
ဘာကာကျောနံပါတ် ၁၀ သစ် ဖာတီကို “ဟေ့ကောင် မင်းက လီယိုလား?” လို့ လှောင်ခဲ့တဲ့ အော့တာမန်ဒီ
ဘင်ဖီကာနောက်ခံလူနီကိုလပ်စ်အော့တာမန်ဒီဟာမနေ့ညတုန်းကဘာစီလိုနာအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာအန်ဆူးဖာတီကို ‘ဟေ့ကောင် မင်းက လီယိုလား?’လို့ လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။ ဘာစီလိုနာဟာနွေရာသီတုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်လိုက်ရတဲ့လီယွန်နယ်မက်ဆီရဲ့ကျောနံပါတ်၁၀ကို အန်ဆူးဖာတီကိုဆက်ခံစေခဲ့ပါတယ်။ အသက်၁၈နှစ်ရှိဖာတီဟာလည်းမက်ဆီကဲ့သို့ပင်ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးဘာစီလိုနာကစားသမားဘဝအစတုန်းကကျောနံပါတ်၃၇ဝတ်ဆင်ခဲ့ပါတယ်။သူဟာဘာစီလိုနာပထမအသင်းသို့တက်လှမ်းပြီးနောက်ကျောနံပါတ်၂၂ကိုဝတ်ဆင်ခဲ့ပါတယ်။ သူဟာဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုလေးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ရပြီးနောက်၁၁လကြာအနားယူခဲ့ရပြီးပြီးခဲ့တဲ့အပတ်တုန်းကလီဗန်တေးနှင့်ပွဲတွင်ပထမဆုံးအကြိမ်အဖြစ်လူစားဝင်ရောက်ကစားပြီးနောက်၉မိနစ်အကြာတွင်ပင်အနိုင်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အန်ဆူးဖာတီဟာမနေ့ညတုန်းကဘင်ဖီကာကို၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာအော့တာမန်ဒီကို ပြစ်ဒဏ်ကျူးလွန်မှုပြုလုပ်ခဲ့ပါတယ်။အော့တာမန်ဒီဟာကျောနံပါတ်၁၀ဝတ်ဆင်ထားတဲ့အန်ဆူးဖာတီကို “ဟေ့ကောင် မင်းက လီယိုလား?”လို့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာဘင်ဖီကာကိုရှုံးနိမ့်ပြီးနောက်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ထားကာရှုံးထွက်အဆင့်သို့တက်ရန်ခက်ခဲသွားခဲ့ပါတယ်။ဘာစီလိုနာဟာချန်ပီယံလိဂ်မှာနောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။ ဘင်ဖီကာအားရှုံးနိမ့်ပြီးနောက်ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက၎င်းမှာဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရကြောင်းဝန်ခံပြောကြားသွားပါတယ်။ ZawGyi ဘာကာကျောနံပါတ် ၁၀ သစ် ဖာတီကို “ဟေ့ကောင် မင်းက လီယိုလား?” […]