2022 FIFA FIFPRO Men’s World11အတွက်ဆန်ကာတင်စာရင်းတွင် ရော်နယ်ဒို၊မက်ဆီ၊ဘက်ပေးတို့ပါဝင်ပြီး အင်္ဂလိပ်ကစားသမားတစ်ဦးတည်းသာပါဝင်

Fifa Fifpro 2022 အတွက်ဆန်ကာတင်ကစားသမား၂၆ဦးစာရင်းကိုထုတ်ပြန်ခဲ့ရာတွင်လီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့လည်းပါဝင်လာပါတယ်။

Fifa Fifpro 2022 ဟာကမ္ဘာ့အကောင်းဆုံးအသင်းအတွက်ဆန်ကာတင်စာရင်းကိုထုတ်ပြန်လာတာဖြစ်ပြီးထိပ်တန်းကစားသမားအမြောက်အမြားတို့ပါဝင်လာပါတယ်။

Fifa Fifpro 2022 အတွက်ဂိုးသမား၃ဦး၊နောက်ခံလူ၈၊ကွင်းလယ်ကစားသမား၈ဦး၊ရှေ့တန်းကစားသမား၇ဦးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဆန်ကာတင်ထိပ်တန်းကစားသမားများထဲတွင်အင်္ဂလိပ်ကစားသမားတစ်ဦးတည်းသာပါဝင်ပါတယ်။

အာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့မက်ဆီဦးဆောင်ပါဝင်လာမှုကအံ့ဩစရာမဟုတ်ပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုပါဝင်လာမှုကတော့အံ့ဩသင့်စရာကောင်းနေပါတယ်။

အသက်၃၈နှစ်ရှိပေါ်တူဂီစူပါစတားဟာ၂၀၂၁-၂၂ရာသီတုန်းကယူနိုက်တက်အတွက်၂၄ဂိုးသွင်းနိုင်ခဲ့ပေမဲ့ယခုရာသီပထမရာသီဝက်တုန်းကယူနိုက်တက်အတွက်၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

သူဟာAl Nassr သို့ပြောင်းခဲ့ပြီးနောက်အစောပိုင်းတွင်ရုန်းကန်ရပေမဲ့လည်းနောက်ဆုံးကစားတဲ့ပွဲတွင်လေးဂိုးသွ့င်းနိုင်ခဲ့ပါတယ်။

Fifa Fifpro 2022 ရဲ့တိုက်စစ်အတွက်ဆန်ကာတင်စာရင်းတွင်မက်ဆီနှင့်ရော်နယ်ဒိုတို့အပြင်ကာရမ်ဘန်ဇီးမား၊ရောဘတ်လီဝန်ဒေါ့စကီး၊ကိုင်လီယန်ဘက်ပေး၊အာလင်းဟာလန်း၊နေမာတို့ပါဝင်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကတော့ရီးရဲလ်မက်ဒရစ်စတားဗီနီရှပ်စ်ဂျူနီယာမပါဝင်ပါဘူး။

ကွင်းလယ်တွင်တစ်ဦးတည်းသောအင်္ဂလိပ်ကစားသမားအဖြစ်ဂျူ့ဘယ်လင်ဂမ်ကကက်စ်မီရို၊ကီဗင်ဒီဘရိုင်း၊ဖာနန်ဒက်ဇ်၊ဂါဗီ၊လူကာမိုဒရစ်၊ပီဒရီ၊ဗယ်ဗာဒီတို့ပါဝင်ပါတယ်။

နောက်တန်းတွင်ကန်စီလို၊ဒါးဗီးစ်၊ဗန်ဒိုက်၊ဂရာဒီယော်၊ဟာကီမီ၊ရူဒီဂါ၊ဆေးလ်ဗားတို့ပါဝင်ပါတယ်။ဂိုးသမားသုံးဦးတွင်ဘက်ကာ၊ကော့တွိုက်စ်၊မာတီနက်ဇ်တို့ပါဝင်ပါတယ်။

ZawGyi

2022 FIFA FIFPRO Men’s World11အတြက္ဆန္ကာတင္စာရင္းတြင္ ေရာ္နယ္ဒို၊မက္ဆီ၊ဘက္ေပးတို႔ပါဝင္ၿပီး အဂၤလိပ္ကစားသမားတစ္ဦးတည္းသာပါဝင္

Fifa Fifpro 2022 အတြက္ဆန္ကာတင္ကစားသမား၂၆ဦးစာရင္းကိုထုတ္ျပန္ခဲ့ရာတြင္လီယြန္နယ္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔လည္းပါဝင္လာပါတယ္။

Fifa Fifpro 2022 ဟာကမာၻ႔အေကာင္းဆုံးအသင္းအတြက္ဆန္ကာတင္စာရင္းကိုထုတ္ျပန္လာတာျဖစ္ၿပီးထိပ္တန္းကစားသမားအေျမာက္အျမားတို႔ပါဝင္လာပါတယ္။

Fifa Fifpro 2022 အတြက္ဂိုးသမား၃ဦး၊ေနာက္ခံလူ၈၊ကြင္းလယ္ကစားသမား၈ဦး၊ေရွ႕တန္းကစားသမား၇ဦးထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဆန္ကာတင္ထိပ္တန္းကစားသမားမ်ားထဲတြင္အဂၤလိပ္ကစားသမားတစ္ဦးတည္းသာပါဝင္ပါတယ္။

အာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့မက္ဆီဦးေဆာင္ပါဝင္လာမႈကအံ့ဩစရာမဟုတ္ေပမဲ့လည္းခရစၥတီယာႏိုေရာ္နယ္ဒိုပါဝင္လာမႈကေတာ့အံ့ဩသင့္စရာေကာင္းေနပါတယ္။

အသက္၃၈ႏွစ္ရွိေပၚတူဂီစူပါစတားဟာ၂၀၂၁-၂၂ရာသီတုန္းကယူႏိုက္တက္အတြက္၂၄ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ယခုရာသီပထမရာသီဝက္တုန္းကယူႏိုက္တက္အတြက္၃ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

သူဟာAl Nassr သို႔ေျပာင္းခဲ့ၿပီးေနာက္အေစာပိုင္းတြင္႐ုန္းကန္ရေပမဲ့လည္းေနာက္ဆုံးကစားတဲ့ပြဲတြင္ေလးဂိုးသြ႕င္းႏိုင္ခဲ့ပါတယ္။

Fifa Fifpro 2022 ရဲ႕တိုက္စစ္အတြက္ဆန္ကာတင္စာရင္းတြင္မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔အျပင္ကာရမ္ဘန္ဇီးမား၊ေရာဘတ္လီဝန္ေဒါ့စကီး၊ကိုင္လီယန္ဘက္ေပး၊အာလင္းဟာလန္း၊ေနမာတို႔ပါဝင္ပါတယ္။စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ရီးရဲလ္မက္ဒရစ္စတားဗီနီရွပ္စ္ဂ်ဴနီယာမပါဝင္ပါဘူး။

ကြင္းလယ္တြင္တစ္ဦးတည္းေသာအဂၤလိပ္ကစားသမားအျဖစ္ဂ်ဴ႕ဘယ္လင္ဂမ္ကကက္စ္မီ႐ို၊ကီဗင္ဒီဘ႐ိုင္း၊ဖာနန္ဒက္ဇ္၊ဂါဗီ၊လူကာမိုဒရစ္၊ပီဒရီ၊ဗယ္ဗာဒီတို႔ပါဝင္ပါတယ္။

ေနာက္တန္းတြင္ကန္စီလို၊ဒါးဗီးစ္၊ဗန္ဒိုက္၊ဂရာဒီေယာ္၊ဟာကီမီ၊႐ူဒီဂါ၊ေဆးလ္ဗားတို႔ပါဝင္ပါတယ္။ဂိုးသမားသုံးဦးတြင္ဘက္ကာ၊ေကာ့တြိဳက္စ္၊မာတီနက္ဇ္တို႔ပါဝင္ပါတယ္။