ပီအက်စ်ဂျီရဲ့ကမ္ဘာ့အမြင့်ဆုံးလုပ်ခဖြင့် ကမ်းလှမ်းမှုကိုပယ်ချပြီး ဇန်နဝါရီတွင် ရီးရဲလ်နှင့်အကြိုစာချုပ်ချုပ်ဆိုမယ့် ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာပီအက်စ်ဂျီကကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာစေမယ့်စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့ကြောင်းသိရပါတယ်။

ပြင်သစ်စူပါစတားဟာယခုဘောလုံးရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ရီးရဲလ်မက်ဒရစ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင် ပေါင်၁၇၁.၇သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်ပီအက်စ်ဂျီကပယ်ချခဲ့ပါတယ်။

ပီအက်စ်ဂျီဟာအစောပိုင်းတုန်းကရီးရဲလ်မက်ဒရစ်ရဲ့ပေါင်၁၃၈သန်း(ယူရိုသန်း၂၀၀)ဖြင့်ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ဖူးပြီးလည်းဖြစ်ပါတယ်။

Le Parisien ဟာပီအက်စ်ဂျီဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီဘက်ပေးအားတစ်နှစ်လုပ်ခယူရို၄၅သန်းတန်စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရပါတယ်။ယင်းစာချုပ်ကိုသာလက်ခံပါကဘက်ပေးဟာမက်ဆီ၊နေမာနှင့်ရော်နယ်ဒိုတို့ထက်လုပ်ခများပြားကာကမ္ဘာ့လုပ်ခအများဆုံးကစားသမားဖြစ်လာပါမယ်။

ဘက်ပေးဟာယင်းစာချုပ်ကြောင့်တစ်ပတ်လုပ်ခယူရို၈၆၅၃၈၄ရရှိမှာဖြစ်ပြီးတစ်ရက်လုပ်ခမှာယူရို၁၂၃၆၂၆၊ တစ်နာရီလုပ်ခယူရို၅၁၅၁ရရှိလာပါမယ်။

ဒါပေမယ့်လည်းဘက်ပေးဟာပီအက်စ်ဂျီတွင်ဆက်ကစားလိုတော့ခြင်းမရှိတော့ဘဲ ရီးရဲလ်မက်ဒရစ်သို့သာပြောင်းလိုနေခဲ့ပါတယ်။

ယခုအခါအပြောင်းအရွှေ့ဈေးကွက်ပိတ်သွားပြီဖြစ်ပေမယ့်ရီးရဲလ်မက်ဒရစ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဘက်ပေးအားအကြိုစာချုပ်ချုပ်ဆိုနိုင်ရေးလုပ်ဆောင်လာပါမယ်။အကယ်၍အကြိုစာချုပ်ချုပ်ဆိုနိုင်ပါကဘက်ပေးဟာယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာတော့မှာဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီရဲ႕ကမာၻ႔အျမင့္ဆုံးလုပ္ချဖင့္ ကမ္းလွမ္းမႈကိုပယ္ခ်ၿပီး ဇန္နဝါရီတြင္ ရီးရဲလ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုမယ့္ ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာပီအက္စ္ဂ်ီကကမာၻ႔လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာေစမယ့္စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

ျပင္သစ္စူပါစတားဟာယခုေဘာလုံးရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။ရီးရဲလ္မက္ဒရစ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ ေပါင္၁၇၁.၇သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ပီအက္စ္ဂ်ီကပယ္ခ်ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာအေစာပိုင္းတုန္းကရီးရဲလ္မက္ဒရစ္ရဲ႕ေပါင္၁၃၈သန္း(ယူ႐ိုသန္း၂၀၀)ျဖင့္ကမ္းလွမ္းမႈကိုလည္းပယ္ခ်ခဲ့ဖူးၿပီးလည္းျဖစ္ပါတယ္။

Le Parisien ဟာပီအက္စ္ဂ်ီဟာအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီဘက္ေပးအားတစ္ႏွစ္လုပ္ခယူ႐ို၄၅သန္းတန္စာခ်ဳပ္သစ္ကမ္းလွမ္းခဲ့ေပမယ့္ပယ္ခ်ျခင္းခံခဲ့ရပါတယ္။ယင္းစာခ်ဳပ္ကိုသာလက္ခံပါကဘက္ေပးဟာမက္ဆီ၊ေနမာႏွင့္ေရာ္နယ္ဒိုတို႔ထက္လုပ္ခမ်ားျပားကာကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာပါမယ္။

ဘက္ေပးဟာယင္းစာခ်ဳပ္ေၾကာင့္တစ္ပတ္လုပ္ခယူ႐ို၈၆၅၃၈၄ရရွိမွာျဖစ္ၿပီးတစ္ရက္လုပ္ခမွာယူ႐ို၁၂၃၆၂၆၊ တစ္နာရီလုပ္ခယူ႐ို၅၁၅၁ရရွိလာပါမယ္။

ဒါေပမယ့္လည္းဘက္ေပးဟာပီအက္စ္ဂ်ီတြင္ဆက္ကစားလိုေတာ့ျခင္းမရွိေတာ့ဘဲ ရီးရဲလ္မက္ဒရစ္သို႔သာေျပာင္းလိုေနခဲ့ပါတယ္။

ယခုအခါအေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္သြားၿပီျဖစ္ေပမယ့္ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘက္ေပးအားအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးလုပ္ေဆာင္လာပါမယ္။အကယ္၍အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါကဘက္ေပးဟာယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာေတာ့မွာျဖစ္ပါတယ္။pmnews