အဂူရိုထံမှ လက်ဆောင်ရပြီး ရက်အနည်းငယ်အကြာတွင် ကားကို အရောင်းစာရင်းတင်ခဲ့တဲ့ မန်စီးတီးဝန်ထမ်း

မန်စီးတီးအသင်းရဲ့ Kit Man ဟာဆာဂျီယိုအဂူရိုထံမှကားတစ်စီးလက်ဆောင်ရရှိပြီးရက်အနည်းငယ်အကြာမှာဘဲယင်းကားကို eBay မှာရောင်းဖို့ကြိုးစားလာပါတယ်။

ဆာဂျီယိုအဂူရိုဟာမန်စီးတီးတွင်ရှိနေတဲ့နောက်ဆုံးနေ့မှာမန်စီးတီးအသင်းဝန်ထမ်းများအားတန်ဖိုးကြီးနာရီတစ်လုံးစီလက်ဆောင်ပေးခဲ့တဲ့အပြင် 2006 Range Rover Rvoque ကိုမဲဖောက်လက်ဆောင်ပေးခဲ့ပါတယ်။ယင်းကားကို မန်စီးတီး Kit Man အယ်လီမာလင်းကမဲပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်၂၀၁၂ခုနှစ်ကတည်းကမန်စီးတီးတွင်အလုပ်လုပ်လာခဲ့တဲ့အယ်လီမာလင်းနှင့်ဇနီးသည်နစ်ကီတို့မှာကိုယ်ပိုင်ကားများရှိထားပြီးဖြစ်ပါတယ်။

ဒါကြောင့်လည်းဇနီးသည်နစ်ကီဟာမိုင်၁၀၅၀၀သာမောင်းနှင်ထားရသေးတဲ့ 2006 Range Rover Rvoque ကို eBay မှာပေါင်၂၃၀၀၀ ဖြင့်ရောင်းချဖို့အရောင်းစာရင်းတင်လာပါတယ်။သူမကကားရောင်းချမှုမှရရှိတဲ့ငွေရဲ့၅ရာခိုင်နှုန်းကို ရှော်လေးရှိ ဒီရီယန်ဟောက်စ်ကလေးဆေးရုံသို့လှူဒါန်းသွားမယ်လို့လည်းဆိုထားပါတယ်။

ZawGyi




