ဒတ်ချ်သမိုင်းတွင် အငြင်းပွားစရာအကောင်းဆုံးအပြောင်းအရွှေ့အဖြစ် မဟာပြိုင်ဘကအေဂျက်စ်သို့ ဖီယင်နုအသင်းခေါင်းဆောင်ပြောင်းရွှေ့

ဖီယင်နုအသင်းခေါင်းဆောင်စတီဗင်ဘာဂူယက်စ်ရဲ့မဟာပြိုင်ဘက်အေဂျက်စ်သို့အပြောင်းအရွှေ့ဟာဒတ်ချ်ဘောလုံးသမိုင်းတွင်အငြင်းပွားစရာအကောင်းဆုံးအပြောင်းအရွှေ့ဖြစ်လာခဲ့ပါတယ်။

အေဂျက်စ်ဟာဝက်ဖို့ဒ်တောင်ပံကစားသမားဟောင်းကိုလေးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။အေဂျက်စ်ဟာဒတ်ချ်အမှတ်ပေးချန်ပီယံဘွဲ့ကိုကာကွယ်ဖို့လူအင်အားဖြည့်တဲ့အနေဖြင့်နယ်သာလန်လက်ရွေးစင်ကစားသမားကိုပြောင်းရွှေ့ကြေးယူရို၅.၅သန်းဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ဖီယင်နုပရိသတ်များဟာအသင်းခေါင်းဆောင်ဖြစ်တဲ့အပြင်အသင်းရဲ့အရေးအပါအဆုံးကစားသမားကိုရောင်းချလိုက်မှုအပေါ်သိရှိလိုက်ရပြီးနောက်ဘာဂူယက်စ်ရဲ့အင်္ကျီကိုမီးရှို့ခြင်းတို့ပြုလုပ်ခဲ့ကြကာယင်းကိုအွန်လိုင်းမှာတင်ခဲ့ကြပါတယ်။

ဘာဂူယက်စ်ကမူဆုဖလားများဆွတ်ခူးနိုင်ရန်၊ချန်ပီယံလိဂ်ကစားခွင့်ရရှိရန်နှင့်နယ်သာလန်လက်ရွေးစင်တွင်ဆက်လက်ရွေးချယ်ခံရရန်အတွက်အေဂျက်စ်သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းအကြောင်းပြချက်ပေးထားပါတယ်။

ဘာဂူယက်စ်က “ကျွန်တော့်အသက်၂၉နှစ်ရှိပါပြီ။ကစားသမားဘဝနောက်တစ်ဆင့်တက်လှမ်းချင်တာလျို့ဝှက်ချက်မဟုတ်ပါဘူး။အနာဂတ်တိုးတက်မှုရှိရေးအတွက်ကျွန်တော့်အတွက်အရေးအပါဆုံးဖြစ်ပါတယ်။ကျွန်တော့်ပြောင်းမယ့်ကလပ်သစ်ကိုရွေးတဲ့အခါဘောလုံးသမားတစ်ဦးအနေနဲ့တိုးတက်မှုရှိရေး၊ဆုဖလားတွေရရှိရေး၊ချန်ပီယံလိဂ်ကစားခွင့်ရရှိရေးနဲ့လက်ရွေးစင်အသင်းမှာပါဝင်ခွင့်ရရှိရေးတို့အပေါ်အခြေခံရွေးချယ်ခဲ့တာပါ။အေဂျက်စ်ကဒါတွေအားလုံးနဲ့ကိုက်ညီတဲ့အသင်းဖြစ်ပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ဘာဂူယက်စ်ဟာဟန့်ခ်ဂရု၊ဂျွန်အီဗားစ်၊ဝင်းဂျန်ဆင်၊ဂျိုဟန်ခရိုက်ဖ်၊အာနိုးရှိုလ်တန်တို့ပြီးနောက်ဖီယင်နုနှင့်အေဂျက်စ်တို့အကြားအပြောင်းအရွှေ့လုပ်ခဲ့တဲ့နောက်ဆုံးကစားသမားဖြစ်လာပါတယ်။

ဖီယင်နုပရိသတ်များဥက္ကဌရမ်ကိုရာဗင်ဟော့စ်ကဘာဂူယက်စ်ရဲ့အေဂျက်စ်သို့ပြောင်းရွှေ့ရန်ဆုံးဖြတ်လ်ိုက်မှုမှာမိမိတို့အပေါ်သစ္စာဖောက်လိုက်ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

ဘာဂူယက်စ်ဟာသူ့အသက်၃၀နှစ်ပြည့်မယ့်ဒီဇင်ဘာလ၁၉ရက်နေ့တွင်အသင်းဟောင်းဖီယင်နုနှင့်ပြန်လည်ရင်ဆိုင်ရရန်တိုက်ဆိုင်နေပါသေးတယ်။

ဘာဂူယက်စ်ဟာ၂၀၁၆-၁၇ရာသီတုန်းကဖီယင်နုကို၁၈နှစ်အတွင်းပထမဆုံးဒတ်ချ်အမှတ်ပေးဖလားရရှိအောင်အဓိကနေရာကူညီခဲ့သူဖြစ်ပါတယ်။

သူဟာဖီယင်နုအတွက်၁၉၉ပွဲကစားခဲ့ရာမှာ၈၇ဂိုးသွင်းယူပြီး၆၄ကြိမ်ဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။

ZawGyi

ဒတ္ခ်္သမိုင္းတြင္ အျငင္းပြားစရာအေကာင္းဆုံးအေျပာင္းအေ႐ႊ႕အျဖစ္ မဟာၿပိဳင္ဘကေအဂ်က္စ္သို႔ ဖီယင္ႏုအသင္းေခါင္းေဆာင္ေျပာင္းေ႐ႊ႕

ဖီယင္ႏုအသင္းေခါင္းေဆာင္စတီဗင္ဘာဂူယက္စ္ရဲ႕မဟာၿပိဳင္ဘက္ေအဂ်က္စ္သို႔အေျပာင္းအေ႐ႊ႕ဟာဒတ္ခ်္ေဘာလုံးသမိုင္းတြင္အျငင္းပြားစရာအေကာင္းဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာခဲ့ပါတယ္။

ေအဂ်က္စ္ဟာဝက္ဖို႔ဒ္ေတာင္ပံကစားသမားေဟာင္းကိုေလးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။ေအဂ်က္စ္ဟာဒတ္ခ်္အမွတ္ေပးခ်န္ပီယံဘြဲ႕ကိုကာကြယ္ဖို႔လူအင္အားျဖည့္တဲ့အေနျဖင့္နယ္သာလန္လက္ေ႐ြးစင္ကစားသမားကိုေျပာင္းေ႐ႊ႕ေၾကးယူ႐ို၅.၅သန္းျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။

ဖီယင္ႏုပရိသတ္မ်ားဟာအသင္းေခါင္းေဆာင္ျဖစ္တဲ့အျပင္အသင္းရဲ႕အေရးအပါအဆုံးကစားသမားကိုေရာင္းခ်လိုက္မႈအေပၚသိရွိလိုက္ရၿပီးေနာက္ဘာဂူယက္စ္ရဲ႕အက်ႌကိုမီးရႈိ႕ျခင္းတို႔ျပဳလုပ္ခဲ့ၾကကာယင္းကိုအြန္လိုင္းမွာတင္ခဲ့ၾကပါတယ္။

ဘာဂူယက္စ္ကမူဆုဖလားမ်ားဆြတ္ခူးႏိုင္ရန္၊ခ်န္ပီယံလိဂ္ကစားခြင့္ရရွိရန္ႏွင့္နယ္သာလန္လက္ေ႐ြးစင္တြင္ဆက္လက္ေ႐ြးခ်ယ္ခံရရန္အတြက္ေအဂ်က္စ္သို႔ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္ေၾကာင္းအေၾကာင္းျပခ်က္ေပးထားပါတယ္။

ဘာဂူယက္စ္က “ကြၽန္ေတာ့္အသက္၂၉ႏွစ္ရွိပါၿပီ။ကစားသမားဘဝေနာက္တစ္ဆင့္တက္လွမ္းခ်င္တာလ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။အနာဂတ္တိုးတက္မႈရွိေရးအတြက္ကြၽန္ေတာ့္အတြက္အေရးအပါဆုံးျဖစ္ပါတယ္။ကြၽန္ေတာ့္ေျပာင္းမယ့္ကလပ္သစ္ကိုေ႐ြးတဲ့အခါေဘာလုံးသမားတစ္ဦးအေနနဲ႔တိုးတက္မႈရွိေရး၊ဆုဖလားေတြရရွိေရး၊ခ်န္ပီယံလိဂ္ကစားခြင့္ရရွိေရးနဲ႔လက္ေ႐ြးစင္အသင္းမွာပါဝင္ခြင့္ရရွိေရးတို႔အေပၚအေျခခံေ႐ြးခ်ယ္ခဲ့တာပါ။ေအဂ်က္စ္ကဒါေတြအားလုံးနဲ႔ကိုက္ညီတဲ့အသင္းျဖစ္ပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဘာဂူယက္စ္ဟာဟန႔္ခ္ဂ႐ု၊ဂြၽန္အီဗားစ္၊ဝင္းဂ်န္ဆင္၊ဂ်ိဳဟန္ခ႐ိုက္ဖ္၊အာႏိုးရႈိလ္တန္တို႔ၿပီးေနာက္ဖီယင္ႏုႏွင့္ေအဂ်က္စ္တို႔အၾကားအေျပာင္းအေ႐ႊ႕လုပ္ခဲ့တဲ့ေနာက္ဆုံးကစားသမားျဖစ္လာပါတယ္။

ဖီယင္ႏုပရိသတ္မ်ားဥကၠဌရမ္ကိုရာဗင္ေဟာ့စ္ကဘာဂူယက္စ္ရဲ႕ေအဂ်က္စ္သို႔ေျပာင္းေ႐ႊ႕ရန္ဆုံးျဖတ္လ္ိုက္မႈမွာမိမိတို႔အေပၚသစၥာေဖာက္လိုက္ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဘာဂူယက္စ္ဟာသူ႔အသက္၃၀ႏွစ္ျပည့္မယ့္ဒီဇင္ဘာလ၁၉ရက္ေန႔တြင္အသင္းေဟာင္းဖီယင္ႏုႏွင့္ျပန္လည္ရင္ဆိုင္ရရန္တိုက္ဆိုင္ေနပါေသးတယ္။

ဘာဂူယက္စ္ဟာ၂၀၁၆-၁၇ရာသီတုန္းကဖီယင္ႏုကို၁၈ႏွစ္အတြင္းပထမဆုံးဒတ္ခ်္အမွတ္ေပးဖလားရရွိေအာင္အဓိကေနရာကူညီခဲ့သူျဖစ္ပါတယ္။

သူဟာဖီယင္ႏုအတြက္၁၉၉ပြဲကစားခဲ့ရာမွာ၈၇ဂိုးသြင္းယူၿပီး၆၄ႀကိမ္ဖန္တီးမႈျပဳလုပ္ေပးခဲ့ပါတယ္။