ချဲလ်ဆီးသို့ ပေါင် ၉၇.၅ သန်းဖြင့်ပြောင်းရေး အပြီးသတ်ရန် Biggin Hill လေဆိပ်သို့ ရောက်လာပြီဖြစ်တဲ့ လူကာကူ

ရိုမဲလူလူကာကူဟာချဲလ်ဆီးသို့ ပေါင် ၉၇.၅သန်းဖြင့်အပြောင်းအရွှေ့အပြီးသတ်ရန်အတွက်လန်ဒန်ရှိ Biggin Hill လေဆိပ်သို့ရောက်လာပြီဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဘယ်လ်ဂျီယံတိုက်စစ်မှူးဟာလွန်ခဲ့တဲ့၇နှစ်တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာခဲ့သူဖြစ်ပြီးယခုအခါအင်တာမီလန်မှပြန်လည်ပြောင်းရွှေ့လာတော့မှာဖြစ်ပါတယ်။

လူကာကူဟာချဲလ်ဆီးအပြောင်းအရွှေ့အပြီးသတ်ရန်အတွက်စင်းလုံးငှားလေယာဉ်ဖြင့် လန်ဒန်သို့ရောက်ရှိလာပြီလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာယခုရက်ပိုင်းအတွင်းမှာလူကာကူရဲ့အပြောင်းအရွှေ့ကိုတရားဝင်ကြေညာလာဖို့ရှိနေပါတယ်။

လူကာကူဟာချဲလ်ဆီးသို့ပေါင်၉၇.၅သန်းအပြောင်းအရွှေ့ကြောင့်ကစားသမားဘဝတစ်လျှောက်တွင်သူ့အတွက်ကလပ်များအသုံးပြုခဲ့ရတဲ့ပြောင်းရွှေ့ကြေးပေါင်၂၉၃.၅သန်းအထိဖြစ်လာမှာဖြစ်ပြီးဘောလုံးသမိုင်းတွင်ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာပါမယ်။

ZawGyi

ခ်ဲလ္ဆီးသို႔ ေပါင္ ၉၇.၅ သန္းျဖင့္ေျပာင္းေရး အၿပီးသတ္ရန္ Biggin Hill ေလဆိပ္သို႔ ေရာက္လာၿပီျဖစ္တဲ့ လူကာကူ

႐ိုမဲလူလူကာကူဟာခ်ဲလ္ဆီးသို႔ ေပါင္ ၉၇.၅သန္းျဖင့္အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္အတြက္လန္ဒန္ရွိ Biggin Hill ေလဆိပ္သို႔ေရာက္လာၿပီျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာလြန္ခဲ့တဲ့၇ႏွစ္တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္မွထြက္ခြာခဲ့သူျဖစ္ၿပီးယခုအခါအင္တာမီလန္မွျပန္လည္ေျပာင္းေ႐ႊ႕လာေတာ့မွာျဖစ္ပါတယ္။

လူကာကူဟာခ်ဲလ္ဆီးအေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္အတြက္စင္းလုံးငွားေလယာဥ္ျဖင့္ လန္ဒန္သို႔ေရာက္ရွိလာၿပီလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာယခုရက္ပိုင္းအတြင္းမွာလူကာကူရဲ႕အေျပာင္းအေ႐ႊ႕ကိုတရားဝင္ေၾကညာလာဖို႔ရွိေနပါတယ္။

လူကာကူဟာခ်ဲလ္ဆီးသို႔ေပါင္၉၇.၅သန္းအေျပာင္းအေ႐ႊ႕ေၾကာင့္ကစားသမားဘဝတစ္ေလွ်ာက္တြင္သူ႔အတြက္ကလပ္မ်ားအသုံးျပဳခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၉၃.၅သန္းအထိျဖစ္လာမွာျဖစ္ၿပီးေဘာလုံးသမိုင္းတြင္ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားျဖစ္လာပါမယ္။