လူနေမှုဘဝစတိုင်ကွဲပြားမှုကြောင့် မန်စီးတီးစတားဒိုင်ယက်စ်နှင့်ချစ်သူပေါ့စတားဧပြီအိုင်ဗီတို့လမ်းခွဲလိုက်ကြပြီ

မန်စီးတီးစတားရူဘင်ဒိုင်ယက်စ်နှင့်ချစ်သူပေါ့စတားဧပြီအိုင်ဗီတို့ဟာသုံးနှစ်နီးပါးကြာချစ်ကြိုက်လက်တွဲလာခဲ့ကြပေမယ့်လမ်းခွဲရန်ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။

ပေါ်တူဂီဗဟိုနောက်ခံလူဟာဆိုရှယ်မီဒီယာအကောင့်မှဧပြီအိုင်ဗီနှင့်သက်ဆိုင်တဲ့အရာမှန်သမျှကိုဖယ်ရှားကာလမ်းခွဲလိုက်ပြီဖြစ်ကြောင်းကြေညာလာတာလည်းဖြစ်ပါတယ်။

ပေါ်တူဂီမဂ္ဂဇင်း FLASH! ကရူဘင်ဒိုင်ယက်စ်နှင့်ဧပြီအိုင်ဗီတို့ဟာလူနေမှုဘဝစတိုင်ကွဲပြားမှုနဲ့အတူလမ်းခွဲရန်ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပေါ့အဆိုတော်ဟာနွေရာသီတုန်းကဂရိသို့သွားရောက်ကာရူဘင်ဒိုင်ယက်စ်နှင့်အတူအပန်းဖြေခရီးထွက်ခဲ့သူဖြစ်ပြီးဗြိတိန်သို့အတူလိုက်ပါခဲ့သူလည်းဖြစ်ပါတယ်။မန်စီးတီးရဲ့ပေါင်၆၄သန်းတန်ဗဟိုနောက်ခံလူကအေးတိအေးစက်ဖြင့်ခပ်ရိုးရိုးလေးနေတတ်ပေမယ့်အဆိုတော်တစ်ဦးဖြစ်တဲ့ဧပြီလကမြူးမြူးကြွကြွနေတတ်ပါတယ်။

၂၀၁၈ခုနှစ်ကတည်းကချစ်ကြိုက်လက်တွဲလာခဲ့ကြတဲ့ရူဘင်ဒိုင်ယက်စ်နှင့်ဧပြီတို့ဘက်ကတော့၎င်းတို့အကြားဆက်ဆံရေးနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာတရားဝင်ပြောကြားလာခြင်းတော့မရှိသေးပါဘူး။

ရုပ်ရည်ချောမောလှပတဲ့အဆိုတော်ဧပြီအိုင်ဗီရဲ့အမည်ရင်းကမာရီယာနာဂွန်ကယ်ဗက်စ်ဖြစ်ပြီးသူမကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ Be Ok သီချင်းက ပေါ်တူဂီတွင်နာမည်ကျော်ကြားလူကြိုက်များကာနံပါတ်တစ်နေရာသို့ရောက်ခဲ့တဲ့သီချင်းဖြစ်ပါတယ်။

ZawGyi

လူေနမႈဘဝစတိုင္ကြဲျပားမႈေၾကာင့္ မန္စီးတီးစတားဒိုင္ယက္စ္ႏွင့္ခ်စ္သူေပါ့စတားဧၿပီအိုင္ဗီတို႔လမ္းခြဲလိုက္ၾကၿပီ

မန္စီးတီးစတား႐ူဘင္ဒိုင္ယက္စ္ႏွင့္ခ်စ္သူေပါ့စတားဧၿပီအိုင္ဗီတို႔ဟာသုံးႏွစ္နီးပါးၾကာခ်စ္ႀကိဳက္လက္တြဲလာခဲ့ၾကေပမယ့္လမ္းခြဲရန္ဆုံးျဖတ္လိုက္ၾကၿပီျဖစ္ပါတယ္။

ေပၚတူဂီဗဟိုေနာက္ခံလူဟာဆိုရွယ္မီဒီယာအေကာင့္မွဧၿပီအိုင္ဗီႏွင့္သက္ဆိုင္တဲ့အရာမွန္သမွ်ကိုဖယ္ရွားကာလမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာတာလည္းျဖစ္ပါတယ္။

ေပၚတူဂီမဂၢဇင္း FLASH! က႐ူဘင္ဒိုင္ယက္စ္ႏွင့္ဧၿပီအိုင္ဗီတို႔ဟာလူေနမႈဘဝစတိုင္ကြဲျပားမႈနဲ႔အတူလမ္းခြဲရန္ဆုံးျဖတ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေပါ့အဆိုေတာ္ဟာေႏြရာသီတုန္းကဂရိသို႔သြားေရာက္ကာ႐ူဘင္ဒိုင္ယက္စ္ႏွင့္အတူအပန္းေျဖခရီးထြက္ခဲ့သူျဖစ္ၿပီးၿဗိတိန္သို႔အတူလိုက္ပါခဲ့သူလည္းျဖစ္ပါတယ္။မန္စီးတီးရဲ႕ေပါင္၆၄သန္းတန္ဗဟိုေနာက္ခံလူကေအးတိေအးစက္ျဖင့္ခပ္႐ိုး႐ိုးေလးေနတတ္ေပမယ့္အဆိုေတာ္တစ္ဦးျဖစ္တဲ့ဧၿပီလကျမဴးျမဴးႂကြႂကြေနတတ္ပါတယ္။

၂၀၁၈ခုႏွစ္ကတည္းကခ်စ္ႀကိဳက္လက္တြဲလာခဲ့ၾကတဲ့႐ူဘင္ဒိုင္ယက္စ္ႏွင့္ဧၿပီတို႔ဘက္ကေတာ့၎တို႔အၾကားဆက္ဆံေရးႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာတရားဝင္ေျပာၾကားလာျခင္းေတာ့မရွိေသးပါဘူး။

႐ုပ္ရည္ေခ်ာေမာလွပတဲ့အဆိုေတာ္ဧၿပီအိုင္ဗီရဲ႕အမည္ရင္းကမာရီယာနာဂြန္ကယ္ဗက္စ္ျဖစ္ၿပီးသူမကိုယ္တိုင္ေရးစပ္သီဆိုထားတဲ့ Be Ok သီခ်င္းက ေပၚတူဂီတြင္နာမည္ေက်ာ္ၾကားလူႀကိဳက္မ်ားကာနံပါတ္တစ္ေနရာသို႔ေရာက္ခဲ့တဲ့သီခ်င္းျဖစ္ပါတယ္။