မားကပ်စ်ရက်ဖို့ဒ်ဟာမနေ့ညတုန်းကအင်္ဂလန်ကဝေးလ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အင်္ဂလန်အတွက်အဖွင့်ဂိုးသွင်းယူပြီးနောက်ကောင်းကင်သို့လက်ညှိုးထိုးကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲတွင်ပင်နယ်တီလွဲခဲ့ပြီးနောက်အင်္ဂလန်အသင်းနှင့်လမ်းချော်လာခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်မှပြန်လည်ကစားလာနိုင်ခဲ့ပါတယ်။ သူဟာမနေ့ညတုန်းကဝေးလ်နှင့်ပွဲစဉ်တွင်ဖရီးကစ်ကိုတိုက်ရိုက်ကန်သွင်းကာအင်္ဂလန်အတွက်အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာဂိုးသွင်းယူပြီးနောက်ဒူးထောက်ကာမျက်စိမှိတ်ပြီးကောင်းကင်သို့လက်ညှိုးထိုးကာအောင်ပွဲခံခဲ့ပါတယ်။ ယခုအခါရက်ဖို့ဒ်ကယင်းသို့အောင်ပွဲခံခဲ့ရခြင်းမှာလွန်ခဲ့တဲ့ရက်အနည်းငယ်န့်တုန်းကကင်ဆာကြောင့်သေဆုံးသွားခဲ့တဲ့သူ့သူငယ်ချင်းအတွက်ဖြစ်ကြောင်းဖွင့်ဟလာပါတယ်။ ရက်ဖို့ဒ်က “ကံဆိုးစွာဘဲလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကကျွန်တော့်သူငယ်ချင်းတွေထဲကတစ်ဦးကိုဆုံးရှုံးလိုက်ရတယ်။သူကကင်ဆာတိုက်ပွဲကာလရှည်ဝင်ခဲ့ရတာပါ။သူ့အတွက်ဂိုးသွင်းနိုင်ခဲ့လို့ဝမ်းသာတယ်။သူကကျွန်တော့်အတွက်ပရိသတ်ကြီးတစ်ဦးပါ။ကျွန်တော့်ဘဝထဲသို့ဝင်ရောက်လာလို့ဝမ်းသာရတဲ့တကယ့်ကိုနှစ်လိုဖွယ်ကောင်းတဲ့သူတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။ ရက်ဖို့ဒ်ဟာဝေးလ်ကို၃-၀ဂိုးဖြင့်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အင်္ဂလန်အတွက်ကမ္ဘာ့ဖလားရာပြည့်ဂိုးကိုသွင်းယူနိုင်သူလည်းဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂိုးတစ်ရာသွင်းနိုင်တဲ့ခုနှစ်သင်းမြောက်အသင်းဖြစ်လာပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်ဂိုးအများဆုံးသွင်းထားတဲ့အသင်းအဖြစ်ဘရာဇီးက၂၃၂ဂိုးဖြင့်ရပ်တည်နေပါတယ်။ ZawGyi ေဝးလ္ႏွင့္ပြဲစဥ္မွ ေအာင္ပြဲခံမႈရဲ႕ေနာက္ကြယ္မွေၾကကြဲဖြယ္ဇာတ္လမ္းကို ရက္ဖို႔ဒ္ဖြင့္ဟလာ မားကပ္စ္ရက္ဖို႔ဒ္ဟာမေန႔ညတုန္းကအဂၤလန္ကေဝးလ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အဂၤလန္အတြက္အဖြင့္ဂိုးသြင္းယူၿပီးေနာက္ေကာင္းကင္သို႔လက္ညႇိဳးထိုးကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။ ရက္ဖို႔ဒ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲတြင္ပင္နယ္တီလြဲခဲ့ၿပီးေနာက္အဂၤလန္အသင္းႏွင့္လမ္းေခ်ာ္လာခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲတြင္မွျပန္လည္ကစားလာႏိုင္ခဲ့ပါတယ္။ သူဟာမေန႔ညတုန္းကေဝးလ္ႏွင့္ပြဲစဥ္တြင္ဖရီးကစ္ကိုတိုက္႐ိုက္ကန္သြင္းကာအဂၤလန္အတြက္အဖြင့္ဂိုးသြင္းယူခဲ့ပါတယ္။ သူဟာဂိုးသြင္းယူၿပီးေနာက္ဒူးေထာက္ကာမ်က္စိမွိတ္ၿပီးေကာင္းကင္သို႔လက္ညႇိဳးထိုးကာေအာင္ပြဲခံခဲ့ပါတယ္။ ယခုအခါရက္ဖို႔ဒ္ကယင္းသို႔ေအာင္ပြဲခံခဲ့ရျခင္းမွာလြန္ခဲ့တဲ့ရက္အနည္းငယ္န႔္တုန္းကကင္ဆာေၾကာင့္ေသဆုံးသြားခဲ့တဲ့သူ႔သူငယ္ခ်င္းအတြက္ျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။ ရက္ဖို႔ဒ္က “ကံဆိုးစြာဘဲလြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းကကြၽန္ေတာ့္သူငယ္ခ်င္းေတြထဲကတစ္ဦးကိုဆုံးရႈံးလိုက္ရတယ္။သူကကင္ဆာတိုက္ပြဲကာလရွည္ဝင္ခဲ့ရတာပါ။သူ႔အတြက္ဂိုးသြင္းႏိုင္ခဲ့လို႔ဝမ္းသာတယ္။သူကကြၽန္ေတာ့္အတြက္ပရိသတ္ႀကီးတစ္ဦးပါ။ကြၽန္ေတာ့္ဘဝထဲသို႔ဝင္ေရာက္လာလို႔ဝမ္းသာရတဲ့တကယ့္ကိုႏွစ္လိုဖြယ္ေကာင္းတဲ့သူတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။ ရက္ဖို႔ဒ္ဟာေဝးလ္ကို၃-၀ဂိုးျဖင့္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္အဂၤလန္အတြက္ကမာၻ႔ဖလားရာျပည့္ဂိုးကိုသြင္းယူႏိုင္သူလည္းျဖစ္ပါတယ္။ အဂၤလန္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဂိုးတစ္ရာသြင္းႏိုင္တဲ့ခုႏွစ္သင္းေျမာက္အသင္းျဖစ္လာပါတယ္။ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းထားတဲ့အသင္းအျဖစ္ဘရာဇီးက၂၃၂ဂိုးျဖင့္ရပ္တည္ေနပါတယ္။