ဂျူဗင်တပ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးအောင်််််််််််််််လုပ်နိုင်တဲ့အသင်း၂သင်း

အတ္တလန္တာနှင့်အေစီမီလန်တို့ဟာ၎င်းတို့ထိပ်တိုက်ရင်ဆိုင်ကစားကြမယ့်စီးရီးအေရာသီသိမ်းပွဲမတိုင်မီချန်ပီယံလိဂ်ဝင်ခွင့်နေရာအခိုင်အမာရယူထားနိုင်တဲ့အခြေအနေမှာရှိပါတယ်။

အတ္တလန္တာနှင့်အေစီမီလန်တို့ဟာရမှတ်၄၂မှတ်စီရရှိထားပြီးယခုကြားရက်ပွဲစဉ်များတွင်အဆင့်၂နေရာသို့တက်လှမ်းနိုင်ခွင့်ရှိနေပါတယ်။

မနေ့ညတုန်းကနာပိုလီကအူဒီးနီးစ်ကို၅-၁ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနဲ့အတူစီးရီးအေအမှတ်ပေးဇယားအဆင့်၂နေရာသို့ယာယီတက်လှမ်းထားနိုင်ပါတယ်။

ဂျူဗင်တပ်ဟာရမှတ်၆၉မှတ်ရရှိထားပြီးလာဇီယိုက၆၄မှတ်(တစ်ပွဲလျှော့ကစားထား)ရရှိထားပါတယ်။

အတ္တလန္တာနှင့်အေစီမီလန်တို့ဟာစီးရီးအေရာသီသိမ်းပွဲစဉ်အဖြစ်ရင်ဆိုင်ကစားကြရမှာဖြစ်ပြီးယင်းပွဲမှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲဖြစ်လာဖို့ရှိပါတယ်။

ဒါပေမယ့်လည်းအေစီမီလန်ကဂျူဗင်တပ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိမှုနဲ့အတူယင်းပွဲမှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အဆုံးအဖြတ်ပွဲဖြစ်မလာအောင်လုပ်ဆောင်နိုင်ခွင့်ရှိနေပါတယ်။

အတ္တလန္တာနှင့်အေစီမီလန်တို့ဟာရာသီသိမ်းပွဲမတိုင်မီပွဲနှစ်ပွဲကိုအနိုင်ရရှိအောင်ကစားနိုင်ပါကချန်ပီယံလိဂ်ဝင်ခွင့်ထိပ်ဆုံးလေးသင်းစာရင်းဝင်ရန်သေချာနေပါတယ်။၎င်းတို့ဟာလာမယ့်ပွဲများကိုအနိုင်ရရှိမည်ဆိုပါကဂျူဗင်တပ်ကိုရမှတ်၃မှတ်ဆက်လက်ဖြတ်ထားနိုင်ကြပါမယ်။

၎င်းတို့ဟာလာမယ့်ပွဲနှစ်ပွဲကိုအနိုင်ရရှိပြီးရာသီသိမ်းပွဲထိပ်တိုက်တွေ့ဆုံရာတွင်ရှုံးနိမ့်ပါကလည်းချန်ပီယံလိဂ်ဝင်ခွင့်အတွက်အာမခံချက်ရှိနေပါတယ်။၎င်းတို့ဟာထိပ်တိုက်တွေ့ဆုံမှုအပိုင်းတွင်ဂျူဗင်တပ်ကိုအသာစီးရယူထားနိုင်မှုနဲ့အတူထိပ်ဆုံးလေးသင်းစာရင်းဝင်ရန်သေချာနေတာလည်းဖြစ်ပါတယ်။

အေစီမီလန်ဟာအိမ်ကွင်းမှာဂျူဗင်တပ်ကို၃-၁ဖြင့်ရှုံးနိမ့်ခဲ့ပေမယ့်အဝေးကွင်းမှာ၃-၀ဂိုးဖြင့်အနိုင်ရယူထားနိုင်ရာထိပ်တိုက်တွေ့ဆုံမှုအရအသာစီးရနေပါတယ်။

အတ္တလန္တာမှာလည်းဘာဂါမိုတွင်ဂျူဗင်တပ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိထားပြီးဂျူဗင်တပ်ကွင်းတွင်၁-၁သရေကစားထားနိုင်ပါတယ်။

ဒါကြောင့်အတ္တလန္တာနှင့်အေစီမီလန်တို့ဟာလာမယ့်စီးရီးအေပွဲနှစ်ပွဲကိုအနိုင်ရရှိပါကဂျူဗင်တပ်အနေဖြင့်ဆက်စ်ဆူလို၊အင်တာအပြင်ရာသီသိမ်းပွဲတွင်အနိုင်ရရှိလျှင်လည်းချန်ပီယံလိဂ်ဝင်ခွင့်နေရာအသီးသီးရယူထားနိုင်ကြပါမယ်။

zawgyi

ဂ်ဴဗင္တပ္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးေအာင္ပဳလုပ္ႏိုင္တဲ့အသင္း၂သင္း

အတၱလႏၲာႏွင့္ေအစီမီလန္တို႔ဟာ၎တို႔ထိပ္တိုက္ရင္ဆိုင္ကစားၾကမယ့္စီးရီးေအရာသီသိမ္းပြဲမတိုင္မီခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအခိုင္အမာရယူထားႏိုင္တဲ့အေျခအေနမွာရွိပါတယ္။

အတၱလႏၲာႏွင့္ေအစီမီလန္တို႔ဟာရမွတ္၄၂မွတ္စီရရွိထားၿပီးယခုၾကားရက္ပြဲစဥ္မ်ားတြင္အဆင့္၂ေနရာသို႔တက္လွမ္းႏိုင္ခြင့္ရွိေနပါတယ္။

မေန႔ညတုန္းကနာပိုလီကအူဒီးနီးစ္ကို၅-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့မႈနဲ႔အတူစီးရီးေအအမွတ္ေပးဇယားအဆင့္၂ေနရာသို႔ယာယီတက္လွမ္းထားႏိုင္ပါတယ္။

ဂ်ဴဗင္တပ္ဟာရမွတ္၆၉မွတ္ရရွိထားၿပီးလာဇီယိုက၆၄မွတ္(တစ္ပြဲေလွ်ာ့ကစားထား)ရရွိထားပါတယ္။

အတၱလႏၲာႏွင့္ေအစီမီလန္တို႔ဟာစီးရီးေအရာသီသိမ္းပြဲစဥ္အျဖစ္ရင္ဆိုင္ကစားၾကရမွာျဖစ္ၿပီးယင္းပြဲမွာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေရးပါတဲ့ပြဲျဖစ္လာဖို႔ရွိပါတယ္။

ဒါေပမယ့္လည္းေအစီမီလန္ကဂ်ဴဗင္တပ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိမႈနဲ႔အတူယင္းပြဲမွာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အဆုံးအျဖတ္ပြဲျဖစ္မလာေအာင္လုပ္ေဆာင္ႏိုင္ခြင့္ရွိေနပါတယ္။

အတၱလႏၲာႏွင့္ေအစီမီလန္တို႔ဟာရာသီသိမ္းပြဲမတိုင္မီပြဲႏွစ္ပြဲကိုအႏိုင္ရရွိေအာင္ကစားႏိုင္ပါကခ်န္ပီယံလိဂ္ဝင္ခြင့္ထိပ္ဆုံးေလးသင္းစာရင္းဝင္ရန္ေသခ်ာေနပါတယ္။၎တို႔ဟာလာမယ့္ပြဲမ်ားကိုအႏိုင္ရရွိမည္ဆိုပါကဂ်ဴဗင္တပ္ကိုရမွတ္၃မွတ္ဆက္လက္ျဖတ္ထားႏိုင္ၾကပါမယ္။

၎တို႔ဟာလာမယ့္ပြဲႏွစ္ပြဲကိုအႏိုင္ရရွိၿပီးရာသီသိမ္းပြဲထိပ္တိုက္ေတြ႕ဆုံရာတြင္ရႈံးနိမ့္ပါကလည္းခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အာမခံခ်က္ရွိေနပါတယ္။၎တို႔ဟာထိပ္တိုက္ေတြ႕ဆုံမႈအပိုင္းတြင္ဂ်ဴဗင္တပ္ကိုအသာစီးရယူထားႏိုင္မႈနဲ႔အတူထိပ္ဆုံးေလးသင္းစာရင္းဝင္ရန္ေသခ်ာေနတာလည္းျဖစ္ပါတယ္။

ေအစီမီလန္ဟာအိမ္ကြင္းမွာဂ်ဴဗင္တပ္ကို၃-၁ျဖင့္ရႈံးနိမ့္ခဲ့ေပမယ့္အေဝးကြင္းမွာ၃-၀ဂိုးျဖင့္အႏိုင္ရယူထားႏိုင္ရာထိပ္တိုက္ေတြ႕ဆုံမႈအရအသာစီးရေနပါတယ္။

အတၱလႏၲာမွာလည္းဘာဂါမိုတြင္ဂ်ဴဗင္တပ္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိထားၿပီးဂ်ဴဗင္တပ္ကြင္းတြင္၁-၁သေရကစားထားႏိုင္ပါတယ္။

ဒါေၾကာင့္အတၱလႏၲာႏွင့္ေအစီမီလန္တို႔ဟာလာမယ့္စီးရီးေအပြဲႏွစ္ပြဲကိုအႏိုင္ရရွိပါကဂ်ဴဗင္တပ္အေနျဖင့္ဆက္စ္ဆူလို၊အင္တာအျပင္ရာသီသိမ္းပြဲတြင္အႏိုင္ရရွိလွ်င္လည္းခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအသီးသီးရယူထားႏိုင္ၾကပါမယ္။