2022 Ballon d’Or ဆုကို ကာရမ်ဘန်ဇီးမား ဆွတ်ခူး

ကာရမ်ဘန်ဇီးမားဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားနှင့်လာလီဂါဖလားတို့ဆွတ်ခူးနိုင်ခဲ့ပြီးနောက် 2022 Ballon d’Or ကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဘန်ဇီးမားဟာရီးရဲလ်မက်ဒရစ်ကိုစပိန်နှင့်ဥရောပတို့တွင်အောင်မြင်မှုများရရှိအောင်အဓိကနေရာစွမ်းဆောင်နိုင်ခဲ့ပြီးနောက်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိပြင်သစ်တိုက်စစ်မှူးဟာဒုတိယနေရာဆာဒေယိုမာနေး၊တတိယနေရာမှကီဗင်ဒီဘရိုင်း၊စတုတ္ထနေရာမှရောဘတ်လီဝန်ဒေါ့စကီးနှင့် ပဥ္စမနေရာမှမိုဟာမက်ဆာလက်တို့ကိုကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကိုလာလီဂါဖလားနှင့်ချန်ပီယံလိဂ်ဖလားရရှိအောင် အဓိကနေရာမှကူညီခဲ့တဲ့ ဘန်ဇီးမားရဲ့ရီးရဲလ်မက်ဒရစ်ကစားဖော်သီဘောက်ကော့တွိုက်စ်မှာလည်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု Yashin Trophy ကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆု Kopa Trophyကိုလည်းဘာစီလိုနာကွင်းလယ်ပါရမီရှင်ဂါဗီကဆွတ်ခူးသွားခဲ့ပါတယ်။ဂါဗီဟာဒေါ့မွန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်နှင့်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားကာမာဗန်ဂါ၊ဘိုင်ယန်မြူးနစ်အလယ်တန်းတိုက်စစ်သမားမူစီယာလာတို့ကိုကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုBallon d’Or Femininကိုလည်းဘာစီလိုနာအမျိုးသမီးအသင်းစတားအလက်စီယာပူတဲလ်လက်စ်ကဆွတ်ခူးသွားပါတယ်။

ဘန်ဇီးမားဟာပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက ပီအက်စ်ဂျီနှင့်ချဲလ်ဆီးတို့နှင့်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်များတွင်ဟက်ထရစ်နှစ်ကြိမ်ဆက်သွားနိုင်ခဲ့တဲ့အပြင်မန်စီးတီးနှင့်ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်းအရေးပါတဲ့ဂိုးများသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၂၁-၂၂ဘောလုံးရာသီတွင်ပြိုင်ပွဲအရပ်ရပ်မှာ၄၆ပွဲကစားခဲ့ရာမှာ၄၄ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

2022 Ballon d’Or ဆုကို ကာရမ္ဘန္ဇီးမား ဆြတ္ခူး

ကာရမ္ဘန္ဇီးမားဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားႏွင့္လာလီဂါဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ 2022 Ballon d’Or ကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ဘန္ဇီးမားဟာရီးရဲလ္မက္ဒရစ္ကိုစပိန္ႏွင့္ဥေရာပတို႔တြင္ေအာင္ျမင္မႈမ်ားရရွိေအာင္အဓိကေနရာစြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ကမာၻ႔အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိျပင္သစ္တိုက္စစ္မႉးဟာဒုတိယေနရာဆာေဒယိုမာေနး၊တတိယေနရာမွကီဗင္ဒီဘ႐ိုင္း၊စတုတၳေနရာမွေရာဘတ္လီဝန္ေဒါ့စကီးႏွင့္ ပၪၥမေနရာမွမိုဟာမက္ဆာလက္တို႔ကိုေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္ကိုလာလီဂါဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ အဓိကေနရာမွကူညီခဲ့တဲ့ ဘန္ဇီးမားရဲ႕ရီးရဲလ္မက္ဒရစ္ကစားေဖာ္သီေဘာက္ေကာ့တြိဳက္စ္မွာလည္း ကမာၻ႔အေကာင္းဆုံးဂိုးသမားဆု Yashin Trophy ကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ကမာၻ႔အေကာင္းဆုံးလူငယ္ကစားသမားဆု Kopa Trophyကိုလည္းဘာစီလိုနာကြင္းလယ္ပါရမီရွင္ဂါဗီကဆြတ္ခူးသြားခဲ့ပါတယ္။ဂါဗီဟာေဒါ့မြန္ကြင္းလယ္ကစားသမားဂ်ဴ႕ဘယ္လင္ဂမ္ႏွင့္ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားကာမာဗန္ဂါ၊ဘိုင္ယန္ျမဴးနစ္အလယ္တန္းတိုက္စစ္သမားမူစီယာလာတို႔ကိုေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသမီးကစားသမားဆုBallon d’Or Femininကိုလည္းဘာစီလိုနာအမ်ိဳးသမီးအသင္းစတားအလက္စီယာပူတဲလ္လက္စ္ကဆြတ္ခူးသြားပါတယ္။

ဘန္ဇီးမားဟာၿပီးခဲ့တဲ့ႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတုန္းက ပီအက္စ္ဂ်ီႏွင့္ခ်ဲလ္ဆီးတို႔ႏွင့္ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္မ်ားတြင္ဟက္ထရစ္ႏွစ္ႀကိမ္ဆက္သြားႏိုင္ခဲ့တဲ့အျပင္မန္စီးတီးႏွင့္ဆီမီးဖိုင္နယ္ပြဲစဥ္တြင္လည္းအေရးပါတဲ့ဂိုးမ်ားသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၂၁-၂၂ေဘာလုံးရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္မွာ၄၆ပြဲကစားခဲ့ရာမွာ၄၄ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။