လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးမှ ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုကို ပေါင် ၁၂ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

January 31, 2023 playmaker 0

မီခေးလ်အာတီတာဟာချဲလ်ဆီးဝါရင့်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုအားပေါင်၁၂သန်းဖြင့်ခေါ်ယူကာကွင်းလယ်ကိုအားဖြည့်လိုက်နိုင်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အာဆင်နယ်ဟာဘရိုက်တန်မှမွိုက်စ်ကိုင်စီဒိုကိုခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးတဲ့နောက် အသက်၃၁နှစ်ရှိအီတလီလက်ရွေးစင်ဂျော်ဂျင်ဟိုကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။ အာဆင်နယ်ဟာအီကွေဒေါလက်ရွေးစင်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၇၅သန်းအထိပေးပြီးကမ်းလှမ်းခဲ့ပေမဲ့လည်းဘရိုက်တန်ဘက်မှ မည်သည့်ဈေးနှုန်းနှင့်မျှမရောင်းတာကြောင့်လက်လျှော့ခဲ့ရပါတယ်။ အာဆင်နယ်ဟာမိုဟာမက်အယ်နီနီမှာရာသီအကုန်အထိအနားယူရမဲ့အပြင် သောမတ်စ်ပါတေးမှာလည်းကြံ့ခိုင်မှုပိုင်းရုန်းကန်နေရမှုကြောင့်ကွင်းလယ်ကိုမဖြစ်မနေအားဖြည့်ရန်လိုအပ်နေခဲ့ပါတယ်။ ယခုအခါဂျော်ဂျင်ဟိုဟာအာဆင်နယ်သို့၁၈လသက်တမ်းစာချုပ်ဖြင့်ပြောင်းရွှေ့လာပြီဖြစ်ပါတယ်။ဂျော်ဂျင်ဟိုရဲ့စာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်တဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။ ဂျော်ဂျင်ဟိုက “ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်မှာမီခေးလ်အာတီတာကအဓိကနေရာကပါဝင်ပါတယ်။သူဟာအရင်ကတည်းကကျွန်တော့်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့သူဖြစ်ပါတယ်။ဖြစ်ပျက်သွားတာတွေအရမ်းမြန်တယ်။ကျွန်တော်လည်းအံ့ဩရတယ်။ဒါပေမဲ့ဒီအံ့ဩစရာကောင်းတဲ့စိန်ခေါ်မှုအခွင့်အရေးကိုကျွန်တော်ရယူခဲ့ပါတယ်။ဒီအင်္ကျီကဂုဏ်သိက္ခာရှိတဲ့အင်္ကျီပါ။ဒီကလပ်ကအံ့ဩစရာကောင်းသလိုကလပ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အရမ်းစိတ်လှုပ်ရှားရတယ်။ဒီကိုရောက်လာခွင့်ရလို့ဝမ်းသာတယ်”လို့ပြောကြားသွားပါတယ်။ ဘရာဇီးဖွားအီတလီလက်ရွေးစင်ဟာနာပိုလီမှပေါင်သန်း၅၀ဖြင့်ပြောင်းလာပြီးနောက်ချဲလ်ဆီးတွင်ငါးရာသီကစားခဲ့သူဖြစ်ပါတယ်။သူဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချန်ပီယံလိဂ်၊ယူရိုပါလိဂ်တို့ရယူနိုင်ခဲ့ပါတယ်။ သူဟာယူရို၂၀၂၀ဗိုလ်လုပွဲတုန်းကဝင်ဘာလေကွင်းတွင်အင်္ဂလန်ကိုအနိုင်ယူကာချန်ပီယံဖြစ်ခဲ့တဲ့အီတလီအသင်းတွင်လည်းအရေးပါခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်နည်းပြမီခေးလ်အာတီတာကတော့က ဂျော်ဂျင်ဟိုရဲ့အတွေ့အကြုံနှင့်သွေးအေးအေးဖြင့်ကစားနိုင်မှုကြောင့် အတွေ့အကြုံနုနယ်တဲ့အာဆင်နယ်အသင်းအတွက်ချန်ပီယံဆုအတွက်ယှဉ်ပြိုင်ရာမှာများစွာအထောက်အကူဖြစ်လာမယ်လို့ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာဂျော်ဂျင်ဟိုကိုခေါ်ယူပြီးကွင်းလယ်ကစားသမားအယ်ဘတ်ဆမ်ဘီလိုကွန်ဂါကိုခရစ္စတယ်ပဲလေ့စ်သို့ရာသီအကုန်အထိအငှားချခဲ့ပါတယ်။ ZawGyi လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးမွ ကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုကို ေပါင္ ၁၂ သန္းျဖင့္ အာဆင္နယ္ေခၚယူ မီေခးလ္အာတီတာဟာခ်ဲလ္ဆီးဝါရင့္ကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုအားေပါင္၁၂သန္းျဖင့္ေခၚယူကာကြင္းလယ္ကိုအားျဖည့္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။ […]

အိပ်မက်ပြဇာတ်ရုံမှာ ဂိုးတွေနဲ့ဖျော်ဖြေပေးဦးမယ့် သရဲနီ

January 31, 2023 playmaker 0

ဗုဒ္ဓဟူးည ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက် မန်ယူ နှင့် နော်တင်ဟမ်(ည ၂း၃၀)(မော်ကွန်း) ပထမအကျော့အဝေးကွင်းမှာကတည်းက ၃ ဂိုးပြတ်ထားတဲ့အတွက်သရဲနီတို့ဟာဗိုလ်လုပွဲကိုခြေတစ်ဖက်လှမ်းထားပြီးပါပြီ။ဒီရာသီအဓိကပြိုင်ပွဲ ၄ ရပ်စလုံးမှာပါ၀င်နေရဆဲတစ်သင်းတည်းသောအင်္ဂလိပ်ကလပ်ဖြစ်တဲ့တန်ဟက်ရဲ့အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲမှာ အာဆင်နယ်နဲ့အဝေးကွင်း ၁ ပွဲသာရှုံးထားပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာဆိုလာသမျှအသင်းတိုင်းကိုသူတို့အနိုင်ယူနေတာ ၁၁ ပွဲဆက်တောင်ရှိနေတာပါ။မထူးဇတ်ခင်းရမယ့်နော်တင်ဟမ်ကတော့ဒီရာသီအဝေးကွင်းအညံ့ဆုံးအသင်းတွေထဲပါ၀င်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းကပရီးမီးယားလိဂ်တွေ့ဆုံမှုအဖြစ်အိုးလ်ထရက်ဖို့ဒ်လာခဲ့တော့လည်း နော်တင်ဟမ်ဟာ ၃ ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရတာပါ။အိပ်မက်ပြဇာတ်ရုံမှာဂိုးတွေနဲ့ […]

၂၀၁၈ ခုနှစ်တုန်းက အန်ဖီးလ်မှ ထွက်ခွာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကင်ဆာခွဲစိတ်ခဲ့ရတဲ့ လီဗာပူးစတားဟောင်း

January 31, 2023 playmaker 0

လီဗာပူးအလယ်တန်းကစားသမားဟောင်းအမ်မရီကန်က၂၀၁၈ခုနှစ်တုန်းကလီဗာပူးမှထွက်ခွာပြီးရက်သတ္တပတ်အနည်းငယ်အကြာတွင်ကင်ဆာရောဂါကိုအရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။ အမ်မရီကန်ဟာ၂၀၁၄ခုနှစ်တွင်လေဗာကူဆင်မှပြောင်းရွှေ့လာပြီးနောက်လီဗာပူးတွင်လေးနှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။ သူဟာလီဗာပူးအတွက်၁၆၇ပွဲကစားပေးခဲ့ကာ၁၄ဂိုးသွင်းယူပေးခဲ့ပြီးနောက် စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ဂျူဗင်တပ်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကန်ဟာဂျူဗင်တပ်တွင်နှစ်ရာသီကစားပြီးနောက်ဒေါ့မွန်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ ယခုအခါအမ်မရီကန်ကဂျူဗင်တပ်သို့ပြောင်းတဲ့အစောပိုင်းကာလတွင်သရွိုက်တွင်ကင်ဆာတွေ့ရှိမှုနဲ့အတူခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးခြောက်ပတ်အနားယခဲ့ရကြောင်းဖွင့်ဟလာပါတယ်။ အမ်မရီကန်က “သရွိုက်ကင်ဆာဖြစ်ခဲ့တယ်။ချက်ချင်းခွဲစိတ်ဖို့လိုအပ်နေခဲ့တယ်။ဘာဖြစ်လာမလဲဆိုတာတောင်မှန်းမရခဲ့ဘူး။သရွိုက်ဆိုတာတစ်ခုမျှမကြားဖူးဘူး။အကျိတ်ဘယ်လိုဖြစ်နေသလဲမသိဘူး”လို့ပြောကြားသွားပါတယ်။ ZawGyi ၂၀၁၈ ခုႏွစ္တုန္းက အန္ဖီးလ္မွ ထြက္ခြာၿပီး ရက္သတၱပတ္အနည္းငယ္အၾကာတြင္ ကင္ဆာခြဲစိတ္ခဲ့ရတဲ့ လီဗာပူးစတားေဟာင္း လီဗာပူးအလယ္တန္းကစားသမားေဟာင္းအမ္မရီကန္က၂၀၁၈ခုႏွစ္တုန္းကလီဗာပူးမွထြက္ခြာၿပီးရက္သတၱပတ္အနည္းငယ္အၾကာတြင္ကင္ဆာေရာဂါကိုအေရးေပၚခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။ အမ္မရီကန္ဟာ၂၀၁၄ခုႏွစ္တြင္ေလဗာကူဆင္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္လီဗာပူးတြင္ေလးႏွစ္ၾကာကစားခဲ့သူျဖစ္ပါတယ္။ သူဟာလီဗာပူးအတြက္၁၆၇ပြဲကစားေပးခဲ့ကာ၁၄ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ကန္ဟာဂ်ဴဗင္တပ္တြင္ႏွစ္ရာသီကစားၿပီးေနာက္ေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ယခုအခါအမ္မရီကန္ကဂ်ဴဗင္တပ္သို႔ေျပာင္းတဲ့အေစာပိုင္းကာလတြင္သ႐ြိဳက္တြင္ကင္ဆာေတြ႕ရွိမႈနဲ႔အတူခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးေျခာက္ပတ္အနားယခဲ့ရေၾကာင္းဖြင့္ဟလာပါတယ္။ အမ္မရီကန္က “သ႐ြိဳက္ကင္ဆာျဖစ္ခဲ့တယ္။ခ်က္ခ်င္းခြဲစိတ္ဖို႔လိုအပ္ေနခဲ့တယ္။ဘာျဖစ္လာမလဲဆိုတာေတာင္မွန္းမရခဲ့ဘူး။သ႐ြိဳက္ဆိုတာတစ္ခုမွ်မၾကားဖူးဘူး။အက်ိတ္ဘယ္လိုျဖစ္ေနသလဲမသိဘူး”လို႔ေျပာၾကားသြားပါတယ္။

ဥရုဂွေးနောက်ခံလူမားသီးယပ်စ်ဗီနာကို ရိုးမားမှ အငှားဖြင့် ဘုန်းမောက်ခေါ်ယူ

January 31, 2023 playmaker 0

ဘုန်းမောက်ဟာရိုးမားအသင်းမှဥရုဂွေးဘယ်နောက်ခံလူမားသီးယပ်စ်ဗီနာကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူလိုက်ပါတယ်။ မားသီးယပ်စ်ဗီနာရဲ့ဘုန်းမောက်သို့အငှားဖြင့်ပြောင်းရွှေ့တဲ့စာချုပ်အတွင်းတွင်နွေရာသီမှာအပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။ အသက်၂၅နှစ်ရှိဗီနာဟာဗဟိုနောက်ခံလူအဖြစ်လည်းကစားနိုင်သူဖြစ်ပြီး နေစီယွန်နယ်၊ပါးမီးရပ်စ်တို့တွင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာယခုဇန်နဝါရီတွင်ဘုန်းမောက်သို့ရောက်လာတဲ့စတုတ္ထမြောက်ကစားသမားဖြစ်ပါတယ်။ဘုန်းမောက်ဟာဗီနာမတိုင်မီဒန်ဂိုအူအာတာရာ၊ဒါရန်းရန်ဒေါ့ပ်၊အန်တိုနီဆီမန်းယိုတို့ကိုလည်းခေါ်ယူထားပါတယ်။ ZawGyi ဥ႐ုေဂြးေနာက္ခံလူမားသီးယပ္စ္ဗီနာကို ႐ိုးမားမွ အငွားျဖင့္ ဘုန္းေမာက္ေခၚယူ ဘုန္းေမာက္ဟာ႐ိုးမားအသင္းမွဥ႐ုေဂြးဘယ္ေနာက္ခံလူမားသီးယပ္စ္ဗီနာကိုရာသီအကုန္အထိအငွားျဖင့္ေခၚယူလိုက္ပါတယ္။ မားသီးယပ္စ္ဗီနာရဲ႕ဘုန္းေမာက္သို႔အငွားျဖင့္ေျပာင္းေ႐ႊ႕တဲ့စာခ်ဳပ္အတြင္းတြင္ေႏြရာသီမွာအၿပီးသတ္ေခၚယူႏိုင္မဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။ အသက္၂၅ႏွစ္ရွိဗီနာဟာဗဟိုေနာက္ခံလူအျဖစ္လည္းကစားႏိုင္သူျဖစ္ၿပီး ေနစီယြန္နယ္၊ပါးမီးရပ္စ္တို႔တြင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။ သူဟာယခုဇန္နဝါရီတြင္ဘုန္းေမာက္သို႔ေရာက္လာတဲ့စတုတၳေျမာက္ကစားသမားျဖစ္ပါတယ္။ဘုန္းေမာက္ဟာဗီနာမတိုင္မီဒန္ဂိုအူအာတာရာ၊ဒါရန္းရန္ေဒါ့ပ္၊အန္တိုနီဆီမန္းယိုတို႔ကိုလည္းေခၚယူထားပါတယ္။

ဂျူဗင်တပ်ကွင်းလယ်ကစားသမားမက်ကန်နီကို အငှားဖြင့် ခေါ်ယူလိုက်တဲ့ လိဒ်

January 31, 2023 playmaker 0

လိဒ်ယူနိုက်တက်ဟာဂျူဗင်တပ်ကွင်းလယ်ကစားသမားဝက်စ်တွန်မက်ကန်နီကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူလိုက်ပါတယ်။ အသက်၂၄နှစ်ရှိအမေရိကန်လက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့လိဒ်ယူနိုက်တက်သို့အငှားဖြင့်ပြောင်းရွှေ့တဲ့စာချုပ်တွင် ရာသီအကုန်တွင်အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။ မက်ကန်နီဟာယခုရာသီတွင်ဂျူဗင်တပ်အတွက်စီးရီးအေပွဲ၁၆ပွဲကစားကာ၁ဂိုးသွင်းပြီး၁ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။ လိဒ်ယူနိုက်တက်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မက်ကန်နီအားမခေါ်ယူမီ မက်စ်ဝိုဘာ၊ဂျော်ဂျီနီယိုရုဒ်တာတို့ကိုလည်းခေါ်ယူအားဖြည့်ထားပါတယ်။ မက်ကန်နီဟာပရီးမီးယားလိဂ်ကလပ်များစွာတို့ရဲ့စိတ်ဝင်စားခြင်းခံရပေမဲ့လည်းအမေရိကန်ကစားဖော်များရှိတဲ့တေလာအဒမ်၊ဘရန်ဒွန်အေရွန်ဆင်တို့ရှိနေတဲ့လိဒ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မက်ကန်နီဟာလိဒ်အတွက်ပထမဆုံးပွဲအဖြစ်လာမယ့်တနင်္ဂနွေနေ့ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်ကစားလာဖို့ရှိပါတယ်။ သူဟာအမေရိကန်လက်ရွေးစင်အသင်းအတွက်၄၁ပွဲကစားထားကာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပွဲလေးပွဲလုံးပွဲထွက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ ZawGyi ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားမက္ကန္နီကို အငွားျဖင့္ ေခၚယူလိုက္တဲ့ လိဒ္ လိဒ္ယူႏိုက္တက္ဟာဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားဝက္စ္တြန္မက္ကန္နီကိုရာသီအကုန္အထိအငွားျဖင့္ေခၚယူလိုက္ပါတယ္။ အသက္၂၄ႏွစ္ရွိအေမရိကန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားရဲ႕လိဒ္ယူႏိုက္တက္သို႔အငွားျဖင့္ေျပာင္းေ႐ႊ႕တဲ့စာခ်ဳပ္တြင္ ရာသီအကုန္တြင္အၿပီးသတ္ေခၚယူႏိုင္မဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ မက္ကန္နီဟာယခုရာသီတြင္ဂ်ဴဗင္တပ္အတြက္စီးရီးေအပြဲ၁၆ပြဲကစားကာ၁ဂိုးသြင္းၿပီး၁ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။ လိဒ္ယူႏိုက္တက္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မက္ကန္နီအားမေခၚယူမီ မက္စ္ဝိုဘာ၊ေဂ်ာ္ဂ်ီနီယို႐ုဒ္တာတို႔ကိုလည္းေခၚယူအားျဖည့္ထားပါတယ္။ မက္ကန္နီဟာပရီးမီးယားလိဂ္ကလပ္မ်ားစြာတို႔ရဲ႕စိတ္ဝင္စားျခင္းခံရေပမဲ့လည္းအေမရိကန္ကစားေဖာ္မ်ားရွိတဲ့ေတလာအဒမ္၊ဘရန္ဒြန္ေအ႐ြန္ဆင္တို႔ရွိေနတဲ့လိဒ္ကိုေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ မက္ကန္နီဟာလိဒ္အတြက္ပထမဆုံးပြဲအျဖစ္လာမယ့္တနဂၤေႏြေန႔ ေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြင္ကစားလာဖို႔ရွိပါတယ္။ သူဟာအေမရိကန္လက္ေ႐ြးစင္အသင္းအတြက္၄၁ပြဲကစားထားကာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပြဲေလးပြဲလုံးပြဲထြက္ကစားခဲ့သူလည္းျဖစ္ပါတယ္။

လာလီဂါတွင် အဆင့် ၁၇ နေရာသို့ ရောက်ပြီးနောက် ၇ လအကြာတွင်ပင် ဂတ်တူဆိုကို ဗလင်စီယာထုတ်ပယ်

January 31, 2023 playmaker 0

ဗလင်စီယာဟာနည်းပြဂန်နာရိုဂတ်တူဆိုအားရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။အီတလီလူမျိုးနည်းပြဟာဇွန်လကမှဗလင်စီယာနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး၇လအကြာမှာဘဲအမှတ်ပေးဇယားအဆင့်၁၄နေရာသို့ရောက်နေမှုနဲ့အတူထုတ်ပယ်ခြင်းခံလာရတာဖြစ်ပါတယ်။ အသက်၄၇နှစ်ရှိအေစီမီလန်နှင့်နာပိုလီနည်းပြဟောင်းဟာဗလင်စီယာသို့၂နှစ်စာချုပ်ဖြင့်ရောက်လာခဲ့ခြင်းဖြစ်ပေမဲ့လည်းပြီးခဲ့တဲ့နှစ်များအတွင်းတွင်ရန်းကန်လာခဲ့ရတဲ့ဗလင်စီယာအသင်းကိုအပြောင်းအလဲကြီးဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာတော့ဗလင်စီယာအသင်းကဂတ်တူဆိုနှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းမှုပြုလုပ်လာပြီဖြစ်ကြောင်းကြေညာလာပါတယ်။ ဗလင်စီယာဟာနည်းပြသစ်ရှာဖွေနေစဉ်အတွင်းတွင် ယာယီနည်းပြအဖြစ်ဗိုရိုဂွန်ဇာလက်ဇ်ကိုခန့်အပ်ထားပါတယ်။ဗိုရိုဂွန်ဇာလက်ဇ်ဟာဗလင်စီယာတွင်ကာလရှည်တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး ယာယီနည်းပြအဖြစ်၈ကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ဖူးသူလည်းဖြစ်ပါတယ်။ ဂတ်တူဆိုဟာဗလင်စီယာအသင်းကိုလာလီဂါပွဲ၁၈ပွဲကြီးကြပ်ခဲ့ရာမှာ၅ပွဲတည်းသာနိုင်ပွဲရယူနိုင်ခဲ့ပြီးနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဗယ်လာဒိုးလစ်နှင့်ပွဲတွင်အိမ်ကွင်းမှာပင်၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ ZawGyi လာလီဂါတြင္ အဆင့္ ၁၇ ေနရာသို႔ ေရာက္ၿပီးေနာက္ ၇ လအၾကာတြင္ပင္ ဂတ္တူဆိုကို ဗလင္စီယာထုတ္ပယ္ ဗလင္စီယာဟာနည္းျပဂန္နာ႐ိုဂတ္တူဆိုအားရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။အီတလီလူမ်ိဳးနည္းျပဟာဇြန္လကမွဗလင္စီယာနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး၇လအၾကာမွာဘဲအမွတ္ေပးဇယားအဆင့္၁၄ေနရာသို႔ေရာက္ေနမႈနဲ႔အတူထုတ္ပယ္ျခင္းခံလာရတာျဖစ္ပါတယ္။ အသက္၄၇ႏွစ္ရွိေအစီမီလန္ႏွင့္နာပိုလီနည္းျပေဟာင္းဟာဗလင္စီယာသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာခဲ့ျခင္းျဖစ္ေပမဲ့လည္းၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ရန္းကန္လာခဲ့ရတဲ့ဗလင္စီယာအသင္းကိုအေျပာင္းအလဲႀကီးျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ ယခုအခါမွာေတာ့ဗလင္စီယာအသင္းကဂတ္တူဆိုႏွင့္ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္လာၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။ ဗလင္စီယာဟာနည္းျပသစ္ရွာေဖြေနစဥ္အတြင္းတြင္ ယာယီနည္းျပအျဖစ္ဗို႐ိုဂြန္ဇာလက္ဇ္ကိုခန႔္အပ္ထားပါတယ္။ဗို႐ိုဂြန္ဇာလက္ဇ္ဟာဗလင္စီယာတြင္ကာလရွည္တာဝန္ထမ္းေဆာင္လာသူျဖစ္ၿပီး ယာယီနည္းျပအျဖစ္၈ႀကိမ္တိုင္တိုင္တာဝန္ထမ္းေဆာင္ဖူးသူလည္းျဖစ္ပါတယ္။ ဂတ္တူဆိုဟာဗလင္စီယာအသင္းကိုလာလီဂါပြဲ၁၈ပြဲႀကီးၾကပ္ခဲ့ရာမွာ၅ပြဲတည္းသာႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့ […]

ဘိုင်ယန်သို့ မပြောင်းမီ ဂွါဒီယိုလာနှင့်ပြဿနာအကြီးအကျယ်တက်ခဲ့တဲ့ ကန်စီလို

January 31, 2023 playmaker 0

ဂျာအိုကန်စီလိုဟာမန်စီးတီးနည်းပြဂွါဒီယိုလာနှင့်အကြီးအကျယ်ပြဿနာတက်ပြီးနောက်ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့လာရခြင်းဖြစ်ကြောင်းသိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဘယ်နောက်ခံလူဟာဘိုင်ယန်မြူးနစ်သို့ရာသီအကုန်အထိအငှားဖြင့်ပြောင်းရွှေ့လာမှာဖြစ်ပြီးနွေရာသီတွင်ယူရိုသန်း၇၀(ပေါင်၆၁သန်း)ဖြင့်အပြီးသတ်ပြောင်းလာပါမယ်။ ကန်စီလိုဟာကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်နေရာမရရှိမှုကြောင့်နည်းပြဂွါဒီယိုလာနှင့်ပြဿနာတက်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားခြင်းခံလာရမှုနဲ့အတူစိန်ခေါ်မှုအသစ်ရင်ဆိုင်လိုကြောင်းမန်စီးတီးတာဝန်ရှိသူများကိုအကြောင်းကြားခဲ့ပါတယ်။ ကန်စီလိုဟာဥရောပရဲ့အကောင်းဆုံးဘယ်နောက်ခံလူများထဲမှတစ်ဦးဖြစ်နေမှုနဲ့အတူ သူ့အပြောင်းအရွှေ့ကမန်စီးတီးပရိသတ်များအတွက်အံ့ဩသင့်စရာဖြစ်နေပါတယ်။ ဒါပေမဲ့အသက်၂၈နှစ်ရှိကန်စီလိုဟာကမ္ဘာ့ဖလားနှောင်းပိုင်းမန်စီးတီးရဲ့ပွဲ၁၀ပွဲတွင်၃ပွဲတည်းသာကစားခွင့်ရမှုကြောင့်စိတ်ပျက်နေခဲ့တာလည်းဖြစ်ပါတယ်။ ဂွါဒီယိုလာဟာကန်စီလိုကိုအရန်ခုံသို့ပို့ပြီးလူငယ်ကစားသမားရီကိုလူးဝစ်ကိုအသုံးပြုနေတာလည်းဖြစ်ပါတယ်။ ကန်စီလိုဟာယူနိုက်တက်၊ဆောက်သမ်တန်၊ချဲလ်ဆီးတို့နှင့်ပွဲများတွင်ပွဲထွက်ခွင့်ရခဲ့ပေမဲ့ချဲလ်ဆီးနှင့်ပွဲတွင်ပထမပိုင်းမှာပင်လူစားလဲခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်လည်းကန်စီလိုဟာပွဲကစားခွင့်မရမှုအတွက်စောဒကတက်ရာမှာဂွါဒီယိုလာနှင့်ပြဿနာတက်ခဲ့တာလည်းဖြစ်ပါတယ်။ ဂွါဒီယိုလာဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်နည်းဗျူဟာပိုင်းအပြောင်းအလဲလုပ်လာမှုနဲ့အတူကန်စီလိုကိုသူ့ရဲ့ရေရှည်စီမံကိန်းတွင်မထည့်သွင်းလာတော့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဂွါဒီယိုလာဟာကန်စီလိုအားထွက်ခွာခွင့်ပေးလိုက်မှုနဲ့အတူ နောက်တန်းအစွန်နေရာအတွက်ကစားသမားသစ်ရှာဖွေလာရတော့မှာလည်းဖြစ်ပါတယ်။ ZawGyi ဘိုင္ယန္သို႔ မေျပာင္းမီ ဂြါဒီယိုလာႏွင့္ျပႆနာအႀကီးအက်ယ္တက္ခဲ့တဲ့ ကန္စီလို ဂ်ာအိုကန္စီလိုဟာမန္စီးတီးနည္းျပဂြါဒီယိုလာႏွင့္အႀကီးအက်ယ္ျပႆနာတက္ၿပီးေနာက္ဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕လာရျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ေပၚတူဂီလက္ေ႐ြးစင္ဘယ္ေနာက္ခံလူဟာဘိုင္ယန္ျမဴးနစ္သို႔ရာသီအကုန္အထိအငွားျဖင့္ေျပာင္းေ႐ႊ႕လာမွာျဖစ္ၿပီးေႏြရာသီတြင္ယူ႐ိုသန္း၇၀(ေပါင္၆၁သန္း)ျဖင့္အၿပီးသတ္ေျပာင္းလာပါမယ္။ ကန္စီလိုဟာကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းတြင္ေနရာမရရွိမႈေၾကာင့္နည္းျပဂြါဒီယိုလာႏွင့္ျပႆနာတက္ခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ရဲ႕စိတ္ဝင္စားျခင္းခံလာရမႈနဲ႔အတူစိန္ေခၚမႈအသစ္ရင္ဆိုင္လိုေၾကာင္းမန္စီးတီးတာဝန္ရွိသူမ်ားကိုအေၾကာင္းၾကားခဲ့ပါတယ္။ ကန္စီလိုဟာဥေရာပရဲ႕အေကာင္းဆုံးဘယ္ေနာက္ခံလူမ်ားထဲမွတစ္ဦးျဖစ္ေနမႈနဲ႔အတူ သူ႔အေျပာင္းအေ႐ႊ႕ကမန္စီးတီးပရိသတ္မ်ားအတြက္အံ့ဩသင့္စရာျဖစ္ေနပါတယ္။ ဒါေပမဲ့အသက္၂၈ႏွစ္ရွိကန္စီလိုဟာကမာၻ႔ဖလားေႏွာင္းပိုင္းမန္စီးတီးရဲ႕ပြဲ၁၀ပြဲတြင္၃ပြဲတည္းသာကစားခြင့္ရမႈေၾကာင့္စိတ္ပ်က္ေနခဲ့တာလည္းျဖစ္ပါတယ္။ […]

ယူနိုက်တက်စတားများရဲ့စည်းကမ်းလိုက်နာမှုကို စမ်းသပ်ရန် ကာစီနိုမြို့တော်လက်စ်ဗီးဂက်စ်သို့ သွားမဲ့ အဲရစ်တန်ဟက်

January 31, 2023 playmaker 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာကလပ်ရဲ့ရာသီကြိုအမေရိကန်ခရီးစဉ်ရဲ့အစိတ်အပိုင်းအဖြစ်ကာစီနိုမြို့တော်လက်စ်ဗီးဗက်စ်သို့သွားရောက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ၂၀၁၈ခုနှစ်တုန်းကဟိုဆေးမော်ရင်ဟိုရဲ့ဝေဖန်မှုခံရပြီးနောက်ပိုင်းတွင်အမေရိကန်သို့သွားရောက်ခဲ့ခြင်းမရှိပါဘူး။ မော်ရင်ဟိုဟာအပြောင်းအရွှေ့ဈေးကွက်တွင်ဗဟိုနောက်ခံလူမခေါ်ယူနိုင်မှုအတွက် အမေရိကန်ခရီးစဉ်ကိုအပြစ်တင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာလည်းယင်းရာသီတွင်ရလဒ်ကောင်းများမရယူနိုင်မှုနဲ့အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ အဲရစ်တန်ဟက်ကတော့မော်ရင်ဟိုကဲ့သို့ကြုံလာရဖို့မရှိပါဘူး။အသက်၅၂နှစ်ရှိဒတ်ချ်လူမျိုးနည်းပြဟာမေလတုန်းကယူနိုက်တက်ကိုကိုင်တွယ်ပြီးနောက်အသင်းကိုအကောင်းဆုံးဦးဆောင်ထားနိုင်တာတွေ့ရပါတယ်။ ယူနိုက်တက်ဟာအမေရိကန်သို့ရာသီကြိုခရီးစဉ်သွားရောက်လေ့ရှိပေမဲ့လည်းလက်စ်ဗီးဂတ်စ်သို့တစ်ကြိမ်မျှမသွားခဲ့ပါဘူး။ဒါပေမဲ့ယခုတစ်ကြိမ်မှာတော့ယူနိုက်တက်ဟာAllegiant Stadium တွင်ပရီးမီးယားလိဂ်ပြိုင်ဘက်တစ်သင်းသင်းနှင့်ရင်ဆိုင်ကစားပါမယ်။ အဲရစ်တန်ဟက်ဟာလက်စ်ဗီးဂက်စ်ခရီးစဉ်ကြောင့်အသင်းအတွက်ငွေကြေးပိုင်းအကျိုးအမြတ်ရရှိလာမဲ့အပြင် ကစားသမားများရဲ့စည်းကမ်းလိုက်နာမှုကိုလည်းစမ်းသပ်ရန်အတွက်လက်ခံလိုက်တာဖြစ်ပါတယ်။ လက်စ်ဗီးဂက်စ်မှာ Sin City ဟူ၍လည်းကောင်း၊The City that Never Sleeps ဟူ၍လည်းကောင်းနာမည်ကြီးတဲ့ကာစီနိုမြို့တော်ဖြစ်ပါတယ်။ အဲရစ်တန်ဟက်ဟာယူနိုက်တက်စတားများကိုစည်းကမ်းလိုက်နာမှုနဲ့ပတ်သက်ပြီးပြတ်ပြတ်သားသားအရေးယူမှုပြုလုပ်နေသူဖြစ်ပါတယ်။ သူဟာဝုဗ်နှင့်အဝေးကွင်းပွဲမတိုင်မီ အသင်းအစည်းအဝေးသို့ အအိပ်လွန်နေမှုကြောင့်နောက်ကျပြီးမှရောက်လာတဲ့ […]

ရုန်းကန်နေရမှုကြောင့် စာအိတ်ထဲတွင် ကျည်ဆန်တစ်တောင့်ပေးပို့ခံရကာ ခြိမ်းခြောက်ခံနေရတဲ့ ဆမ်းဒိုးရီးယား

January 31, 2023 playmaker 0

ဆမ်ဒိုးရီးယားအသင်းတာဝန်ရှိသူများဟာစီးရီးအေမှတန်းမဆင်းရရေးရုန်းကန်နေရမှုကြောင့်ကျည်ဆန်တစ်တောင့်ပါစာအိမ်ပေးပို့ခံရကာခြိမ်းခြောက်ခြင်းခံရမှုကြောင့်အကြီးအကျယ်တုန်လှုပ်နေကြပါတယ်။ ဆမ်ဒိုးရီးယားဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၁၉နေရာတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်ပြင်ပမှအသင်းနှင့်ရမှတ်၉မှတ်အထိကွာဟနေပါတယ်။ Rai ရဲ့ဖော်ပြချက်အရ Corte Lambrischini ရှိဆမ်ဒိုးရီးယားရဲ့ရုံးချုပ်သို့ ကျည်ဆန်တစ်တောင့်ပါစာအိတ်ရောက်လာပြီးအသက်အန္တရာယ်ခြိမ်းခြောက်ခံလာရကြောင်းသိရပါတယ်။ ဆမ်ဒိုးရီးယားပရိသတ်၇၀ဝန်းကျင်တိုဟာကလပ်ပိုင်ရှင်ဟောင်းဂါရိုနီမွန်ဒီနီမိသားစုကိုဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်များကကျည်ဆန်ပေးပို့ခြိမ်းခြောက်မှုမှာပရိသတ်များရဲ့ဆန္ဒပြမှုနှင့်ဆက်စပ်မှုမရှိကြောင်းဆိုထားပါတယ်။ လက်ရှိကလပ်ပိုင်ရှင်ဖာရီရိုဟာ၂၀၂၁ခုနှစ်တုန်းကစီးပွားရေးလုပ်ငန်းများတွင်ငွေကြေးခဝါချမှုပြုလုပ်ခြင်းကြောင့်ဥက္ကဌရာထူးမှနုတ်ထွက်ထားရပါတယ်။ ZawGyi ႐ုန္းကန္ေနရမႈေၾကာင့္ စာအိတ္ထဲတြင္ က်ည္ဆန္တစ္ေတာင့္ေပးပို႔ခံရကာ ၿခိမ္းေျခာက္ခံေနရတဲ့ ဆမ္းဒိုးရီးယား ဆမ္ဒိုးရီးယားအသင္းတာဝန္ရွိသူမ်ားဟာစီးရီးေအမွတန္းမဆင္းရေရး႐ုန္းကန္ေနရမႈေၾကာင့္က်ည္ဆန္တစ္ေတာင့္ပါစာအိမ္ေပးပို႔ခံရကာၿခိမ္းေျခာက္ျခင္းခံရမႈေၾကာင့္အႀကီးအက်ယ္တုန္လႈပ္ေနၾကပါတယ္။ ဆမ္ဒိုးရီးယားဟာစီးရီးေအအမွတ္ေပးဇယားအဆင့္၁၉ေနရာတြင္ရပ္တည္ေနၿပီးတန္းဆင္းဇုန္ျပင္ပမွအသင္းႏွင့္ရမွတ္၉မွတ္အထိကြာဟေနပါတယ္။ Rai ရဲ႕ေဖာ္ျပခ်က္အရ Corte Lambrischini ရွိဆမ္ဒိုးရီးယားရဲ႕႐ုံးခ်ဳပ္သို႔ က်ည္ဆန္တစ္ေတာင့္ပါစာအိတ္ေရာက္လာၿပီးအသက္အႏၲရာယ္ၿခိမ္းေျခာက္ခံလာရေၾကာင္းသိရပါတယ္။ ဆမ္ဒိုးရီးယားပရိသတ္၇၀ဝန္းက်င္တိုဟာကလပ္ပိုင္ရွင္ေဟာင္းဂါ႐ိုနီမြန္ဒီနီမိသားစုကိုဆႏၵျပမႈျပဳလုပ္ခဲ့ၾကပါတယ္။ဒါေပမဲ့ရဲတပ္ဖြဲ႕ဝင္မ်ားကက်ည္ဆန္ေပးပို႔ၿခိမ္းေျခာက္မႈမွာပရိသတ္မ်ားရဲ႕ဆႏၵျပမႈႏွင့္ဆက္စပ္မႈမရွိေၾကာင္းဆိုထားပါတယ္။ […]

ယူရိုပါလိဂ်လက်မှတ်များ ယူနိုက်တက်ပရိသတ်များ မဝယ်ယူနိုင်အောင် လုပ်ဆောင်လာတဲ့ ဘာစီလိုနာ

January 31, 2023 playmaker 0

ဘာစီလိုနာဟာမန်ချက်စတာယူနိုက်တက်နှင့်ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲစဉ်အတွက်လက်မှတ်ရောင်းချမှုကိုကန့်သတ်ချက်များဖြင့်ပြုလုပ်လာပါတယ်။ လာလီဂါထိပ်သီးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဖရန့်ဖတ်နှင့်ပွဲစဉ်တွင်နူးကမ့်ကွင်းတစ်ခုလုံးအပြည့် ဂျာမန်ပရိသတ်များလွှမ်းမိုးခဲ့တဲ့အဖြစ်အပျက်မျိုးထပ်မကြုံရအောင်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ ဖရန့်ဖတ်ပရိသတ်များဟာနူးကမ့်ပွဲစဉ်တွင်လက်မှတ်ခွဲတမ်းပမာဏထက် ပိုမိုဝယ်ယူခဲ့ကြပြီးပရိသတ်၃၀၀၀၀ကျော်အထိကြည့်ခဲ့ကြပါတယ်။ ဒါကြောင့်လည်းဘာစီလိုနာဟာအိမ်ကွင်းတွင်ကစားရပေမဲ့လည်းနူးကမ့်တွင်ကစားရပေမဲ့ဖရန့်ဖတ်ပရိသတ်ပိုများနေမှုနဲ့အတူအဝေးကွင်းတွင်ကစားရသကဲ့သို့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာဟာယင်းသို့အဖြစ်အပျက်မျိုးထပ်မဖြစ်လာအောင် ယူနိုက်တက်နှင့်ပွဲအတွက်လက်မှတ်ရောင်းချရာတွင်အင်္ဂလန်မှလက်မှတ်ဝယ်ယူမှုများကိုပိတ်ပင်မှပြုလုပ်လာပါတယ်။ဒါ့အပြင်လက်မှတ်ဝယ်ယူရာတွင်လည်းတစ်ဦးတည်းလက်မှတ်များစွာဝယ်ယူနိုင်ခြင်းမရှိအောင်လည်းလုပ်ဆောင်ထားပါတယ်။ဘာစီလိုနာဟာကလေးများအတွက်လက်မှတ်ရောင်းချမှုကိုလည်းပိတ်ထားပါတယ်။ ခရီးသွားလာရေးလုပ်ငန်းများဟာလည်းယင်းပွဲအတွက်လက်မှတ်တစ်ထောင်တည်းသာရောင်းချခွင့်ရှိပါတယ်။ ဘာစီလိုနာဟာတစ်ရာသီစာလက်မှတ်ဝယ်ယူထားသူများဟာယင်းပွဲအတွက်လက်မှတ်ကိုယူနိုက်တက်ပရိသတ်များကိုရောင်းချနိုင်ခြင်းမရှိအောင်လုပ်ဆောင်ထားပါသေးတယ်။ ယူနိုက်တက်ဟာနူးကမ့်တွင်ကစားရမဲ့ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲစဉ်အတွက်လက်မှတ်ခွဲတမ်း၄၇၀၀သာရရှိထားပါတယ်။ ZawGyi ယူ႐ိုပါလိဂ္လက္မွတ္မ်ား ယူႏိုက္တက္ပရိသတ္မ်ား မဝယ္ယူႏိုင္ေအာင္ လုပ္ေဆာင္လာတဲ့ ဘာစီလိုနာ ဘာစီလိုနာဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ပြဲစဥ္အတြက္လက္မွတ္ေရာင္းခ်မႈကိုကန႔္သတ္ခ်က္မ်ားျဖင့္ျပဳလုပ္လာပါတယ္။ လာလီဂါထိပ္သီးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဖရန႔္ဖတ္ႏွင့္ပြဲစဥ္တြင္ႏူးကမ့္ကြင္းတစ္ခုလုံးအျပည့္ ဂ်ာမန္ပရိသတ္မ်ားလႊမ္းမိုးခဲ့တဲ့အျဖစ္အပ်က္မ်ိဳးထပ္မႀကဳံရေအာင္လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။ ဖရန႔္ဖတ္ပရိသတ္မ်ားဟာႏူးကမ့္ပြဲစဥ္တြင္လက္မွတ္ခြဲတမ္းပမာဏထက္ ပိုမိုဝယ္ယူခဲ့ၾကၿပီးပရိသတ္၃၀၀၀၀ေက်ာ္အထိၾကည့္ခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္းဘာစီလိုနာဟာအိမ္ကြင္းတြင္ကစားရေပမဲ့လည္းႏူးကမ့္တြင္ကစားရေပမဲ့ဖရန႔္ဖတ္ပရိသတ္ပိုမ်ားေနမႈနဲ႔အတူအေဝးကြင္းတြင္ကစားရသကဲ့သို႔ျဖစ္ခဲ့ပါတယ္။ ဘာစီလိုနာဟာယင္းသို႔အျဖစ္အပ်က္မ်ိဳးထပ္မျဖစ္လာေအာင္ ယူႏိုက္တက္ႏွင့္ပြဲအတြက္လက္မွတ္ေရာင္းခ်ရာတြင္အဂၤလန္မွလက္မွတ္ဝယ္ယူမႈမ်ားကိုပိတ္ပင္မွျပဳလုပ္လာပါတယ္။ဒါ့အျပင္လက္မွတ္ဝယ္ယူရာတြင္လည္းတစ္ဦးတည္းလက္မွတ္မ်ားစြာဝယ္ယူႏိုင္ျခင္းမရွိေအာင္လည္းလုပ္ေဆာင္ထားပါတယ္။ဘာစီလိုနာဟာကေလးမ်ားအတြက္လက္မွတ္ေရာင္းခ်မႈကိုလည္းပိတ္ထားပါတယ္။ […]