ရာသီအစပွဲစဉ်အချို့ကို ရပ်ရှ်ဖို့ဒ် လွဲချော်မည်ကို မန်ယူစိုးရိမ်နေ

မန်ယူဟာဒဏ်ရာကိုခွဲစိတ်ကုသမှုကြောင့်မားကပ်စ်ရပ်ရှ်ဖို့ဒ်အားလာမယ့်ရာသီအစပွဲစဉ်အချို့အားလွဲချော်မည်ကိုစိုးရိမ်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ၂၀၂၀-၂၁ဘောလုံးရာသီအတွင်းတွင်ခြေထောက်နှင့်ပုခုံးဒဏ်ရာပြဿနာများနှင့်ကြုံလာခဲ့ရသူဖြစ်ပါတယ်။ဒါပေမယ့်ရပ်ရှ်ဖို့ဒ်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်နှင့်ကစားပြီးမှသာလျှင်ခွဲစိတ်ကုသမှုပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာဒဏ်ရာနှစ်မျိုးမှအနည်းဆုံးတစ်မျိုးကိုခွဲစိတ်ကုသမှုပြုလုပ်နိုင်ခဲ့ပြီးခြေထောက်ဒဏ်ရာကိုခွဲစိတ်ကုသနိုင်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာတုန်းကပြိုင်ပွဲအရပ်ရပ်မှာမန်ယူအတွက်၅၇ပွဲကစားခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်အသင်းသာယူရို၂၀၂၀ဗိုလ်လုပွဲအထိတက်ရောက်ပါကရပ်ရှ်ဖို့ဒ်မှာဇူလိုင်လ၁၁ရက်နေ့အထိကစားရပါမယ်။

ပရီးမီးယားလိဂ်ရာသီသစ်အားဩဂုတ်လ၁၄ရက်တွင်စတင်မည်ဖြစ်ရာရပ်ရှ်ဖို့ဒ်အတွက် အချိန်ကအလွန်နည်းပါးနေပါတယ်။

ZawGyi






