လီဗာပူးလေ့ကျင့်ရေးကွင်းသို့ သွားရောက်ကာ ကလော့ပ်နှင့် စတားလေးဦးတို့အား ဖီဖာဆုများ ချီးမြှင့်ခဲ့တဲ့ ဝင်းဂါး

အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးဟာလီဗာပူးရဲ့လေ့ကျင့်ရေးကွင်းသို့သွားရောက်ကာနည်းပြဂျာဂင်ကလော့ပ်နှင့်လီဗာပူးစတားကစားသမားလေးဦးတို့အားဖီဖာအကောင်းဆုံးဆုများချီးမြှင့်ပေးခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟောင်းဝင်းဂါးဟာလက်ရှိအချိန်တွင်ဖီဖာရဲ့ကမ္ဘာ့ဘောလုံးတိုးတက်ရေးဌာနရဲ့အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးကလော့ပ်အား၂၀၂၀ခုနှစ်အတွက်ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုအားချီးမြှင့်ပေးခဲ့ပါတယ်။

ဒါ့အပြင်ပြင်သစ်လူမျိုးနည်းပြဟောင်းဟာအလီဆင်ဘက်ကာ၊ထရန်းအလက်ဇန္ဒားအာနိုး၊ဗာဂယ်ဗန်ဒိုက်၊တီယာဂိုအယ်ကန်တာရာတို့ကိုလည်း 2020 FIFA Pro Men ရဲ့ World 11 စာရင်းတွင်ပါဝင်မှုအတွက်ဆုများအသီးသီးချီးမြှင့်ခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာလီဗာပူးရဲ့ AXA Training Center သို့ရောက်ချိန်အတွင်းတွင်လီဗာပူးရဲ့လေ့ကျင့်ခန်းလုပ်မှုများကိုကြည့်ရှုလေ့လာခဲ့သလိုအာဆင်နယ်အသင်းကိုကိုင်တွယ်တုန်းကလက်တွဲခဲ့ဖူးတဲ့လီဗာပူးကစားသမားချမ်ဘာလိန်းနှင့်လည်းတွေ့ဆုံစကားပြောခဲ့ပါတယ်။

ZawGyi

လီဗာပူးေလ့က်င့္ေရးကြင္းသို႔ သြားေရာက္ကာ ကေလာ့ပ္ႏွင့္ စတားေလးဦးတို႔အား ဖီဖာဆုမ်ား ခ်ီးျမႇင့္ခဲ့တဲ့ ဝင္းဂါး

အာဆင္နယ္ဂႏၴဝင္နည္းျပအာစင္ဝင္းဂါးဟာလီဗာပူးရဲ႕ေလ့က်င့္ေရးကြင္းသို႔သြားေရာက္ကာနည္းျပဂ်ာဂင္ကေလာ့ပ္ႏွင့္လီဗာပူးစတားကစားသမားေလးဦးတို႔အားဖီဖာအေကာင္းဆုံးဆုမ်ားခ်ီးျမႇင့္ေပးခဲ့ပါတယ္။

အာဆင္နယ္နည္းျပေဟာင္းဝင္းဂါးဟာလက္ရွိအခ်ိန္တြင္ဖီဖာရဲ႕ကမာၻ႔ေဘာလုံးတိုးတက္ေရးဌာနရဲ႕အႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီးကေလာ့ပ္အား၂၀၂၀ခုႏွစ္အတြက္ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအားခ်ီးျမႇင့္ေပးခဲ့ပါတယ္။

ဒါ့အျပင္ျပင္သစ္လူမ်ိဳးနည္းျပေဟာင္းဟာအလီဆင္ဘက္ကာ၊ထရန္းအလက္ဇႏၵားအာႏိုး၊ဗာဂယ္ဗန္ဒိုက္၊တီယာဂိုအယ္ကန္တာရာတို႔ကိုလည္း 2020 FIFA Pro Men ရဲ႕ World 11 စာရင္းတြင္ပါဝင္မႈအတြက္ဆုမ်ားအသီးသီးခ်ီးျမႇင့္ခဲ့ပါတယ္။

အာစင္ဝင္းဂါးဟာလီဗာပူးရဲ႕ AXA Training Center သို႔ေရာက္ခ်ိန္အတြင္းတြင္လီဗာပူးရဲ႕ေလ့က်င့္ခန္းလုပ္မႈမ်ားကိုၾကည့္ရႈေလ့လာခဲ့သလိုအာဆင္နယ္အသင္းကိုကိုင္တြယ္တုန္းကလက္တြဲခဲ့ဖူးတဲ့လီဗာပူးကစားသမားခ်မ္ဘာလိန္းႏွင့္လည္းေတြ႕ဆုံစကားေျပာခဲ့ပါတယ္။