2023 Ballon d’Or ဆုပိုင်ရှင် ထွက်ပေါ်ထားပြီးဖြစ်ကြောင်း လီဝန်ဒေါ့စကီး ပြောကြားလာ

ရောဘတ်လီဝန်ဒေါ့စကီးက ၂၀၂၃ခုနှစ်အတွက်Ballon d’Or ဆုအတွက်ယှဉ်ပြိုင်မှုမှာအဆုံးသတ်သွားပြီးဖြစ်ကြောင်းပြောကြားလာပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်နှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် Ballon d’Or ဆုရရှိရန်သေချာခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ France Football ကကိုဗစ်ကြောင့်ဘောလုံးရာသီကိုထိခိုက်ခဲ့မှုနဲ့အတူ ဆုမချီးမြှင့်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

မက်ဆီဟာ၂၀၂၁ခုနှစ်တုန်းက ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးပြီးနောက် ယင်းဆုမှာလီဝန်ဒေါ့စကီးသာဆွတ်ခူးသင့်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ယခုနှစ် Ballon d’Or ဆုကိုကာရမ်ဘန်ဇီးမားကဆွတ်ခူးထားပြီးဖြစ်ပါတယ်။လာမယ့်၂၀၂၃ခုနှစ် Ballon d’Or ဆုချီးမြှင့်ရန်လများစွာကျန်ရှိနေ‌ေသေးပေမဲ့လည်း မကြာသေးမီကကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်းထည့်သွင်းစဉ်းစားလာပါမယ်။

လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယအကြိမ်မြောက်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ခဲ့တဲ့အပြင် ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးခဲ့ရာ လက်ရှိအချိန်တွင် ၂၀၂၃ခုနှစ်အတွက် Ballon d’Or ဆုအတွက်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ယခုရောဘတ်လီဝန်ဒေါ့စကီးက “ဒီနှစ်ဆုကကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူပဲရပါလိမ့်မယ်။ဒီတော့လီယိုကသူ့အတွက်အရေးအပါဆုံးဆု(ကမ္ဘာ့ဖလား)ကိုရယူနိုင်ခဲ့ပြီးဖြစ်လေတော့သူကထိပ်ဆုံးကနေရာယူထားပါတယ်။အခုသူဒါနဲ့(ကမ္ဘာ့ဖလား)ပျော်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

2023 Ballon d’Or ဆုပိုင္ရွင္ ထြက္ေပၚထားၿပီးျဖစ္ေၾကာင္း လီဝန္ေဒါ့စကီး ေျပာၾကားလာ

ေရာဘတ္လီဝန္ေဒါ့စကီးက ၂၀၂၃ခုႏွစ္အတြက္Ballon d’Or ဆုအတြက္ယွဥ္ၿပိဳင္မႈမွာအဆုံးသတ္သြားၿပီးျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ Ballon d’Or ဆုရရွိရန္ေသခ်ာခဲ့ဖူးသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ France Football ကကိုဗစ္ေၾကာင့္ေဘာလုံးရာသီကိုထိခိုက္ခဲ့မႈနဲ႔အတူ ဆုမခ်ီးျမႇင့္ရန္ဆုံးျဖတ္ခဲ့ပါတယ္။

မက္ဆီဟာ၂၀၂၁ခုႏွစ္တုန္းက ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုဆြတ္ခူးၿပီးေနာက္ ယင္းဆုမွာလီဝန္ေဒါ့စကီးသာဆြတ္ခူးသင့္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ယခုႏွစ္ Ballon d’Or ဆုကိုကာရမ္ဘန္ဇီးမားကဆြတ္ခူးထားၿပီးျဖစ္ပါတယ္။လာမယ့္၂၀၂၃ခုႏွစ္ Ballon d’Or ဆုခ်ီးျမႇင့္ရန္လမ်ားစြာက်န္ရွိေန‌ေေသးေပမဲ့လည္း မၾကာေသးမီကက်င္းပၿပီးစီးခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္းထည့္သြင္းစဥ္းစားလာပါမယ္။

လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားကိုတတိယအႀကိမ္ေျမာက္ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ခဲ့တဲ့အျပင္ ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးခဲ့ရာ လက္ရွိအခ်ိန္တြင္ ၂၀၂၃ခုႏွစ္အတြက္ Ballon d’Or ဆုအတြက္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ယခုေရာဘတ္လီဝန္ေဒါ့စကီးက “ဒီႏွစ္ဆုကကမာၻ႔ဖလားဆြတ္ခူးခဲ့သူပဲရပါလိမ့္မယ္။ဒီေတာ့လီယိုကသူ႔အတြက္အေရးအပါဆုံးဆု(ကမာၻ႔ဖလား)ကိုရယူႏိုင္ခဲ့ၿပီးျဖစ္ေလေတာ့သူကထိပ္ဆုံးကေနရာယူထားပါတယ္။အခုသူဒါနဲ႔(ကမာၻ႔ဖလား)ေပ်ာ္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။