မနက်ခြောက်နာရီကတည်းက မန်ယူလေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ ရော်နယ်ဒိုနှင့်တွေ့ဖို့ စောင့်ခဲ့ပေမယ့် ထင်သလိုမဖြစ်ခဲ့ စူပါပရိသတ်

မန်ယူရဲ့အမာခံပရိသတ်တစ်ဦးဟာမန်ယူရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့မနက်အစောကြီးကတည်းကသွားရောက်ပြီးခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဓာတ်ပုံတစ်ပုံတွဲရိုက်ခွင့်ရရှိရေးကြိုးပမ်းခဲ့ပါတယ်။ဒါပေမယ့်မန်ယူစူပါပရိသတ်ရဲ့လုပ်ဆောင်မှုကထင်သလိုဖြစ်မလာခဲ့ပါဘူး။

ဘလက်ဘန်းမှာနေထိုင်တဲ့အလီမာဆွတ်ဟာဗုဒ္ဓဟူးနေ့နံနက်အစောကြီးကတည်းကထကာမန်ယူလေ့ကျင့်ရေးကွင်းသို့ရောက်နေခဲ့ပြီးနံနက်၆နာရီကတည်းက နာရီများစွာစောင့်ဆိုင်းခဲ့ပါတယ်။

သူဟာရော်နယ်ဒိုမိသားစုဓာတ်ပုံပါအင်္ကျီကိုဝတ်ဆင်ထားပြီး ဓာတ်ပုံရိုက်ကူးခွင့်ပေးရန် ရေးသားထားတဲ့ဆိုင်းဘုတ်ကိုကိုင်ဆောင်ထားခဲ့ပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့ Lamborghini ကားဖြင့်ရောက်လာခဲ့သော်လည်းကားရပ်ကာဓာတ်ပုံရိုက်ကူးပေးခဲ့ခြင်းမရှိပါဘူး။

မန်ယူအမာခံပရိသတ်များဟာနေ့လည်ပိုင်းအချိန်အထိလေ့ကျင့်ရေးကွင်းအပြင်ဘက်တွင်စောင့်ဆိုင်းကာရော်နယ်ဒိုနှင့်တွေ့ဆုံခွင့်ရရှိဖို့ကြိုးပမ်းခဲ့ပေမယ့်လည်းအောင်မြင်ခဲ့ခြင်းမရှိပါဘူး။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာလာမယ့်စနေနေ့နယူးကာဆယ်နှင့်ပွဲစဉ်တွင်မန်ယူအတွက်ပထမဆုံးပွဲကိုကစားလာဖို့ရှိပါတယ်။

ZawGyi

မနက္ေျခာက္နာရီကတည္းက မန္ယူေလ့က်င့္ေရးကြင္းအျပင္ဘက္မွာ ေရာ္နယ္ဒိုႏွင့္ေတြ႕ဖို႔ ေစာင့္ခဲ့ေပမယ့္ ထင္သလိုမျဖစ္ခဲ့ စူပါပရိသတ္

မန္ယူရဲ႕အမာခံပရိသတ္တစ္ဦးဟာမန္ယူရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းသို႔မနက္အေစာႀကီးကတည္းကသြားေရာက္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဓာတ္ပုံတစ္ပုံတြဲ႐ိုက္ခြင့္ရရွိေရးႀကိဳးပမ္းခဲ့ပါတယ္။ဒါေပမယ့္မန္ယူစူပါပရိသတ္ရဲ႕လုပ္ေဆာင္မႈကထင္သလိုျဖစ္မလာခဲ့ပါဘူး။

ဘလက္ဘန္းမွာေနထိုင္တဲ့အလီမာဆြတ္ဟာဗုဒၶဟူးေန႔နံနက္အေစာႀကီးကတည္းကထကာမန္ယူေလ့က်င့္ေရးကြင္းသို႔ေရာက္ေနခဲ့ၿပီးနံနက္၆နာရီကတည္းက နာရီမ်ားစြာေစာင့္ဆိုင္းခဲ့ပါတယ္။

သူဟာေရာ္နယ္ဒိုမိသားစုဓာတ္ပုံပါအက်ႌကိုဝတ္ဆင္ထားၿပီး ဓာတ္ပုံ႐ိုက္ကူးခြင့္ေပးရန္ ေရးသားထားတဲ့ဆိုင္းဘုတ္ကိုကိုင္ေဆာင္ထားခဲ့ပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ Lamborghini ကားျဖင့္ေရာက္လာခဲ့ေသာ္လည္းကားရပ္ကာဓာတ္ပုံ႐ိုက္ကူးေပးခဲ့ျခင္းမရွိပါဘူး။

မန္ယူအမာခံပရိသတ္မ်ားဟာေန႔လည္ပိုင္းအခ်ိန္အထိေလ့က်င့္ေရးကြင္းအျပင္ဘက္တြင္ေစာင့္ဆိုင္းကာေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံခြင့္ရရွိဖို႔ႀကိဳးပမ္းခဲ့ေပမယ့္လည္းေအာင္ျမင္ခဲ့ျခင္းမရွိပါဘူး။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာလာမယ့္စေနေန႔နယူးကာဆယ္ႏွင့္ပြဲစဥ္တြင္မန္ယူအတြက္ပထမဆုံးပြဲကိုကစားလာဖို႔ရွိပါတယ္။