အလုပ်လုပ်ခွင့်ပါမစ်နှင့်ကိုဗစ်ကန့်သတ်ချက်ကြောင့် အာဆင်နယ်ပွဲကို ယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်ကိုင်တွယ်နိုင်ဖွယ်မရှိ

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူများဟာအလုပ်လုပ်ခွင့်ပါမစ်နှင့်ကိုဗစ်ကန့်သတ်ချက်များကြောင့်အသစ်ခန့်အပ်လိုက်တဲ့ယာယီနည်းပြရေးဖ်ရန်နစ်ခ်မှာကြာသပတေးနေ့အာဆင်နယ်နှင့်ပွဲစဉ်ကိုမကိုင်တွယ်နိုင်မှာစိုးရိမ်နေရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာတနင်္လာနေ့တုန်းကရေးဖ်ရန်နစ်ခ်ကိုယာယီနည်းပြအဖြစ်ယခုရာသီအကုန်အထိခန့်အပ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။

ဒါပေမယ့်ဂျာမန်လူမျိုးနည်းပြဟာအလုပ်လုပ်ပါမစ်ရရှိရေးကြိုးပမ်းရာတွင်ကြိုးနီစနစ်ကြောင့်ကြန့်ကြာနိုင်သလိုကိုဗစ်ကန့်သတ်ချက်သစ်များကြောင့် အသင်းကိုကိုင်တွယ်ရေးကြန့်ကြာလာနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသားများနှင့်နည်းပြအဖွဲ့ဝင်များဟာတနင်္လာနေ့ကာရင်တန်လေ့ကျင့်ခန်းအစီအစဉ်တွင်နည်းပြသစ်ရန်နစ်ခ်မှာအလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရမှုကြောင့်ယခုအပတ်အကုန်တွင်မှာအသင်းကိုစတင်ကြီးကြပ်နိုင်ကြောင်းဆိုထားပါတယ်။

ဒါ့အပြင်ကိုဗစ်ကန့်သတ်ချက်သစ်များလည်းရှိနေရာရန်နစ်ခ်အနေဖြင့်အာဆင်နယ်နှင့်ပွဲကိုကိုင်တွယ်နိုင်ဖို့မရှိဘဲတနင်္ဂနွေနေ့ပဲလေ့စ်နှင့်ပွဲတွင်မှစတင်ကိုင်တွယ်နိုင်ဖို့ရှိပါတယ်။

အကယ်၍ရေးဖ်ရန်နစ်ခ်သာမကိုင်တွယ်နိုင်ပါကမိုက်ကယ်ကာရစ်ကပင်လာမယ့်အာဆင်နယ်နှင့်ပွဲစဉ်ကိုလည်းကြီးကြပ်သွားပါမယ်။မိုက်ကယ်ကာရစ်ဟာယူနိုက်တက်အားယာယီနည်းပြအဖြစ်နှစ်ပွဲကိုင်တွယ်ထားရာတွင်ဗီလာရီးရဲလ်ကိုအနိုင်ရရှိထားပြီးချဲလ်ဆီးနှင့်သရေကျထားပါတယ်။

ZawGyi

အလုပ္လုပ္ခြင့္ပါမစ္ႏွင့္ကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္ အာဆင္နယ္ပြဲကို ယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္ကိုင္တြယ္ႏိုင္ဖြယ္မရွိ

မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူမ်ားဟာအလုပ္လုပ္ခြင့္ပါမစ္ႏွင့္ကိုဗစ္ကန႔္သတ္ခ်က္မ်ားေၾကာင့္အသစ္ခန႔္အပ္လိုက္တဲ့ယာယီနည္းျပေရးဖ္ရန္နစ္ခ္မွာၾကာသပေတးေန႔အာဆင္နယ္ႏွင့္ပြဲစဥ္ကိုမကိုင္တြယ္ႏိုင္မွာစိုးရိမ္ေနရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာတနလၤာေန႔တုန္းကေရးဖ္ရန္နစ္ခ္ကိုယာယီနည္းျပအျဖစ္ယခုရာသီအကုန္အထိခန႔္အပ္လိုက္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ဂ်ာမန္လူမ်ိဳးနည္းျပဟာအလုပ္လုပ္ပါမစ္ရရွိေရးႀကိဳးပမ္းရာတြင္ႀကိဳးနီစနစ္ေၾကာင့္ၾကန႔္ၾကာႏိုင္သလိုကိုဗစ္ကန႔္သတ္ခ်က္သစ္မ်ားေၾကာင့္ အသင္းကိုကိုင္တြယ္ေရးၾကန႔္ၾကာလာႏိုင္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကစားသားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားဟာတနလၤာေန႔ကာရင္တန္ေလ့က်င့္ခန္းအစီအစဥ္တြင္နည္းျပသစ္ရန္နစ္ခ္မွာအလုပ္လုပ္ခြင့္ပါမစ္ေစာင့္ဆိုင္းေနရမႈေၾကာင့္ယခုအပတ္အကုန္တြင္မွာအသင္းကိုစတင္ႀကီးၾကပ္ႏိုင္ေၾကာင္းဆိုထားပါတယ္။

ဒါ့အျပင္ကိုဗစ္ကန႔္သတ္ခ်က္သစ္မ်ားလည္းရွိေနရာရန္နစ္ခ္အေနျဖင့္အာဆင္နယ္ႏွင့္ပြဲကိုကိုင္တြယ္ႏိုင္ဖို႔မရွိဘဲတနဂၤေႏြေန႔ပဲေလ့စ္ႏွင့္ပြဲတြင္မွစတင္ကိုင္တြယ္ႏိုင္ဖို႔ရွိပါတယ္။

အကယ္၍ေရးဖ္ရန္နစ္ခ္သာမကိုင္တြယ္ႏိုင္ပါကမိုက္ကယ္ကာရစ္ကပင္လာမယ့္အာဆင္နယ္ႏွင့္ပြဲစဥ္ကိုလည္းႀကီးၾကပ္သြားပါမယ္။မိုက္ကယ္ကာရစ္ဟာယူႏိုက္တက္အားယာယီနည္းျပအျဖစ္ႏွစ္ပြဲကိုင္တြယ္ထားရာတြင္ဗီလာရီးရဲလ္ကိုအႏိုင္ရရွိထားၿပီးခ်ဲလ္ဆီးႏွင့္သေရက်ထားပါတယ္။