
စတီဗင်ဂျရတ်ကိုဖွင့်လိုက်ရင်လင်းသွားမယ့်ကောင်းကင်တွေသုံးပွဲဆက်တိုက်လား..
Play Maker 3D 🔴 ဟန်စိုးသွေး၊Nကြယ်မင်း ၊မင်းနဒီ(Change) အက်စတွန်ဗီလာ – မန်စီးတီး (မန်စီးတီး(1-90) 🔴 တစ်ပတ်ပြီးသွားတော့နောက်တစ်ပတ်ပဲ။ဒီပြောစရာဟာနောက်ထပ်ပြောစရာဖြစ်ရပြန်တယ်။ပရီးမီးယားလိဂ်မှာအဲ့ဒီအတိုင်းကျနော်တို့လည်ပတ်နေကြပြီးဒီတစ်ပတ်မှာကြားရက်ပွဲတွေကစားကြမယ်ဆိုတော့အနားရချိန်မရှိသလောက်ပေါ့လေ။ကာရစ်နှစ်ပွဲဟာအဆင်ပြေပါတယ်။ဒါပေမဲ့စတမ်းဖို့ဒ်ဘရစ်ချ်မှာသရေကျရုံနဲ့ဂိုက်မကျလှဘူးဆိုတာကတော့ဟိုးထားကိုယ့်လူရေ..လို့ ထအော်ကြရမလိုပါ။ စတီဗင်ဂျရတ်ကနှစ်ပွဲ ၆မှတ်ကိုတင်းနေအောင်ရယူလိုက်ပါတယ်။သူလိုများလုပ်နိုင်ရင်ဒီကာရစ်နဲ့ခက်လိမ့်မယ်၊ အေး..ခက်လိမ့်မယ်လို့ အချင်းချင်းလက်တို့ပြီးရယ်မောကြရပြန်တယ်။ဆော်ဒီအာရေဗျရဲ့အိပ်မက်မီးလျှံထဲကနယူးကာဆယ်ဟာအသေကလေးမွေးလာပါတယ်။အက်ဒီဟိုဝီကိုအစက တည်းကကြိုဆိုဖို့ခက်ခဲခဲ့သူတွေအတွက်အာဆင်နယ်နဲ့ပွဲရလဒ်ဟာပျော်စရာမဟုတ်ခဲ့ပါဘူး။ မနေ့ညကနောဝစ်ချ်ကိုသာအနိုင်မရခဲ့ရင်ကမ္ဘာ့အချမ်းသာဆုံးတန်းဆင်းကလပ်အဖြစ်မှတ်တမ်းဝင်နိုင်ပါတယ်။မန်စီးတီးကအီတီဟတ်နှင်းတွေကြားမှာ သွေးဆာနေတဲ့ဝက်စ်ဟမ်းကိုဆုံးမတော်မူပြန်ပါတယ်။အဲ့ဒါဟာဘယ်တော့မှမခန့်လေးစားလုပ်ခွင့်မပြုသူပတ်ပ်ရဲ့ညချမ်းချိန်ခါတေးပါ။ကောင်းပြီ။နှစ်ပွဲကစား၊နှစ်ပွဲနိုင်ထားပါတယ်ဆိုတဲ့စတီဗင်ဂျရတ်ကိုရောသူဘယ်လိုကောက်ချီလိုက်မှာပါလိမ့်။ဒီတစ်ပတ်ဆရာဟန်ကအဲ့ဒီပွဲကိုရွေးထားပါတယ်။ကျနော်တို့ တစ်ချက်လောက်ဖတ်လိုက်ကြရအောင်လားခင်ဗျား.. 🔴 Nကြယ်မင်း ဗီလာဘယ်လောက်ထိကောင်းလာသလဲ၊ကျနော်တို့အခုအပြတ်မပြောနိုင်ကြသေးပါဘူး။တကယ်တော့ဗီလာရဲ့လူစာရင်းကသူတို့ရပ်တည်ရင်းစွဲအဆင့်တစ်ခုအတွက်လုံလောက်မူရှိပြီးသားပါ။ ဒါပေမဲ့ကိုယ်ကဘယ်လောက်အထိလုပ်နိုင်ခဲ့ပြီးဘာတွေကိုလိုချင်ခဲ့တာလဲဆိုတာဒင်းန်စမစ်ကသူ့ကစားသမားတွေကိုကျိုချက်မပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်ဝေ့တယ်၊နောက်ပြန်ဆုတ်ခဲ့တယ်။အန္တရာယ်နံ့တွေရလာတယ်။ဒီအချိန်မှာဂျရတ်ရောက်လာပြီးကိုယ်စီအိပ် […]