”မီလန်ဒါဘီမှာ ရှုံးကြွေးဆပ်မယ့်အသင်းက”

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်

အေစီမီလန် နှင့် အင်တာမီလန် (ည ၈:၃၀)(မြန်မာပြည်ဂုရု)

အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အင်တာမီလန်နဲ့ ဒုတိယနေရာကနေတစ်မှတ်အကွာနဲ့ ကပ်လိုက်နေတဲ့အေစီမီလန်တို့ ထိပ်တိုက်ယှဉ်ပြိုင်မှုပါ။ပြည်ပပွဲကစားဖို့မရှိတော့လို့ အင်တာမီလန်အနေနဲ့စီးရီးအေတစ်ခုတည်းကိုအာရုံစိုက်ခွင့်ရရှိနေပြီးဒါဟာသူတို့အတွက်အကြီးမားဆုံးအားသာချက်ဖြစ်တယ်။

အေစီမီလန်ကတော့ခံစစ်ယိုယွင်းမှုရှိနေပြီးကြားရက်မှာယူရိုပါလိဂ်အဝေးကွင်းပွဲလည်းကစားထားရလို့ ပွဲပန်းနေပါလိမ့်မယ်။မီလန်ဒါဘီမှာပထမအကျော့ရှုံးကြွေးဆပ်ပြီးနိုင်မယ့်အသင်းကအင်တာမီလန်ပါ။

zawgyi




