အက်သလက်တီကိုကစားသမားများအား ဒီယေဂိုဆီမြွန်နီ ပြောဆိုခွင့်ပိတ်ပင်ထားတဲ့စကားနှစ်ခုကို ထရစ်ပီယာဖွင့်ဟလာ

ကီရန်ထရစ်ပီယာကအက်သလက်တီကိုနည်းပြဒီယေဂိုဆီမြွန်နီဟာလာလီဂါဖလားအတွက်အပြင်းအထန်တိုက်ပွဲဝင်တဲ့ကာလအတွင်းတွင်ကစားသမားများအားလုံးကို ‘good morning’ ဆိုတဲ့စကားကိုပြောဆိုခွင့်ပိတ်ပင်ခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ထရစ်ပီယာဟာအက်သလက်တီကိုတွင်နှစ်ရာသီခွဲကြာကစားပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကနယူးကာဆယ်သို့ပြောင်းခဲ့ပါတယ်။

သူဟာအက်သလက်တီကိုနှင့်အတူ ၂၀၂၁ခုနှစ်လာလီဂါဖလားဆွတ်ခူးခဲ့ပါတယ်။ဆီမြွန်နီဟာလာလီဂါဖလားဆွတ်ခူးရေးကြိုးပမ်းရာမှာအံ့ဩဖို့ကောင်းတဲ့စနစ်အချို့ကိုလည်းအသုံးပြုပါတယ်။

ထရစ်ပီယာက “ခရစ္စမတ်ပြီးတော့ ကျွန်တော်တို့ဟာ ‘good morning’ ဆိုတဲ့စကားကိုပြောခွင့်မရှိတော့ပါဘူး။ မန်နေဂျာကိုယ်တိုင်ကပိတ်ပင်ထားတာပါ။ ကျွန်တော်တို့အနေနဲ့ခရစ္စမတ်နောက်ပိုင်းမှာ ချန်ပီယံတွေလိုပဲ ပြောဆိုခွင့်ရှိပါတော့တယ်။ခရစ္စမတ်မှာဒီစည်းမျဉ်းချမှတ်လိုက်တာပါ။ ‘good morning’ဆိုတဲ့စကားကိုပြောလို့မရတော့ပါဘူး။ချန်ပီယံဖြစ်လာတော့မှာမို့ ချန်ပီယံတွေလိုပဲပြောခွင့်ရှိပါတော့တယ်”လို့ပြောကြားသွားပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာရာသီသိမ်းပွဲတွင်ဗယ်လာဒိုးလစ်ကိုနောက်ကလိုက်ကစားပြီး၂-၁ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံဖြစ်ခဲ့ပါတယ်။၎င်းတို့ဟာ၇နှစ်အတွင်းပထမဆုံးဖလားကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ထရစ်ပီယာဟာပြီးခဲ့တဲ့ဘောလုံးရာသီတွင်၂၈ပွဲပွဲထွက်ကစားခဲ့ရာမှာ၆ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

Zawgyi

အက္သလက္တီကိုကစားသမားမ်ားအား ဒီေယဂိုဆီႁမြန္နီ ေျပာဆိုခြင့္ပိတ္ပင္ထားတဲ့စကားႏွစ္ခုကို ထရစ္ပီယာဖြင့္ဟလာ

ကီရန္ထရစ္ပီယာကအက္သလက္တီကိုနည္းျပဒီေယဂိုဆီႁမြန္နီဟာလာလီဂါဖလားအတြက္အျပင္းအထန္တိုက္ပြဲဝင္တဲ့ကာလအတြင္းတြင္ကစားသမားမ်ားအားလုံးကို ‘good morning’ ဆိုတဲ့စကားကိုေျပာဆိုခြင့္ပိတ္ပင္ခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ထရစ္ပီယာဟာအက္သလက္တီကိုတြင္ႏွစ္ရာသီခြဲၾကာကစားၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကနယူးကာဆယ္သို႔ေျပာင္းခဲ့ပါတယ္။

သူဟာအက္သလက္တီကိုႏွင့္အတူ ၂၀၂၁ခုႏွစ္လာလီဂါဖလားဆြတ္ခူးခဲ့ပါတယ္။ဆီႁမြန္နီဟာလာလီဂါဖလားဆြတ္ခူးေရးႀကိဳးပမ္းရာမွာအံ့ဩဖို႔ေကာင္းတဲ့စနစ္အခ်ိဳ႕ကိုလည္းအသုံးျပဳပါတယ္။

ထရစ္ပီယာက “ခရစၥမတ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ဟာ ‘good morning’ ဆိုတဲ့စကားကိုေျပာခြင့္မရွိေတာ့ပါဘူး။ မန္ေနဂ်ာကိုယ္တိုင္ကပိတ္ပင္ထားတာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ခရစၥမတ္ေနာက္ပိုင္းမွာ ခ်န္ပီယံေတြလိုပဲ ေျပာဆိုခြင့္ရွိပါေတာ့တယ္။ခရစၥမတ္မွာဒီစည္းမ်ဥ္းခ်မွတ္လိုက္တာပါ။ ‘good morning’ဆိုတဲ့စကားကိုေျပာလို႔မရေတာ့ပါဘူး။ခ်န္ပီယံျဖစ္လာေတာ့မွာမို႔ ခ်န္ပီယံေတြလိုပဲေျပာခြင့္ရွိပါေတာ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အက္သလက္တီကိုမက္ဒရစ္ဟာရာသီသိမ္းပြဲတြင္ဗယ္လာဒိုးလစ္ကိုေနာက္ကလိုက္ကစားၿပီး၂-၁ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံျဖစ္ခဲ့ပါတယ္။၎တို႔ဟာ၇ႏွစ္အတြင္းပထမဆုံးဖလားကိုရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ထရစ္ပီယာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတြင္၂၈ပြဲပြဲထြက္ကစားခဲ့ရာမွာ၆ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။