အစွယ်မရှိတော့တဲ့ မြေခွေးတွေ

April 30, 2023 playmaker 0

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက် လက်စတာ နှင့် အဲဗာတန်(ည ၁း၃၀)(စိုင်းကိုတောင်ကြီး) ဒီရာသီမှာ လုံး၀မမျှော်လင့်ထားတဲ့အခြေအနေနဲ့ကြုံတွေ့နေရတဲ့ အသင်းနှစ်သင်းရဲ့တန်းဆင်းဇုန်တိုက်ပွဲပါ။မြေခွေးတွေက ဒင်းစမစ်လက်ထက်မှာ အနည်းငယ်ဦးမော့လာပေမယ့် တန်းဆင်းဇုန်က လွတ်ဖို့ မလုံလောက်သေးပါဘူး။သူတို့ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၁၁ ပွဲမှာလည်း ၁ ပွဲသာ နိုင်ခဲ့တာပါ။ ၆ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ တော်ဖီတွေကလည်း ထပ်မှားလို့မရတော့တဲ့ […]

ပင်ဂွင်းကို ပြန်ပေးဆွဲသူအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ပရီးမီးယားလိဂ်စတားဟောင်းကို အပြောင်းအရွှေ့ဂုရုအဖြစ် အင်္ဂလိပ်ကလပ်များ အလိုရှိနေ

April 30, 2023 playmaker 0

ပရီးမီးယားလိဂ်စတားဟောင်းလုဇ်ပီဖန်နက်စတီရယ်ဟာ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံရရန် ဝက်စ်ဟမ်းနှင့် အသင်းဟောင်းနော်တင်ဟမ်ဖောရက်စ်တို့ရဲ့ပစ်မှတ်ထားခြင်း ခံနေရပါတယ်။ ပီဖန်နက်စတီရယ်ဟာ ပရီးမီးယားလိဂ်တွင် ဝင်ဘာလေအသင်းနှင့်အတူ ကာလတို ကစားခဲ့သလို နော်တင်ဟမ်ဖောရက်စ်မှာလည်း ကစားခဲ့သူဖြစ်ပါတယ်။ ဂျာမန်ကစားသမားဟာ လက်ရှိအချိန်တွင် အမေရိကန်ကလပ် စိန့်လူးဝစ်အက်ဖ်စီကို အနောက်ကွန်ဖရင့်လိဂ်မှာ ဦးဆောင်နိုင်အောင် နောက်ကွယ်မှ စွမ်းဆောင်ကာ အမေရိကန်ဘောလုံးလောကမှာ အားကစားဒါရိုက်တာအဖြစ် အောင်မြင်နေပါတယ်။ Bild […]

စီးရီးအေချန်ပီယံဆုအောင်ပွဲခံမှုအဖြစ် ရယ်စရာကောင်းတဲ့ အသုဘအခမ်းအနားကျင်းပရန် ပြင်ဆင်နေတဲ့ နာပိုလီပရိသတ်များ

April 30, 2023 playmaker 0

နာပိုလီပရိသတ်များဟာ ၃၃ နှစ်အတွင်း ပထမဆုံး စီးရီးအေဖလားဆွတ်ခူးမှု အောင်ပွဲခံမှုအနေဖြင့် ကျန် စီးရီးအေ ၁၉ သင်းအတွက် ဈာပနကျင်းပကာ အောင်ပွဲခံရန် စီစဉ်နေပါတယ်။ နာပိုလီဟာ ယနေ့ညတွင် လာဇီယိုမှာ အင်တာမီလန်နှင့်ပွဲတွင် ရမှတ် ဆုံးရှုံးပြီး ၎င်းတို့က ဆာလာနီတာနာနှင့်အိမ်ကွင်းပွဲတွင် အနိုင်ရရှိပါက နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံးနှင့် […]

ဆန်ဟောင်မင်း၊ မာနေး၊ ဒီလီအလီတို့ကို ရှာဖွေပေးခဲ့တဲ့ အပြောင်းအရွှေ့ဂုရုကို ခန့်အပ်ရန် ချဲလ်ဆီးစီစဉ်နေ

April 30, 2023 playmaker 0

ချဲလ်ဆီးဟာ အသင်းကို ကြီးမားတဲ့ အပြောင်းအလဲပြုလုပ်ရန်အတွက် အပြောင်းအရွှေ့ဂုရုပေါလ်မစ်ချဲလ်ကို ခန့်အပ်ရန် စီစဉ်နေပါတယ်။ ပေါလ်မစ်ချဲလ်ဟာ လိုက်ဇစ်၊ စပါးစ်၊ ဆောက်သမ်တန်နှင့် မိုနာကိုတို့တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ထိပ်သီးကလပ်တစ်ခုမှာ အလုပ်လုပ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမဲ့ မော်ရီစီယိုပိုချက်တီနိုနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အသင်းတွင် ကစားသမားအရေအတွက် […]

နိုက်ကလပ်တွင် ဘောလုံးလောကရဲ့ ဆွဲဆောင်မှုအရှိဆုံး ဘောလုံးမယ်ကို ကယ်တင်ခဲ့တဲ့ မားကပ်စ်ရက်ဖို့ဒ်

April 30, 2023 playmaker 0

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ဟာ ညဖက်အပြင်ထွက်ကဲစဉ် ဘောလုံးလောကရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီး ဘောလုံးမယ်တွေထဲက တစ်ဦးကို ကယ်တင်မှု ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်ရှိ ဗီလာအမျိုးသမီးအသင်းမှ အလစ်ရှာလီမန်းဟာ မန်ချက်စတာရှိ နာမည်ကျော် နိုက်ကလပ် Chinawhite သို့ ရောက်နေစဉ် ကလပ်သို့ လာရောက်သူ အလွန်များပြားမှုနှင့်အတူ ဝိုင်းမရဖြစ်ပြီး အခက်ကြုံတွေ့နေခဲ့ပါတယ်။ မားကပ်စ်ရက်ဖို့ဒ်ဟာ […]

အယ်မာရီယာနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူပြီး လာလီဂါသမိုင်းမှတ်တိုင်စိုက်ထူလာတဲ့ ဘန်ဇီးမား

April 30, 2023 playmaker 0

ကာရမ်ဘန်ဇီးမားဟာ မနေ့ညတုန်းက အယ်မာရီယာကို ရီးရဲလ်မက်ဒရစ်က ၄-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် ဟူဂိုဆန်းချက်ဇ်ကို ကျော်ဖြတ်ကာ ၂၃၆ ဂိုးဖြင့် လာလီဂါသမိုင်းတွင် စတုတ္ထဂိုးအများဆုံးသွင်းယူသူ ဖြစ်လာပါတယ်။ ဘန်ဇီးမားဟာ ပွဲအစ ၅ မိနစ်တွင်ပင် ဗီနီရှပ်စ်ရဲ့ ဖန်တီးမှုကနေ အနီးကပ်ပိတ်သွင်းပြီး အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် ဘန်ဇီးမားဟာ […]

ဘက်တစ်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲတွင် ဘာစီလိုနာသမိုင်းမှတ်တမ်းရေးထိုးလာတဲ့ အသက် ၁၅ နှစ်အရွယ်ရှိ ယာမယ်

April 30, 2023 playmaker 0

ဘာစီလိုနာဟာ ဘက်တစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိမှုနှင့်အတူ လာလီဂါချန်ပီယံဖြစ်ရန် ခြေတစ်လှမ်းနီးလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၁၅ နှစ်အရွယ်ရှိ လာမိန်းယာမယ်ဟာလည်း ဘာစီလိုနာသမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။ ဘာစီလိုနာဟာ ဘက်တစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိကာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ […]

ယူနိုက်တက်ကို ဝယ်ယူရန် ကာတာဘဏ်လုပ်ငန်းရှင်ထက် ပိုမြင့်မားတဲ့ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ ဆာဂျမ်ရက်ကလစ်ဖ်

April 30, 2023 playmaker 0

ဆာဂျမ်ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူရေးအတွက် အပြီးသတ်ကမ်းလှမ်းမှုပြုလုပ်ထားရာတွင် ပြိုင်ဘက်ရှိတ်ဂျက်စ်ဆမ်ထက် ပိုမိုတန်ဖိုးမြင့်မားတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ ဆာဂျမ်ရက်ကလစ်ရဲ့ Ineos ဟာ သောကြာနေ့တုန်းက ယူနိုက်တက်ကို ဝယ်ယူရေးအတွက် နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ထားတာဖြစ်ပြီး သူဟာ ယူနိုက်တက်ရဲ့ရှယ်ယာအချို့ကိုသာ ထိန်းချုပ်ရန် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ယူနိုက်တက်ရှယ်ယာကို သတ်မှတ်ပေါက်ကြေးထက် […]

အာဆင်နယ်ရဲ့ ၂၀၂၃-၂၄ ရာသီ တတိယဝတ်စုံ‌ ပေါက်ကြားလာပြီးနောက် ပရိသတ်များအကြား သဘောထားကွဲလွဲ

April 30, 2023 playmaker 0

အာဆင်နယ်ပရိသတ်များဟာ လာမယ့်ဘောလုံးရာသီတွင် အာဆင်နယ်အသင်းဝတ်ဆင်လာမဲ့ တတိယဝတ်စုံ အွန်လိုင်းတွင် ပေါက်ကြားလာပြီးနောက် ပရိသတ်များအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် အာဆင်နယ်အသင်းရဲ့ ၂၀၂၃-၂၄ ရာသီတွင် ဝတ်ဆင်မဲ့ ဝတ်စုံသစ်များ ပေါက်ကြားခဲ့ပါတယ်။ ပရိသတ်များဟာ အာဆင်နယ်ရဲ့ ၂၀၂၃=၂၄ ရာသီဝတ်စုံသစ်များနှင့်ပတ်သက်ပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ယခု ၂၀၂၃-၂၄ […]

ယူရို ၂၀၂၄ အိပ်မက်ဖြစ်မြောက်လာရေးအတွက် ယူနိုက်တက်မှ ထွက်ခွာရမည်ကို ဟယ်ရီမက်ဂွိုင်းယားကြောက်လန့်နေ

April 30, 2023 playmaker 0

ဟယ်ရီမက်ဂွိုင်းယားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရန်အတွက် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာရနိုင်မှုအပေါ် စိုးရိမ်ကြောက်လန့်လျက် ရှိပါတယ်။ ဒါပေမဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ယူနိုက်တက်မှ ထွက်ခွာမည်ဆိုပါက ကမ်းလှမ်းမှုအမြောက်အမြား ရရှိလာဖို့တော့ သေချာနေပါတယ်။ အသက် ၃၀ နှစ်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ နည်းပြသစ်အဲရစ်တန်ဟက်လက်အောက်တွင် နေရာရရှိရန် ရုန်းကန်နေရသူ […]