ပွဲစဉ်၂ပွဲလွဲချော်မည့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်

အေစီမီလန်နည်းပြပီအိုလီကဝါရင့်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်မှာတိုရီနို၊ကက်ဂလီယာရီတို့နှင့်ပွဲစဉ်များတွင်ပါဝင်လာမည်မဟုတ်ဘဲလာမယ့်အပတ်တွင်မှဒဏ်ရာအခြေအနေတိုးတက်မှုကိုကြည့်ရမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကဂျူဗင်တပ်ကို၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဒူးဒဏ်ရာရရှိခဲ့ပါတယ်။သူဟာအင်္ဂါနေ့တုန်းကဒူးဒဏ်ရာအခြေအနေကိုစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနည်းပြပီအိုလီကယနေ့ညတွင်ကစားမယ့်တိုရီနိုနှင့်ပွဲအပြင်တနင်္ဂနွေနေ့တွင်ကက်ဂလီယာရီနှင့်ရင်ဆိုင်ရမယ့်ပွဲကိုလည်းလွဲချော်မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ပီအိုလီက “သတင်းဆိုးတစ်ခုကတော့သူ့(အီဘရာဟီမိုဗစ်)ဒဏ်ရာပါ။မနက်ဖြန်ပွဲနဲ့တနင်္ဂနွေနေ့ကက်ဂလီယာရီပွဲမှာသူပါဝင်နိုင်မှာမဟုတ်ပါဘူး။လာမယ့်အပတ်ကျမှသူ့တိုးတက်မှုကိုကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။အေစီမီလန်ဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၄နေရာတွင်ရပ်တည်နေပြီးလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးတိုက်ပွဲဝင်နေပါတယ်။

zawgyi

ပြဲစဥ္၂ပြဲလြဲေခ်ာ္မည့္တိုက္စစ္မႉးအီဘရာဟီမိုဗစ္

ေအစီမီလန္နည္းျပပီအိုလီကဝါရင့္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္မွာတိုရီႏို၊ကက္ဂလီယာရီတို႔ႏွင့္ပြဲစဥ္မ်ားတြင္ပါဝင္လာမည္မဟုတ္ဘဲလာမယ့္အပတ္တြင္မွဒဏ္ရာအေျခအေနတိုးတက္မႈကိုၾကည့္ရမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ဆြီဒင္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့အပတ္တုန္းကဂ်ဴဗင္တပ္ကို၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဒူးဒဏ္ရာရရွိခဲ့ပါတယ္။သူဟာအဂၤါေန႔တုန္းကဒူးဒဏ္ရာအေျခအေနကိုစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီးနည္းျပပီအိုလီကယေန႔ညတြင္ကစားမယ့္တိုရီႏိုႏွင့္ပြဲအျပင္တနဂၤေႏြေန႔တြင္ကက္ဂလီယာရီႏွင့္ရင္ဆိုင္ရမယ့္ပြဲကိုလည္းလြဲေခ်ာ္မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ပီအိုလီက “သတင္းဆိုးတစ္ခုကေတာ့သူ႔(အီဘရာဟီမိုဗစ္)ဒဏ္ရာပါ။မနက္ျဖန္ပြဲနဲ႔တနဂၤေႏြေန႔ကက္ဂလီယာရီပြဲမွာသူပါဝင္ႏိုင္မွာမဟုတ္ပါဘူး။လာမယ့္အပတ္က်မွသူ႔တိုးတက္မႈကိုၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ေအစီမီလန္ဟာစီးရီးေအအမွတ္ေပးဇယားအဆင့္၄ေနရာတြင္ရပ္တည္ေနၿပီးလာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးတိုက္ပြဲဝင္ေနပါတယ္။