Ronaldo Vs Messi ပွဲ ပြန်မြင်ဦးမလား? ဆော်ဒီလိဂ်နှင့်မေဂျာလိဂ်အောစတားပွဲ ဖြစ်လာဖို့ရှိနေ

August 16, 2023 Kyawtun lwin 0

အမေရိကန်လက်ရွေးစင်ဟောင်းတစ်ဦးက ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ နောက်ထပ် ထိပ်တိုက်တွေ့ဆုံမှု တစ်ခုအဖြစ် ဆော်ဒီပရိုလိဂ်နှင့် အမေရိကန်မေဂျာလိဂ် အောစတာအသင်းတို့ ထိပ်တိုက်တွေ့စေတဲ့ပွဲ စီစဉ်သင့်ကြောင်း ပြောကြားလာပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဆော်ဒီပရိုလိဂ်ကလပ် Al Nassr သို့ တစ်နှစ်လုပ်ခ ပေါင် ၁၇၄ သန်းတန်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ […]

ယခုနွေရာသီတွင် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့လာမှာတော့ မဟုတ်တော့တဲ့ မက်ဂွိုင်းယား

August 16, 2023 Kyawtun lwin 0

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာ ယခုနွေရာသီတွင် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့လာတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ မက်ဂွိုင်းယားဟာ အဲရစ်တန်ဟက်က ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိမ့်မယ်လို့ ယူဆရသူ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ဟယ်ရီမက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်ကလည်း လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ […]

ဆယ်ကျော်သက်နောက်ခံလူရီကိုလူးဝစ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလာတဲ့ မန်စီးတီး

August 16, 2023 Kyawtun lwin 0

မန်စီးတီးဟာ စွယ်စုံရ နောက်တန်းကစားသမားရီကိုလူးဝစ်အား ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလာပါတယ်။ ဘူရီဖွား အသက် ၁၈ နှစ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးအတွက် ပထမဆုံးပွဲကစားခွင့် ရရှိပြီးနောက် မန်စီးတီးအတွက် ၁၆ ပွဲကစားထားရာမှာ ၁ ဂိုးသွင်းထားနိုင်ပါတယ်။ အကယ်ဒမီထွက်ကစားသမားရဲ့ ယခင်စာချုပ်မှာ တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး ယခုအခါ […]

ဘရန့်ဖို့ဒ်က ပေါင်သန်း ၄၀ တောင်းဆိုလာမှုကြောင့် ရာယာကို ပေါင် ၃ သန်းဖြင့် အငှားဖြင့်သာ ခေါ်ယူလာတဲ့ အာဆင်နယ်

August 16, 2023 Kyawtun lwin 0

အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ဂိုးသမားဒေးဗစ်ရာယာကို ပေါင် ၃ သန်းဖြင့် တစ်ရာသီအငှားစာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်ဟာ ရာယာရဲ့ အငှားစာချုပ်အတွင်းတွင် ရာသီအကုန်တွင် ပေါင် ၂၇ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ အသက် ၂၇ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းတွင် ပါဝင်ခွင့် ရရှိရေးအတွက် အင်္ဂလန်ဂိုးသမားအေရွန်ရမ်ဒေးလ်နှင့် […]

ပဲလေ့စ်မှ ပြင်သစ်ယူ-၂၁ စတားအိုလစ်ကို စာချုပ်ပါအချက်အတိုင်းပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရလာတဲ့ ချဲလ်ဆီး

August 16, 2023 Kyawtun lwin 0

ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်မှ မိုက်ကယ်အိုလစ်ကို စာချုပ်ပါအချက်အတိုင်း စာချုပ်ဖျက်သိမ်းကြေးပေးကာ ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။ ချဲလ်ဆီးဟာ လန်ဒန်တောင်ပိုင်းကလပ်မှ ကစားသမားကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ရှိ ပြင်သစ်ယူ-၂၁ လက်ရွေးစင်ဟာ အစောပိုင်းတုန်းက မန်စီးတီးနှင့်အာဆင်နယ်တို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ […]

မန်စီးတီးအသင်းခေါင်းဆောင်ကီဗင်ဒီဘရိုင်း လေးလကြာ အနားယူရမည်

August 16, 2023 Kyawtun lwin 0

ကီဗင်ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုများ ပြုလုပ်ရေးအတွက် မဆုံးဖြတ်ရသေးပေမဲ့လည်း အနည်းဆုံး ၄ လအထိ အနားယူလာရတော့မှာ ဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက အတည်ပြုပြောကြားလာပါတယ်။ အသက် ၃၂ နှစ်ရှိ ကီဗင်ဒီဘရိုင်းဟာ သောကြာနေ့တုန်းက Turf Moore တွင် ဘန်လေအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် […]

လီဗာပူးလက်ထဲမှ လာဗီယာကို အောက်ဈေးနှင့် ထပ်မံ ကြားဖြတ်လုလာပြန်တဲ့ ချဲလ်ဆီး

August 16, 2023 Kyawtun lwin 0

ချဲလ်ဆီးဟာ လီဗာပူးအသင်း ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်တဲ့ ဆောက်သမ်တန်အလယ်တန်းကစားသမားရိုမီရိုလာဗီယာအား ‌ပေါင် ၅၃ သန်းအပြင် နောက်ထပ် ပေါင် ၅ သန်းပေးရမဲ့ အချက်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ လာဗီယာအား ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် […]

ယနေ့ ကမ္ဘာ့ဖလားဆီမီးပွဲမတိုင်မီ အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်ကို ဟယ်လီကော်ပတာဖြင့် စပိုင်လုပ်လာတဲ့ ဩဇီ

August 16, 2023 Kyawtun lwin 0

ဩစတြေးလျအမျိုးသမီးဘောလုံးအသင်းဟာ ယနေ့ညနေပိုင်းတွင် ကစားမဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမတိုင်မီ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်းဆင်းမှုများကို စပိုင်လုပ်လာပါတယ်။ အထက်ပါသတင်းကို ဆစ်ဒနီအခြေစိုက် Australian Daily Telegraph ကဖော်ပြလာတာလည်း ဖြစ်ပါတယ်။ Australian Daily Telegraph ရဲ့ဖော်ပြမှုအရ ဩစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ အင်္ဂလန်အမျိုးသမီးအသင်းရဲ့လေ့ကျင့်ခန်းဆင်းမှုများကို ဟယ်လီကော်ပတာ စေလွှတ်ပြီး မှတ်တမ်းရယူ ကင်းထောက်ခဲ့တာလည်း […]

အားကစားသမိုင်းသစ်ရေးသားရန် ဆော်ဒီကလပ် Al Hilal သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း နေမာ ဖွင့်ဟလာ

August 16, 2023 Kyawtun lwin 0

ဘရာဇီးစူပါစမားနေမာဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီမှ ဆော်ဒီကလပ် Al Hilal သို့ ပြောင်းရွှေ့လာပါတယ်။ ဆော်ဒီကလပ်ဟာ အသက် ၃၁ နှစ်ရှိ ဘာစီလိုနာတိုက်စစ်သမားဟောင်းအတွက် ယူရိုသန်း ၉၀ (ပေါင် ၇၇.၆ သန်း)အပြင် အပိုဆုကြေးငွေပေးရမဲ့အချက်ဖြင့် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ Al Hilal သို့ ပြောင်းပြီးနောက် […]

၆ ပွဲမှာ ၉ ဂိုးသွင်းပြီး Legue Cup ဗိုလ်လုပွဲသို့ အင်တာမိုင်ယာမီကို ပို့ဆောင်လာတဲ့ လီယွန်နယ်မက်ဆီ

August 16, 2023 Kyawtun lwin 0

လီယွန်နယ်မက်ဆီဟာ ယနေ့ အစောပိုင်းတုန်းက ကစားတဲ့ ဖီလာဒယ်ဖီယာနှင့် League Cup ဆီမီးဖိုင်နယ်နိုင်ပွဲတွင် ဂိုးထပ်မံ သွင်းယူကာ အင်တာမိုင်ယာမီကို ဗိုလ်လုပ်ပွဲသို့ ပို့ဆောင်လာခဲ့ပါတယ်။ အာဂျင်တီးနားဂန္ထဝင်ဟာ ပြီးခဲ့တဲ့လတုန်းက အင်တာမိုင်ယာမီသို့ ရောက်လာပြီးနောက် ပွဲတိုင်း ခြေစွမ်းပြ ကစားနေတာလည်း ဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဖီလာဒယ်ဖီယာကို ၄-၁ ဂိုးဖြင့် […]