းလာလီဂါတြင္မူခ်န္ပီယံအက္သလက္တီကိုႏွင့္ရမွတ္၇မွတ္အထိကြာဟခဲ့ပါတယ္။
ဒါေပမယ့္သူဟာလာလီဂါမွာဂိုး၃၀သြင္းၿပီးဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ႏိုင္ခ့သလိုေႏြရာသီတြင္လည္းအာဂ်င္တီးနားကိုကိုပါအေမရိကဖလားရရွိေအာင္အဓိကေနရာမွဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္လည္းသူဟာခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုရရွိဖို႔ထိပ္ဆုံးမွေရွ႕ေျပးေနပါတယ္။
ဒါ့အျပင္ Ballon d’Or ဆုအတြက္အျခားေရပန္းစားေနတဲ့သူမ်ားကေတာ့လီဝန္ေဒါ့စကီး၊ေဂ်ာ္ဂ်င္ဟိုႏွင့္အန္ဂိုလိုကန္တီတို႔ျဖစ္ပါတယ္။
မၾကာေသးမီတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရ 2021 Ballon d’Or ဆုကိုမက္ဆီဆြတ္ခူးသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ဒါေပမယ့္ယခုအခါမွာေတာ့ Ballon d’Or ဆုကိုဦးစီးခ်ီးျမႇင့္တဲ့ France Football ရဲ႕အယ္ဒီတာခ်ဳပ္ပါစကယ္ဖာရီကအထက္ပါေပါက္ၾကားမႈသတင္းမွာအရည္အမရအဖတ္မရသတင္းသာျဖစ္ေၾကာင္းဆိုလာပါတယ္။
၎က “ၿပီးခဲ့တဲ့၁၀ရက္အတြင္းမွာတကယ့္ကိုအေျခအအျမစ္မရွိတာေတြျမင္ခဲ့ရတယ္။တကယ့္ကိုအရည္အရအဖတ္မရေတြပါ”လို႔ဆိုသြားပါတယ္။
France Football ဟာလာမယ့္ႏိုဝင္ဘာလ၂၉ရက္ေန႔မွာပဲရစ္ရွိ Theatre du Chatelat မွာ Ballon d’Or ဆုခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပသြားပါမယ္။