ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းဟောင်းစပို့တင်းက ဆက်သွယ်နေသလို ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလီလည်း ဆက်သွယ်နေ

ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝပထမဆုံးကလပ် စပို့တင်းလစ္စဘွန်းသို့ ပြန်လည်ပြောင်းရွှေ့သွားနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကဂျူဗင်တပ်မှမန်ချက်စတာယူနိုက်တက်သို့ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက်၃၈ပွဲကစားထားရာမှာ၂၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၆နေရာမှာသာရပ်တည်နိုင်မှုအပေါ်အကြီးအကျယ်စိတ်ပျက်နေပါတယ်။

အစောပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကနည်းပြသစ်အဲရစ်တန်ဟက်ကိုယူနိုက်တက်တွင်ပင်ဆက်ရှိနေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့၎င်းကအဲရစ်တန်ဟက်ကဆက်ရှိနေလိုမှသာဆက်ကစားသွားမယ်လို့ဆိုခဲ့တာပါ။

တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုနွေရာသီတွင်ကလပ်ရဲ့ကစားသမားခေါ်ယူအားဖြည့်မှုမရှိသေးမှုအပေါ်အကြီးအကျယ်စိတ်ပျက်ကာ လာမယ့်ရာသီတွင်ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်ခြင်းမရှိမည်ကိုစိုးရိမ်နေပါတယ်။

ယင်းသို့အချိန်တွင်စပို့တင်းလစ္စဘွန်းမှတာဝန်ရှိသူများဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအသင်းသို့ပြန်လည်ခေါ်ဆောင်လာနိုင်ရေးအတွက်ဆက်သွယ်မှုပြုလုပ်လာကြတာဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၃ခုနှစ်တုန်းကယူနိုက်တက်သို့မပြောင်းမီစပို့တင်းလစ္စဘွန်းအတွက်လိဂ်ပွဲ၂၅ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းနှင့်နီးစပ်သူတစ်ဦးက “ရော်နယ်ဒိုကဆုဖလားတွေရယူချင်တာကိုစပို့တင်းသိပါတယ်။အခုအခြေအနေမှာယူနိုက်တက်ကဆုဖလားနဲ့အဝေးကြီးမှာရှိပါတယ်။ရော်နယ်ဒိုအတွက်ကစားသမားဘဝကလည်းနောက်ဆုံးကာလသို့ရောက်နေပါတယ်။မွေးရပ်မြေပေါ်တူဂီကအိမ်သို့လာကစားပြီးကစားသမားဘဝအဆုံးသတ်တာအကောင်းဆုံးပါ”လို့ပြောကြားသွားပါတယ်။

တဖက်တွင်ချဲလ်ဆီးဥက္ကဌသစ်တော့ဒ်ဘိုလီဟာလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးအတွက်စူပါအေးဂျင့်ဂျော့မန်ဒက်စ်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ချဲလ်ဆီးဥက္ကဌအဖြစ်သာမကအပြောင်းအရွှေ့ညှိနှိုင်းရေးမှူးအဖြစ်လည်းတာဝန်ထမ်းဆောင်သွားမယ့်အမေရိကန်ဘီလျှံနာတော့ဒ်ဘိုလီဟာပြီးခဲ့တဲ့အပတ်တုန်းကပေါ်တူဂီတွင်ဂျော့မန်ဒက်စ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း The Athletic ကဖော်ပြသွားပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုကို အသင္းေဟာင္းစပို႔တင္းက ဆက္သြယ္ေနသလို ခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုလီလည္း ဆက္သြယ္ေန

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သူ႔ရဲ႕ကစားသမားဘဝပထမဆုံးကလပ္ စပို႔တင္းလစၥဘြန္းသို႔ ျပန္လည္ေျပာင္းေ႐ႊ႕သြားႏိုင္တဲ့အေနအထားမွာရွိေနပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းကဂ်ဴဗင္တပ္မွမန္ခ်က္စတာယူႏိုက္တက္သို႔ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္အတြက္၃၈ပြဲကစားထားရာမွာ၂၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ဒါေပမဲ့သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္တြင္အဆင့္၆ေနရာမွာသာရပ္တည္ႏိုင္မႈအေပၚအႀကီးအက်ယ္စိတ္ပ်က္ေနပါတယ္။

အေစာပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကနည္းျပသစ္အဲရစ္တန္ဟက္ကိုယူႏိုက္တက္တြင္ပင္ဆက္ရွိေနမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ဒါေပမဲ့၎ကအဲရစ္တန္ဟက္ကဆက္ရွိေနလိုမွသာဆက္ကစားသြားမယ္လို႔ဆိုခဲ့တာပါ။

တဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုေႏြရာသီတြင္ကလပ္ရဲ႕ကစားသမားေခၚယူအားျဖည့္မႈမရွိေသးမႈအေပၚအႀကီးအက်ယ္စိတ္ပ်က္ကာ လာမယ့္ရာသီတြင္ပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္ျခင္းမရွိမည္ကိုစိုးရိမ္ေနပါတယ္။

ယင္းသို႔အခ်ိန္တြင္စပို႔တင္းလစၥဘြန္းမွတာဝန္ရွိသူမ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုအသင္းသို႔ျပန္လည္ေခၚေဆာင္လာႏိုင္ေရးအတြက္ဆက္သြယ္မႈျပဳလုပ္လာၾကတာျဖစ္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၀၃ခုႏွစ္တုန္းကယူႏိုက္တက္သို႔မေျပာင္းမီစပို႔တင္းလစၥဘြန္းအတြက္လိဂ္ပြဲ၂၅ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။

စပို႔တင္းလစၥဘြန္းႏွင့္နီးစပ္သူတစ္ဦးက “ေရာ္နယ္ဒိုကဆုဖလားေတြရယူခ်င္တာကိုစပို႔တင္းသိပါတယ္။အခုအေျခအေနမွာယူႏိုက္တက္ကဆုဖလားနဲ႔အေဝးႀကီးမွာရွိပါတယ္။ေရာ္နယ္ဒိုအတြက္ကစားသမားဘဝကလည္းေနာက္ဆုံးကာလသို႔ေရာက္ေနပါတယ္။ေမြးရပ္ေျမေပၚတူဂီကအိမ္သို႔လာကစားၿပီးကစားသမားဘဝအဆုံးသတ္တာအေကာင္းဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။

တဖက္တြင္ခ်ဲလ္ဆီးဥကၠဌသစ္ေတာ့ဒ္ဘိုလီဟာလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူေရးအတြက္စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဥကၠဌအျဖစ္သာမကအေျပာင္းအေ႐ႊ႕ညႇိႏႈိင္းေရးမႉးအျဖစ္လည္းတာဝန္ထမ္းေဆာင္သြားမယ့္အေမရိကန္ဘီလွ်ံနာေတာ့ဒ္ဘိုလီဟာၿပီးခဲ့တဲ့အပတ္တုန္းကေပၚတူဂီတြင္ေဂ်ာ့မန္ဒက္စ္ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း The Athletic ကေဖာ္ျပသြားပါတယ္။