ယူရို၂၀၂၀ ဗိုလ်လုပွဲတွင် ကွင်းအတွင်းပြေးဝင်ပြီး ပွဲရပ်အောင် လုပ်ခဲ့သူမှာ အဆိုတော်တစ်ဦးဖြစ်

အင်္ဂလန်နှင့်အီတလီတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်ကွင်းအတွင်းအတင်းဝင်ပြေးကာပွဲကစားတာကိုရပ်ဆိုင်းအောင်လုပ်ခဲ့တဲ့လူမှာ Little Mix TV အစီအစဉ်တွင်ပါဝင်ခဲ့ဖူးတဲ့အဆိုတော်တစ်ဦးဖြစ်ကြောင်းသိရပါတယ်။

အဒမ်ဟာရီဆင်ဟာအင်္ဂလန်နှင့်အီတလီတို့ရဲ့ယူရိုဗိုလ်လုပွဲဒုတိယပိုင်းတွင်ဝင်ဘာလေကွင်းအတွင်းသို့ပြေးဝင်ခဲ့တာဖြစ်ပြီးကွင်းလုံခြုံရေးများရဲ့လိုက်ဖမ်းခြင်းခံခဲ့ရပါတယ်။

သူ့ရဲ့ကွင်းအတွင်းပြေးဝင်မှုကြောင့်ယူရို၂၀၂၀ဗိုလ်လုပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

သူဟာခန္ဓာကိုယ်အပေါ်ဗလာကျင်းဖြင့်ကွင်းဘေးရှိကြော်ငြာဆိုင်းဘုတ်ကိုကျော်ကာကွင်းအတွင်းပြေးဝင်ခဲ့ပြီးအစပိုင်းတွင်လုံခြုံရေးနှစ်ဦးကလိုက်ဖမ်းခဲ့ပါတယ်။ဒါပေမယ့်သူဟာယင်းလုံခြုံရေးနှစ်ဦးလက်မှလွတ်မြောက်ခဲ့ပြီးကျန်တတိယမြောက်လုံခြုံရေးတစ်ဦးကိုကွင်းမြက်ခင်းမှာလဲသိပ်နိုင်ခဲ့ပါတယ်။

လုံခြုံများထဲကတစ်ဦးကသူ့ကိုကွင်းမြက်ခင်းမှာဆွဲလှဲချနိုင်ရန်ကြိုးပမ်းခဲ့ပေမယ့်လည်းသူလွတ်မြောက်ခဲ့ပါတယ်။ဒါပေမယ့်စတုတ္ထမြောက်ကွင်းလုံခြုံရေးဟာအီတလီဂိုးသမားဒွန်နာရမ်မာအနားသို့ရောက်လုနီးပါးအချိန်မှာသူ့ကိုတားဆီးဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဒမ်ဟာ BBC ရဲ့ Little Mix The Search အစီအစဉ်တွင်ပါဝင်ခဲ့တဲ့ New Priority ရဲ့အဆိုတော်ဖြစ်ပါတယ်။

သူဟာအင်စတာဂရမ်မှာကွင်းအတွင်းရောက်ရှိနေတဲ့ဗီဒီယိုဖိုင်များစွာကိုတင်ထားပါတယ်။သူဟာလုခ်ရှောဂိုးသွင်းပြီးနောက်အောင်ပွဲခံမှုကိုလည်းဗီဒီယိုတင်ထားပါတယ်။

အဒမ်ဟာကွင်းသို့ရောက်တုန်းကအနီရောင်အင်္ကျီဝတ်ဆင်ထားခဲ့ပြီးနောက်ပိုင်းမှာချွတ်လိုက်ပုံရပါတယ်။

သူဟာ ဘီဘီစီရဲ့ Little Mix The Search အစီအစဉ်တွင်ပါဝင်ပြီးလူသိများလာခဲ့ကာ အင်စတာဂရမ်မှာ ပရိသတ် ၄၀၀၀၀ကျော်ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ Little Mix The Search အစီအစဉ်မှာအနိုင်ရရှိခဲ့ခြင်းတော့မရှိပါဘူး။

ZawGyi

ယူ႐ို၂၀၂၀ ဗိုလ္လုပြဲတြင္ ကြင္းအတြင္းေျပးဝင္ၿပီး ပြဲရပ္ေအာင္ လုပ္ခဲ့သူမွာ အဆိုေတာ္တစ္ဦးျဖစ္

အဂၤလန္ႏွင့္အီတလီတို႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ကြင္းအတြင္းအတင္းဝင္ေျပးကာပြဲကစားတာကိုရပ္ဆိုင္းေအာင္လုပ္ခဲ့တဲ့လူမွာ Little Mix TV အစီအစဥ္တြင္ပါဝင္ခဲ့ဖူးတဲ့အဆိုေတာ္တစ္ဦးျဖစ္ေၾကာင္းသိရပါတယ္။

အဒမ္ဟာရီဆင္ဟာအဂၤလန္ႏွင့္အီတလီတို႔ရဲ႕ယူ႐ိုဗိုလ္လုပြဲဒုတိယပိုင္းတြင္ဝင္ဘာေလကြင္းအတြင္းသို႔ေျပးဝင္ခဲ့တာျဖစ္ၿပီးကြင္းလုံၿခဳံေရးမ်ားရဲ႕လိုက္ဖမ္းျခင္းခံခဲ့ရပါတယ္။

သူ႔ရဲ႕ကြင္းအတြင္းေျပးဝင္မႈေၾကာင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

သူဟာခႏၶာကိုယ္အေပၚဗလာက်င္းျဖင့္ကြင္းေဘးရွိေၾကာ္ျငာဆိုင္းဘုတ္ကိုေက်ာ္ကာကြင္းအတြင္းေျပးဝင္ခဲ့ၿပီးအစပိုင္းတြင္လုံၿခဳံေရးႏွစ္ဦးကလိုက္ဖမ္းခဲ့ပါတယ္။ဒါေပမယ့္သူဟာယင္းလုံၿခဳံေရးႏွစ္ဦးလက္မွလြတ္ေျမာက္ခဲ့ၿပီးက်န္တတိယေျမာက္လုံၿခဳံေရးတစ္ဦးကိုကြင္းျမက္ခင္းမွာလဲသိပ္ႏိုင္ခဲ့ပါတယ္။

လုံၿခဳံမ်ားထဲကတစ္ဦးကသူ႔ကိုကြင္းျမက္ခင္းမွာဆြဲလွဲခ်ႏိုင္ရန္ႀကိဳးပမ္းခဲ့ေပမယ့္လည္းသူလြတ္ေျမာက္ခဲ့ပါတယ္။ဒါေပမယ့္စတုတၳေျမာက္ကြင္းလုံၿခဳံေရးဟာအီတလီဂိုးသမားဒြန္နာရမ္မာအနားသို႔ေရာက္လုနီးပါးအခ်ိန္မွာသူ႔ကိုတားဆီးဖမ္းဆီးႏိုင္ခဲ့ပါတယ္။

အဒမ္ဟာ BBC ရဲ႕ Little Mix The Search အစီအစဥ္တြင္ပါဝင္ခဲ့တဲ့ New Priority ရဲ႕အဆိုေတာ္ျဖစ္ပါတယ္။

သူဟာအင္စတာဂရမ္မွာကြင္းအတြင္းေရာက္ရွိေနတဲ့ဗီဒီယိုဖိုင္မ်ားစြာကိုတင္ထားပါတယ္။သူဟာလုခ္ေရွာဂိုးသြင္းၿပီးေနာက္ေအာင္ပြဲခံမႈကိုလည္းဗီဒီယိုတင္ထားပါတယ္။

အဒမ္ဟာကြင္းသို႔ေရာက္တုန္းကအနီေရာင္အက်ႌဝတ္ဆင္ထားခဲ့ၿပီးေနာက္ပိုင္းမွာခြၽတ္လိုက္ပုံရပါတယ္။

သူဟာ ဘီဘီစီရဲ႕ Little Mix The Search အစီအစဥ္တြင္ပါဝင္ၿပီးလူသိမ်ားလာခဲ့ကာ အင္စတာဂရမ္မွာ ပရိသတ္ ၄၀၀၀၀ေက်ာ္ပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။

သူတို႔အဖြဲ႕ဟာ Little Mix The Search အစီအစဥ္မွာအႏိုင္ရရွိခဲ့ျခင္းေတာ့မရွိပါဘူး။