4x100m လက်ဆင့်ကမ်းပြိုင်ပွဲမှာ သူနဲ့အတူ တဖွဲ့တည်းယှဉ်ပြိုင်လိုတဲ့ ကစားသမားသုံးဦးကို ဟူစိန်ဘို့သ်ဖွင့်ချလာ

အူစိန်ဘို့သ်ကဘောလုံးကိုချစ်မြတ်နိုးတဲ့တိုပြေးဘုရင်တစ်ဦးဖြစ်ပါတယ်။ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ်သတ်မှတ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်။

ယနေ့မှာတော့ဟူစိန်ဘို့သ်ဟာ4x100m လက်ဆင့်ကမ်းပြိုင်ပွဲမှာသူနဲ့တစ်ဖွဲ့တည်းပါဝင်လိုတဲ့ဘောလုံးကစားသမား သုံးဦးကိုဖွင့်ဟလာပါတယ်။

ဟူစိန်ဘို့သ်ဟာဖီဖာဝက်ဘ်ဆိုက်နှင့်အမေးအဖြေကဏ္ဍမှာ 4x100m လက်ဆင့်ကမ်းပြိုင်ပွဲမှာသူနဲ့ဝင်ရောက်ယှဉ် ပြိုင်လိုတဲ့ကစားသမားသုံးဦးကိုဖွင့်ဟလာခဲ့တာလည်းဖြစ်ပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုကိုးကြိမ်အထိဆွတ်ခူးထားတဲ့အူစိန်ဘို့သ်က သူ့ရဲ့လက်ဆင့်ကမ်းအသင်းမှာခရစ္စတီယာနို ရော်နယ်ဒို၊ကိုလီယန်အမ်ဘစ်ပီနှင့်ဂါရတ်ဘေးလ်တို့ပါဝင်စေလိုကြောင်းပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။

အူစိန်ဘို့သ်ရွေးချယ်လာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကအသက်၃၅နှစ်ရှိပြီဖြစ်ပေမယ့်ခြေစွမ်းကျဆင်းခြင်းမရှိသေး ဘဲဂျူဗင်တပ်မှာအရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြကစားနေဆဲဖြစ်ပါတယ်။အမ်ဘစ်ပီကလည်းက အသက်၂၂နှစ်အရွယ်တန်းကစားသမားတွေထဲမှာအကောင်းဆုံးနဲ့အမြန်ဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံ ထားရသူဖြစ်ပါတယ်။ဘေးလ်ကယမန်နှစ်များတုန်းကလိုအကောင်းဆုံးအနေအထားမျိုးမှာမရှိတော့ပေမယ့်တစ် ချိန်တုန်းကတော့အလွန်လျှင်မြန်တဲ့တောင်ပံတိုက်စစ်သမားတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

4x100m လက္ဆင့္ကမ္းၿပိဳင္ပြဲမွာ သူနဲ႔အတူ တဖြဲ႕တည္းယွဥ္ၿပိဳင္လိုတဲ့ ကစားသမားသုံးဦးကို ဟူစိန္ဘို႔သ္ဖြင့္ခ်လာ

အူစိန္ဘို႔သ္ကေဘာလုံးကိုခ်စ္ျမတ္ႏိုးတဲ့တိုေျပးဘုရင္တစ္ဦးျဖစ္ပါတယ္။ကမာၻ႔အျမန္ဆုံးလူသားအျဖစ္သတ္မွတ္ခံထားရတဲ့သူလည္းျဖစ္ပါတယ္။

ယေန႔မွာေတာ့ဟူစိန္ဘို႔သ္ဟာ4x100m လက္ဆင့္ကမ္းၿပိဳင္ပြဲမွာသူနဲ႔တစ္ဖြဲ႕တည္းပါဝင္လိုတဲ့ေဘာလုံးကစားသမား သုံးဦးကိုဖြင့္ဟလာပါတယ္။

ဟူစိန္ဘို႔သ္ဟာဖီဖာဝက္ဘ္ဆိုက္ႏွင့္အေမးအေျဖက႑မွာ 4x100m လက္ဆင့္ကမ္းၿပိဳင္ပြဲမွာသူနဲ႔ဝင္ေရာက္ယွဥ္ ၿပိဳင္လိုတဲ့ကစားသမားသုံးဦးကိုဖြင့္ဟလာခဲ့တာလည္းျဖစ္ပါတယ္။

အိုလံပစ္ေ႐ႊတံဆိပ္ဆုကိုးႀကိမ္အထိဆြတ္ခူးထားတဲ့အူစိန္ဘို႔သ္က သူ႔ရဲ႕လက္ဆင့္ကမ္းအသင္းမွာခရစၥတီယာႏို ေရာ္နယ္ဒို၊ကိုလီယန္အမ္ဘစ္ပီႏွင့္ဂါရတ္ေဘးလ္တို႔ပါဝင္ေစလိုေၾကာင္းေျပာၾကားလာခဲ့တာလည္းျဖစ္ပါတယ္။

အူစိန္ဘို႔သ္ေ႐ြးခ်ယ္လာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကအသက္၃၅ႏွစ္ရွိၿပီျဖစ္ေပမယ့္ေျခစြမ္းက်ဆင္းျခင္းမရွိေသး ဘဲဂ်ဴဗင္တပ္မွာအေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပကစားေနဆဲျဖစ္ပါတယ္။အမ္ဘစ္ပီကလည္းက အသက္၂၂ႏွစ္အ႐ြယ္တန္းကစားသမားေတြထဲမွာအေကာင္းဆုံးနဲ႔အျမန္ဆုံးကစားသမားအျဖစ္သတ္မွတ္ျခင္းခံ ထားရသူျဖစ္ပါတယ္။ေဘးလ္ကယမန္ႏွစ္မ်ားတုန္းကလိုအေကာင္းဆုံးအေနအထားမ်ိဳးမွာမရွိေတာ့ေပမယ့္တစ္ ခ်ိန္တုန္းကေတာ့အလြန္လွ်င္ျမန္တဲ့ေတာင္ပံတိုက္စစ္သမားတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။