2022 Ballon d’Or တွင် အဆင့် ၂၀ တွင်သာ ရပ်တည်ကာ အဆိုးရွားဆုံးရပ်တည်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝတစ်လျှောက်အဆိုးရွားဆုံး Ballon d’Or အဆင့်တွင်ရပ်တည်ခဲ့ရပါတယ်။

ယူနိုက်တက်နှင့်ပေါ်တူဂီစူပါစတားဟာမနေ့ညတုန်းကBallon d’Orဆုပေးပွဲအခမ်းအနားတွင်အဆင့်၂၀နေရာမှာရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာBallon d’Orဆုကိုငါးကြိမ်ဆွတ်ခူးပြီးလီယွန်နယ်မက်ဆီ(၇ကြိမ်)ပြီးလျှင်အများဆုံးဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၀၈ခုနှစ်တုန်းကယူနိုက်တက်တွင်ကစားစဉ်ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့ပြီးရီးရဲလ်မက်ဒရစ်တွင်ကစားစဉ် ၂၀၁၃။၂၀၁၄။၂၀၁၆နှင့်၂၀၁၇ခုနှစ်တို့တွင်ဆွတ်ခူးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ကစားသမားဘဝအနိမ့်ဆုံး Ballon d’Or အဆင့်ရပ်တည်မှုအဖြစ်အဆင့်၆နေရာမှာရပ်တည်ခဲ့ပါတယ်။

ဒါပေမဲ့ယခုနှစ်မှာတော့ပိုမိုဆိုးရွားလာကာBallon d’Or အဆင့်သတ်မှတ်ချက်တွင်အဆင့်၂၀အထိကျဆင်းလာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ယူရိုပါလိဂ်တွင်တစ်ဂိုး၊ပရီးမီးယားလိဂ်တွင်တစ်ဂိုးတည်းသာသွင်းထားနိုင်မှုနဲ့အတူ လာမယ့်နှစ် Ballon d’Or တွင်ပိုမိုဆိုးရွားလာဖို့လည်းရှိနေပါသေးတယ်။

ယခုနှစ် 2022 Ballon d’Or ဆုပေးပွဲတွင်ကာရမ်ဘန်ဇီးမားကဆွတ်ခူးသွားခဲ့ပါတယ်။ကာရမ်ဘန်ဇီးမားဟာပြီးခဲ့တဲ့ရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၄၆ပွဲကစားခဲ့ရာမှာ၄၄ဂိုးသွင်းယူပြီးရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလားနှင့်လာလီဂါဖလားဆွတ်ခူးနိုင်အောင်ကူညီနိုင်ခဲ့ပြီးနောက် 2022 Ballon d’Or ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

zawgyi

2022 Ballon d’Or တြင္ အဆင့္ ၂၀ တြင္သာ ရပ္တည္ကာ အဆိုး႐ြားဆုံးရပ္တည္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားသမားဘဝတစ္ေလွ်ာက္အဆိုး႐ြားဆုံး Ballon d’Or အဆင့္တြင္ရပ္တည္ခဲ့ရပါတယ္။

ယူႏိုက္တက္ႏွင့္ေပၚတူဂီစူပါစတားဟာမေန႔ညတုန္းကBallon d’Orဆုေပးပြဲအခမ္းအနားတြင္အဆင့္၂၀ေနရာမွာရပ္တည္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာBallon d’Orဆုကိုငါးႀကိမ္ဆြတ္ခူးၿပီးလီယြန္နယ္မက္ဆီ(၇ႀကိမ္)ၿပီးလွ်င္အမ်ားဆုံးဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၀၈ခုႏွစ္တုန္းကယူႏိုက္တက္တြင္ကစားစဥ္ပထမဆုံးအႀကိမ္ဆြတ္ခူးခဲ့ၿပီးရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္ ၂၀၁၃။၂၀၁၄။၂၀၁၆ႏွင့္၂၀၁၇ခုႏွစ္တို႔တြင္ဆြတ္ခူးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သူ႔ကစားသမားဘဝအနိမ့္ဆုံး Ballon d’Or အဆင့္ရပ္တည္မႈအျဖစ္အဆင့္၆ေနရာမွာရပ္တည္ခဲ့ပါတယ္။

ဒါေပမဲ့ယခုႏွစ္မွာေတာ့ပိုမိုဆိုး႐ြားလာကာBallon d’Or အဆင့္သတ္မွတ္ခ်က္တြင္အဆင့္၂၀အထိက်ဆင္းလာခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ယူ႐ိုပါလိဂ္တြင္တစ္ဂိုး၊ပရီးမီးယားလိဂ္တြင္တစ္ဂိုးတည္းသာသြင္းထားႏိုင္မႈနဲ႔အတူ လာမယ့္ႏွစ္ Ballon d’Or တြင္ပိုမိုဆိုး႐ြားလာဖို႔လည္းရွိေနပါေသးတယ္။

ယခုႏွစ္ 2022 Ballon d’Or ဆုေပးပြဲတြင္ကာရမ္ဘန္ဇီးမားကဆြတ္ခူးသြားခဲ့ပါတယ္။ကာရမ္ဘန္ဇီးမားဟာၿပီးခဲ့တဲ့ရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၄၆ပြဲကစားခဲ့ရာမွာ၄၄ဂိုးသြင္းယူၿပီးရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလားႏွင့္လာလီဂါဖလားဆြတ္ခူးႏိုင္ေအာင္ကူညီႏိုင္ခဲ့ၿပီးေနာက္ 2022 Ballon d’Or ဆြတ္ခူးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။