လင်ဂတ်နှင့်ပတ်သက်ပြီး သရဲနီအကြီးအကဲများအကြား တိုက်ပွဲဖြစ်နေ

မန်ယူအသင်းမှတာဝန်ရှိသူများအကြားမှာဂျက်စီလင်ဂတ်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးအငြင်းပွားလျက်ရှိကြပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီဝက်ကာလတုန်းကဝက်စ်ဟမ်းတွင်သွားရောက်ကစားစဉ်ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာဝက်စ်ဟမ်းအတွက်၉ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးကာယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

ယင်းသို့လင်ဂတ်ရဲ့ခြေစွမ်းပြကစားနိုင်မှုနဲ့အတူမန်ယူအသင်းတာဝန်ရှိသူများအကြားမှာရောင်းချကာငွေရှာရေး၊အသင်းတွင်ဆက်လက်ထိန်းသိမ်းထားရေးတို့အတွက်ဝေခွဲရခက်ခဲလာနေစေပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့ရာသီတုန်းကဆိုးလ်ရှားလက်အောက်မှာနေရာမရခဲ့မှုနဲ့အတူယခုနွေတွင်သေချာပေါက်ရောင်းချခြင်းခံရဖို့သေချာသလောက်ရှိနေခဲ့သူပါ။

ဒါပေမယ့်ဝက်စ်ဟမ်းတွင်ကစားတဲ့ရာသီဝက်ကာလမှာခြေစွမ်းပြကစားမှုနဲ့အတူမန်ယူအကြီးအကဲအချို့တို့ကသူ့ရဲ့၁၂လကျန်စာချုပ်အားလုပ်ခတိုးပြီးဆက်ထိန်းကာအခွင့်အရေးပေးလိုနေပါတယ်။

တစ်ဖက်တွင်မန်ယူအကြီးအကဲအချို့တို့ကလည်းလင်ဂတ်ကိုနေရာပေးရန်ခက်ခဲနေတာကြောင့်ရောင်းချမှုပြုလုပ်ခြင်းသာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ယုံကြည်နေပါတယ်။

ဝက်စ်ဟမ်းကလင်ဂတ်ကိုခေါ်ယူလိုနေသော်လည်းမန်ယူဘက်ကပေါင်သန်း၃၀အထိတောင်းဆ်ိုမှုကြောင့်အဆင်မပြေဖြစ်နေပါတယ်။

လက်ရှိအချိန်တွင်ကာယကံရှင်ကမူမန်ယူတွင်ဆက်ကစားလိုသော်လည်းပွဲကစားခွင့်အတွက်အာမခံချက်မရလျှင်ထွက်ခွာလိုနေပါတယ်။

ZawGyi

လင္ဂတ္ႏွင့္ပတ္သက္ၿပီး သရဲနီအႀကီးအကဲမ်ားအၾကား တိုက္ပြဲျဖစ္ေန

မန္ယူအသင္းမွတာဝန္ရွိသူမ်ားအၾကားမွာဂ်က္စီလင္ဂတ္ရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးအျငင္းပြားလ်က္ရွိၾကပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီဝက္ကာလတုန္းကဝက္စ္ဟမ္းတြင္သြားေရာက္ကစားစဥ္ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာဝက္စ္ဟမ္းအတြက္၉ဂိုးသြင္းၿပီး၅ႀကိမ္ဖန္တီးကာယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

ယင္းသို႔လင္ဂတ္ရဲ႕ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူမန္ယူအသင္းတာဝန္ရွိသူမ်ားအၾကားမွာေရာင္းခ်ကာေငြရွာေရး၊အသင္းတြင္ဆက္လက္ထိန္းသိမ္းထားေရးတို႔အတြက္ေဝခြဲရခက္ခဲလာေနေစပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကဆိုးလ္ရွားလက္ေအာက္မွာေနရာမရခဲ့မႈနဲ႔အတူယခုေႏြတြင္ေသခ်ာေပါက္ေရာင္းခ်ျခင္းခံရဖို႔ေသခ်ာသေလာက္ရွိေနခဲ့သူပါ။

ဒါေပမယ့္ဝက္စ္ဟမ္းတြင္ကစားတဲ့ရာသီဝက္ကာလမွာေျခစြမ္းျပကစားမႈနဲ႔အတူမန္ယူအႀကီးအကဲအခ်ိဳ႕တို႔ကသူ႔ရဲ႕၁၂လက်န္စာခ်ဳပ္အားလုပ္ခတိုးၿပီးဆက္ထိန္းကာအခြင့္အေရးေပးလိုေနပါတယ္။

တစ္ဖက္တြင္မန္ယူအႀကီးအကဲအခ်ိဳ႕တို႔ကလည္းလင္ဂတ္ကိုေနရာေပးရန္ခက္ခဲေနတာေၾကာင့္ေရာင္းခ်မႈျပဳလုပ္ျခင္းသာအေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ယုံၾကည္ေနပါတယ္။

ဝက္စ္ဟမ္းကလင္ဂတ္ကိုေခၚယူလိုေနေသာ္လည္းမန္ယူဘက္ကေပါင္သန္း၃၀အထိေတာင္းဆ္ိုမႈေၾကာင့္အဆင္မေျပျဖစ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္ကာယကံရွင္ကမူမန္ယူတြင္ဆက္ကစားလိုေသာ္လည္းပြဲကစားခြင့္အတြက္အာမခံခ်က္မရလွ်င္ထြက္ခြာလိုေနပါတယ္။