ယနေ့ည ဆီဗီလာနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ နည်းဗျူဟာပေါက်ကြားမှု မရှိအောင် လေ့ကျင့်ရေးကွင်းသို့ ဝန်ထမ်းများ လာကြည့်ခွင့်ပိတ်ခဲ့တဲ့ မော်ရင်ဟို

May 31, 2023 playmaker 0

ဟိုဆေးမော်ရင်ဟိုဟာ ယနေ့ညတွင် ဘူဒါပတ်စ်မှာ ဆီဗီလာနှင့် ရင်ဆိုင်ကစားရမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ အသင်းရဲ့ဝန်ထမ်းများကို လေ့ကျင့်ရေးအစီအစဉ်ကို လာကြည့်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရိုးမားကို ယူရိုပါကွန်ဖရင့်လိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးတဲ့နောက် Puskas Arena တွင် နည်းပြဘဝတစ်လျှောက် တတိယမြောက် ယူရိုပါလိဂ်ဖလား ဆွတ်ခူးရေး ကြိုးပမ်းရပါမယ်။ […]

ဆော်ဒီထံမှ ပေါင် ၁ ဘီလီယံစာချုပ်ကမ်းလှမ်းမှုရထားတဲ့ မက်ဆီကို ဘက်ဟမ်းအကူအညီဖြင့် ကြားဖြတ်လုရန် ဘာစီလိုနာစီစဉ်

May 31, 2023 playmaker 0

လီယွန်နယ်မက်ဆီဟာ ဆော်ဒီသို့ ပြောင်းရွှေ့ကစားမည်ဆိုပါက ပေါင် ၁ ဘီလီယံအထိ ရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။ Foot Mercato က Ballon d’Or ခုနှစ်ကြိမ်ဆုရ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားသူရဲကောင်းဟာ ဆော်ဒီသို့သာ ပြောင်းရွှေ့ကစားမည်ဆိုပါက Al Nassr တွင် ခရစ္စတီယာနိုရော်နယ်ဒို ရရှိနေတဲ့ လုပ်ခထက် […]

ဖရိုင်းဘတ်မှ နယ်သာလန်လက်ရွေးစင်ဂိုးသမားဖလက်ကင်ကို ဘရန့်ဖို့ဒ် ခေါ်ယူ

May 31, 2023 playmaker 0

ဘရန့်ဖို့ဒ်ဟာ ဖရိုင်းဘတ်မှ နယ်သာလန်လက်ရွေးစင်ဂိုးသမားမတ်ဖလက်ကင်ကို ပြောင်းရွှေ့ကြေးပေါင် ၁၁ သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်ရှိ ဂိုးသမားဟာ နယ်သာလန်အသင်းအတွက် ၄ ပွဲကစားသူဖြစ်ပြီး စာရွက်စာတမ်းကိစ္စရပ်များနှင့် အလုပ်လုပ်ခွင့် ပါမစ်ရရှိပြီးပါက ၄ နှစ်စာချုပ်ချုပ်ဆိုသွားပါမယ်။ သူဟာ ယခုရာသီတွင် ဖရိုင်းဘတ်အတွက် ဘွန်ဒက်စ်လီဂါပွဲ ၃၄ […]

မြင်းပေါ်မှ ပြုတ်ကျခဲ့တဲ့ ပီအက်စ်ဂျီဂိုးသမားရဲ့ အခြေအနေအလွန်စိုးရိမ်နေရ

May 31, 2023 playmaker 0

ဆာဂျီယိုရီကိုရဲ့ ဇနီးသည်က ခင်ပွန်းသည်အား သူမကို တစ်ဦးတည်းထားမသွားရန် တောင်းပန်တဲ့ စာသားအား ဆိုရှယ်မီဒီယာတွင် တင်ကာ ခင်ပွန်းသည်ရဲ့ အခြေအနေကို ပရိသတ်များကို အသိပေးလာပါတယ်။ အသက် ၂၉ နှစ်ရှိ ပီအက်စ်ဂျီဂိုးသမားဟာ ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းတုန်းက မြင်းပေါ်မှ ပြုတ်ကျကာ စိုးရိမ်ရတဲ့ ခေါင်းဒဏ်ရာရရှိခဲ့ပါတယ်။ ရီကိုရဲ့ အခြေအနေမှာ အလွန်အမင်းစိုးရိမ်ရတဲ့ […]

ဆော်ဒီမှ ပေါင် ၃၄၅ သန်းတန် စာချုပ်ဖြင့် ကမ်းလှမ်းမှု ခံထားရတဲ့ ကာရမ်ဘန်ဇီးမား

May 31, 2023 playmaker 0

ကာရမ်ဘန်ဇီးမားဟာ ဆော်ဒီမှ ပေါင် ၃၄၅ သန်းတန်စာချုပ်ကမ်းလှမ်းခြင်းခံထားရမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၅ နှစ်ရှိ ကာရမ်ဘန်ဇီးမားဟာ ယခုရာသီအကုန်တွင် ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အနာဂတ်မရေမရာ ဖြစ်နေသူဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်တွင် ကစားလာခဲ့တဲ့ ဘန်ဇီးမားဟာ ရာသီသိမ်ပွဲ တစ်ပွဲကစားရန် […]

Lake Como တွင် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်နေတဲ့ မာတီနက်ဇ်

May 31, 2023 playmaker 0

လူသာရိုမာတီနက်ဇ်ဟာ Lake Como တွင် ချစ်သူနှင့် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပကာ အင်တာမီလန်ရဲ့ မန်စီးတီးနှင့်ကစားရမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်နေပါတယ်။ အီတလီရဲ့နာမည်ကျော် Lake Como တွင် ပြုလုပ်တဲ့ မင်္ဂလာပွဲသို့ ပရီးမီးယားလိဂ်စတားများ၊ အာဂျင်တီးနားကမ္ဘာ့ဖလားချန်ပီယံကစားသမားများ တက်ရောက်ခဲ့ကြပါတယ်။ မာတီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်တုန်းက အင်တာမီလန်သို့ ပြောင်းရွှေ့ပြီးနောက် […]

မူးယစ်ဆေးဝါးမှောင်ခိုမှုတွင် ပါဝင်မှုဖြင့် စပါးတပ်မော်စကိုစတားပရိုမက်စ် စွဲချက်တင်ခံရ

May 31, 2023 playmaker 0

စပါးတပ်မော်စကိုတိုက်စစ်သမားကွင်စီပရိုမက်စ်ဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွင် ပါဝင်ပတ်သက်မှုဖြင့် စွဲချက်တင်ခြင်းခံလာရပြီ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိ ပရိုမက်စ်ဟာ နယ်သာလန်(သို့မဟုတ်) ဘယ်လ်ဂျီယံသို့ ကိုကင်း ၁၃၆၂ ကီလိုဂရမ်တင်ပို့မှုတွင် ပါဝင်မှုဖြင့် စွဲချက်တင်ခြင်းခံထားရခြင်းဖြစ်ကြောင်း ဒတ်ချ်စုံစမ်းစစ်ဆေးရေးမှူးက ဆိုလာပါတယ်။ ဒတ်ချ်သတင်းစာ Het Parool က ကြားနာစစ်ဆေးမှုကို လာမယ့် တနင်္လာနေ့တွင် […]

လုပ်ခမြင့်မားစွာ တောင်းဆိုလာမှုကြောင့် ဆာလီဘာကို ပီအက်စ်ဂျီသို့ ရောင်းချလာရဖို့ ရှိနေတဲ့ အာဆင်နယ်

May 31, 2023 playmaker 0

အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာကို စာချုပ်သစ်ချုပ်ဆိုရေး ရုန်းကန်နေရပြီး ပီအက်စ်ဂျီကလည်း ၎င်းတို့အကြား ဆွေးနွေးမှုအခြေအနေကို စောင့်ကြည့်နေပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ အာဆင်နယ်တွင် တစ်ပတ်လုပ်ခပေါင် ၄၀၀၀၀ ရရှိနေပြီး တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ပါတော့တယ်။ အာဆင်နယ်ဟာ ဆာလီဘာကို နှစ်ရှည်စာချုပ်ချုပ်ဆိုလိုနေပါတယ်။ အာတီတာဟာ အသက် ၂၂ နှစ်ရှိ ဆာလီဘာကို တစ်ပတ်လုပ်ခပေါင် ၁၂၀၀၀၀ […]

တံကောက်ကြောဒဏ်ရာကြောင့် အက်ဖ်အေဖလားဗိုလ်လုပွဲကို မာရှယ်လွဲမည်

May 31, 2023 playmaker 0

အန်တိုနီမာရှယ်ဟာ ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အက်ဖ်အေဖလားဗိုလ်လုပွဲကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဖူလ်ဟမ်ကို ၂-၁ ဖြင့် အနိုင်ရရှိကာ ယူနိုက်တက်တို့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ပွဲတွင် ပွဲချိန် ၆၇ မိနစ်တွင်မှ လူစားဝင်ရောက်ကစားလာပြီးနောက် ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်တိုနီမာရှယ်ဟာ […]

ချဲလ်ဆီးနည်းပြဖြစ်လာပြီးနောက် ပထမဆုံး အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလာတဲ့ ပိုချက်တီနို

May 31, 2023 playmaker 0

ဂျာအိုဖီးလစ်ဟာ လာမယ့်ဘောလုံးရာသီတွင် ချဲလ်ဆီးရဲ့ အဝတ်အစားလဲခန်းအတွင်းမှာ ရှိမနေတော့မှာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြသစ်မူရီစီယိုပိုချက်တီနိုဟာ ဂျာအိုဖီးလစ်ကို အက်သလက်တီကိုမက်ဒရစ်မှ အပြီးသတ် ခေါ်ယူမှု မပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ ပေါ်တူဂီတောင်ပံစတားဟာ ဇန်နဝါရီလတုန်းက အက်သလက်တီကိုမှ အငှားဖြင့် ရောက်လာပြီးနောက် ချဲလ်ဆီးအတွက် ၄ […]