ချန်ပီယံလိဂ်အပေါ်တွင် အနာဂတ်မူတည်နေခြင်းမရှိကြောင်း ကယ်ဟာနိုဂလူပြောကြား

ဟာကန်ကယ်ဟာနိုဂလူကသူ့ရဲ့အေစီမီလန်အနာဂတ်မှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုအပေါ်တွင်မူတည်နေခြင်းမရှိကြောင်းပြောကြားလိုက်ပါတယ်။တူရကီလက်ရွေးစင်ကွင်းလယ်ဖန်တီးရှင်ဟာလာမယ့်ဇွန်လ၃၀ရက်နေ့မှာအေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

အေစီမီလန်အသင်းတာဝန်ရှိသူများဟာယခုရာသီအစောပိုင်းကတည်းကလေဗာကူဆင်ကစားသမားဟောင်းအားစာချုပ်သက်တမ်းတိုးရေးအတွက်ဆွေးနွေးလာခဲ့ကြသော်လည်းအောင်မြင်ခြင်းမရှိပါဘူး။

အေစီမီလန်ဟာယခုရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အခြေအနေကောင်းနေပြီးဝင်ခွင့်ရရှိလျှင်ကယ်ဟာနိုဂလူအပါအဝင်ကစားသမားများကိုသက်တမ်းတိုးနိုင်မယ်လို့ယုံကြည်ရပါတယ်။

ဒါပေမယ့်ကာယကံရှင်ကတော့ “မီလန်နဲ့အတူချန်ပီယံလိဂ်ကစားချင်တယ်လို့အမြဲပြောကြာားလာခဲ့တာပါ။ဒါပေမယ့်ကျွန်တော့်အနာဂတ်ကချန်ပီယံလိဂ်အပေါ်မှာမမူတည်ပါဘူး။မီလန်အတွက်ကစားရတာအရမ်းပျော်ပါတယ်။ရာသီအကုန်ကျရင်ပါအိုလိုမာလ်ဒီနီနဲ့၊ရစ်ကီမက်စ်ဆာရာတို့နဲ့တွေ့ဆုံပြီးအနာဂတ်ကိုဆွေးနွေးသွားပါမယ်”လို့ပြောကြားသွားပါတယ်။

ကယ်ဟာနိုဂလူကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့်အခြေအနေတွင်ရှိနေမှုနဲ့အတူသူ့ကိုဂျူဗင်တပ်၊အာဆင်နယ်၊မန်ယူတို့ကလည်းခေါ်ယူရန်စိတ်ဝင်စားနေကြပါတယ်။

သူဟာယခုရာသီမှာအေစီမီလန်အတွက်စီးရီးအေတွင်၄ဂိုးနှင့်ယူရိုပါလိဂ်တွင်၅ဂိုးအသီးသီးသွင်းယူပေးထားနိုင်ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္အေပၚတြင္ အနာဂတ္မူတည္ေနျခင္းမရွိေၾကာင္း ကယ္ဟာႏိုဂလူေျပာၾကား

ဟာကန္ကယ္ဟာႏိုဂလူကသူ႔ရဲ႕ေအစီမီလန္အနာဂတ္မွာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမႈအေပၚတြင္မူတည္ေနျခင္းမရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။တူရကီလက္ေ႐ြးစင္ကြင္းလယ္ဖန္တီးရွင္ဟာလာမယ့္ဇြန္လ၃၀ရက္ေန႔မွာေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။

ေအစီမီလန္အသင္းတာဝန္ရွိသူမ်ားဟာယခုရာသီအေစာပိုင္းကတည္းကေလဗာကူဆင္ကစားသမားေဟာင္းအားစာခ်ဳပ္သက္တမ္းတိုးေရးအတြက္ေဆြးေႏြးလာခဲ့ၾကေသာ္လည္းေအာင္ျမင္ျခင္းမရွိပါဘူး။

ေအစီမီလန္ဟာယခုရာသီမွာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိရန္အေျခအေနေကာင္းေနၿပီးဝင္ခြင့္ရရွိလွ်င္ကယ္ဟာႏိုဂလူအပါအဝင္ကစားသမားမ်ားကိုသက္တမ္းတိုးႏိုင္မယ္လို႔ယုံၾကည္ရပါတယ္။

ဒါေပမယ့္ကာယကံရွင္ကေတာ့ “မီလန္နဲ႔အတူခ်န္ပီယံလိဂ္ကစားခ်င္တယ္လို႔အၿမဲေျပာၾကာားလာခဲ့တာပါ။ဒါေပမယ့္ကြၽန္ေတာ့္အနာဂတ္ကခ်န္ပီယံလိဂ္အေပၚမွာမမူတည္ပါဘူး။မီလန္အတြက္ကစားရတာအရမ္းေပ်ာ္ပါတယ္။ရာသီအကုန္က်ရင္ပါအိုလိုမာလ္ဒီနီနဲ႔၊ရစ္ကီမက္စ္ဆာရာတို႔နဲ႔ေတြ႕ဆုံၿပီးအနာဂတ္ကိုေဆြးေႏြးသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ကယ္ဟာႏိုဂလူကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ့္အေျခအေနတြင္ရွိေနမႈနဲ႔အတူသူ႔ကိုဂ်ဴဗင္တပ္၊အာဆင္နယ္၊မန္ယူတို႔ကလည္းေခၚယူရန္စိတ္ဝင္စားေနၾကပါတယ္။

သူဟာယခုရာသီမွာေအစီမီလန္အတြက္စီးရီးေအတြင္၄ဂိုးႏွင့္ယူ႐ိုပါလိဂ္တြင္၅ဂိုးအသီးသီးသြင္းယူေပးထားႏိုင္ပါတယ္။