အေစီမီလန်နဲ့အတူ စွန့်စားရမယ်

အင်္ဂါည ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

အေစီမီလန် နှင့် အက်သလက်တီကို (ည ၁း၃၀)(အိုဇုန်း)

စီးရီးအေချန်ပီယံဆုကိုချိန်ရွယ်ချင်နေသလိုချန်ပီယံလိဂ်အောင်မြင်မှုလည်းပြန်ရချင်နေတဲ့အေစီမီလန်ဒီရာသီအတွက်အထူးပြင်ဆင်ထားပြီးခြေစွမ်းခြေစလည်းမဆိုးပါဘူး။

အဖွင့်ပွဲစဉ်မှာခံစစ်ယိုယွင်းမှုနဲ့အတူလီဗာပူးကိုအရေးနိမ့်လိုက်တာကြောင့်အခုပွဲမှာခြေမချော်ဖို့၊ မလိုလားအပ်ဘဲဂိုးတွေမပေးရစေဖို့ အေစီမီလန်ပြင်ဆင်လာပါလိမ့်မယ်။အက်သလက်တီကိုဆိုတာကပြီးခဲ့တဲ့ရာသီကတည်းကချန်ပီယံလိဂ်မှာခြေစွမ်းမပြနိုင်တော့ဘဲအဝေးကွင်းဆိုရင်ပိုမိုရုန်းကန်နေရတဲ့အသင်းဖြစ်တယ်။အက်သလက်တီကိုနိုင်ဖို့ဆိုတာမဖြစ်နိုင်လို့အေစီမီလန်နဲ့အတူစွန့်စားရမယ်။

zawgyi




