
မက်ဆီတက်တူးကို မျက်နှာတွင် ထိုးပြီး နှစ်ပတ်အကြာမှာ အကြီးအကျယ်နောင်တရနေတဲ့ မက်ဆီပရိသတ်
လီယွန်နယ်မက်ဆီပရိသတ်တစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားချန်ပီယံဖြစ်ပြီးနောက်သူ့မျက်နှာတွင်မက်ဆီရဲ့အမည်ကိုတက်တူးထိုးပြီးတဲ့နောက် အကြီးအကျယ်နောင်တရလျက်ရှိနေပါတယ်။ ကိုလံဘီယာinfluencerမိုင်ကိုလ်ကွီနိုနက်ဇ်ဟာသူ့နဖူးတွင် Messi ဆိုတဲ့စာသားကိုတက်တူးထိုးပြီး ဆိုရှယ်မီဒီယာတွင်ပို့စ်တင်ကာတစ်ကမ္ဘာလုံးကိုအံ့ဩသင့်အောင်ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့အခု ယင်းတက်တူးထိုးပြီးနှစ်ပတ်အကြာမှာတော့မိုက်ဂျမ်အဖြစ်လူသိများတဲ့ယင်းinfluencer ဟာယင်းတက်တူးကိုအလွန်မုန်းတီးနေပြီဖြစ်ပါတယ်။ ယင်းရယ်စရာကောင်းတဲ့တက်တူးကိုထိုးပြီးတဲ့နောက်၎င်းက “စိန်ခေါ်မှုကိုဖြည့်လိုက်ပြီ။မင်းကိုချစ်တယ်လီယိုမက်ဆီ”ဆိုပြီးဂုဏ်ယူဝင့်ကြွားစွာ ပို့စ်တင်ခဲ့ပါသေးတယ်။ ဒါ့အပြင်သူဟာဘယ်ဖက်ပါးမှာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားသုံးကြိမ်ရရှိမှုကိုဂုဏ်ပြုတဲ့အနေဖြင့်ကြယ်သုံးပွင့်ထိုးထားသလိုညာဖက်ပါးမှာလည်းD10s ဆိုပြီးတော့လည်းထိုးခဲ့ပါသေးတယ်။Dကစပိန်ဘာသာနဲ့ဆို Godလို့အဓိပ္ပါယ်ရပြီး 10 ကတော့မက်ဆီရဲ့ကျောနံပါတ်ကိုရည်ရွယ်တာပါ။ သူဟာယင်းတက်တူးကြောင့်ပရိသတ်များရဲ့အကြီးအကျယ်လှောင်ပြောင်ခြင်းခံနေရပါတယ်။သူဟာအင်စတာဂရမ်တွင် Follower ၁၄၃၀၀၀ ကျော်ရှိသူလည်းဖြစ်ပါတယ်။ ယခုအခါမှာတော့သူဟာအကြီးအကျယ်လှောင်ပြောင်ခြင်းခံလာရပြီးတဲ့နောက် ယင်းတက်တူးများကိုမုန်းတီးနေပြီဖြစ်ပါတယ်။ ၎င်းက”ကျွန်တော့်အတွက်အပြုသဘောမဆောင်ဘဲအနုတ်လက္ခဏာတွေချည်းပြနေတော့ဒီတက်တူးကိုနောင်တရနေပါတယ်။ပုဂ္ဂိုလ်ရေးပိုင်ရောမိသားစုအရပါနစ်နာနေတယ်။ပထမရက်တွေမှာကျွန်တော်ဂုဏ်ယူမိတယ်။သူတို့ကကျွန်တော့်ကိုလူ့ပတ်ဝန်းကျင်မှာစံနမူနာယူသင့်တဲ့သူမဟုတ်ဘူးလို့ဆိုကြတယ်။ကိုယ့်ပြောတဲ့စကားကိုအထူးသတိထားရပါမယ်။ဆိုရှယ်မီဒီယာမှာကိုယ်လုပ်လိုက်တဲ့အရာကအခြားသူကိုဖျက်ဆီးသလိုဖြစ်နေတာ မသိကြပါဘူး။အခြားတစ်ယောက်ရဲ့ဘဝကိုဘယ်လိုဖျက်ဆီးနိုင်တယ်ဆိုတာ […]