
လင်းယုန်တွေနဲ့ဆိုလွမ်းချင်းများမလိုပြီ
Play Maker 3D 📰 Nကြယ်မင်း ဟန်စိုးသွေး မင်းနဒီ (Change) ခရစ္စတယ်ပဲလေ့စ် – ဝက်စ်ဟမ်း (ဝက်စ်ဟမ်း(=40) ငယ်စဉ်ကဒီရာသီချန်ပီယံဘယ်သူလဲအဖြေပေါ်သလောက်ရှိသွားပြီဆိုလျှင်အဲ့ဒီလိဂ်ကို ကျနော်မကြည့်ချင်တော့။သွားပေတော့ဘဲကြီး။သို့သော်အသက် အရွယ်တွေကြီးရင့်လာချိန်မှာတော့လောကကိုမျှတအောင်တွေးခေါ်လာတတ်ခဲ့ပြီ။ဘယ်သူမှလိုက်မမီအောင်အမှတ်ဖြတ်တောက်နိုင်ခြင်းမရှိသရွေချန်ပီယံသစ်သည်တရားမဝင်။တရားမဝင်သရွေ့အခြားအသင်းများကြိုးစားခွင့်ရှိနေကြဦးမည်သာ။ကံတရားဆိုတာကလည်းစိတ်များသူရပ်ကွက်မှာမွေးဖွားခဲ့တာဖြစ်သည်။အဲ့ဒီသေချာလှပြီဆိုသောအသင်းကိုမှအဖျက်ဓာတ်ဝင်သွားပြီးပစ်ချလိုက်ရင်ဘယ့်နှယ်ရှိချေမလဲ။ပြီးတော့လိဂ်တစ်ခု၏တစ်ရာသီစာဖျားယောင်းမှုတွေဆိုတာကလည်း ချန်ပီယံဇာတ်လမ်းတွဲတစ်ခုနှင့် ပြီးဆုံးသွားတာမျိုးမှမဟုတ်ဘဲ။ ထိပ်ဆုံး၄သင်းဝင်နိုင်မှာလား။ဥရောပတစ်နေရာဆိုလည်းမဆိုးပါဘူးလေ။သူတို့ကတန်းမဆင်းဘဲရှင်သန်ကျန်ရစ်ကြဦးမည်တဲ့လား။ဘုရားရေ.. စ သည်ဖြင့်။ ဒါကြောင့် မန်စီးတီးဖြစ်သွားပြီဆိုတာကိုကျနော်မခံစားရ။ ဝက်စ်ဟမ်းပဲကြည့်၊သူတို့နှင့်မဆိုင်သလိုရှိခဲ့သောချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ရဲရင့်စွာမက်လျက်ရှိလေသည်။သို့သော်ဖြစ်လာတော့မှာလားအားလုံးကစောင့်စားနေကြသည့်အချိန်ရောက်ကာမှဆက်တိုက်ဆိုသလိုထိုးဆင်းသွားပြန် သည်။အဲ့ဒါဘယ်အထိလဲ၊အဲ့ဒါခရစ္စတယ်ပဲလေ့စ်ကွင်းတိုင်အောင်လား။ […]