မီလန်လမ်းမှာမီလန်ဦးထုပ်နဲ့လူတစ်ယောက်ရပ်စောင့်နေတယ်

Your Judges with 3D

📛 Nကြယ်မင်း ဟန်စိုးသွေး မင်းနဒီ

စနေ၊ တနင်္ဂနွေမှာ ပြန်လာခဲ့သူ 3D ပေါ့။ တစ်ပတ်ကလေးတိမ်းစောင်းသွားတာကို တမုဟုတ်ချင်းသေသပ်စွာ၊ ရောက်ရှိစွာတုန့်ပြန်နိုင်ခဲ့တယ်။နှစ်ပတ်လောက်ဆက်တိုက်ကျခဲ့တဲ့ Change ကAll Win နဲ့အတူ ပြန်လာခဲ့တယ်။ 3D SpecialChoice အင်တာမီလန်ကို အားကြီးနဲ့ရခဲ့တယ်။

ကြယ်နဲ့ ဟန် နှစ်ယောက်လုံး(+1)တွေပြတယ်။3D Choices နဲ့ လိုက်မယ်ဆိုလည်း ကြယ်စုံညဟာထွက်ပြေးမသွားခဲ့ပါဘူး။ ဒါဟာ ကျနော်တို့နဲ့ချစ်သော 3D ဖန်တွေအတွက် ကျေနပ်စရာပါပဲ။

ဒီညပွဲတွေအတွက်လည်း ကျနော်တို့အခုပဲရောက်လာခဲ့ပါတယ်။ အားလုံးကြွေတက်ရုံမကကြွေက တင်းနေချိန်ဖြစ်တာကြောင့် ဘယ်သူ့နောက်လိုက်ရမလဲတောင် ဝေခွဲမရဖြစ်နေနိုင်ပါတယ်။ဘာနေနေ တစ်ပွဲမှန်တစ်မှတ်ပေးစည်းမျဉ်းအရသူတို့ရပ်တည်မှုဇယားကို ဖော်ပြပေးလိုက်ပါတယ်။

ဆရာကြယ်ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီးပြီးခဲ့တဲ့အပတ်က ဆရာဟန်ကို ကျော်တက်လာတဲ့Change က ဒီတစ်ပတ်မှာ အမှတ်တူဝင်ရပ်လိုက်ပြန်ပါတယ်။ ဒါဟာ စိတဝင်စားစရာကောင်းပါတယ်။ပရိသတ်တွေနဲ့အတူ ကျနော်တို့လည်း ရင်ခုန်မိပါတယ်။

📛 Nကြယ်မင်း (31+2) 33 မှတ်📛 ဟန်စိုးသွေး (28+2) 30 မှတ်📛 မင်းနဒီ (27+3) 30 မှတ်📛 3D Choices (30+3) 33 မှတ်

📛 Nကြယ်မင်း (အေစီမီလန် – ဆဲလ်ဘာ့ဂ် (အေစီမီလန်(1-25)

အေစီမီလန်အတွက်အဆုံးအဖြတ်ပွဲစဉ်ပါ။ဒီပွဲအမီလည်းပီအိုလီကို စာချုပ်သက်တမ်းတိုးထားပါတယ်။ဒီပွဲပြီးရင်စပီဇီယာ၊ ခရီမိုနိဆီတို့နဲ့ကစားရဖို့ပဲရှိနေတာကြောင့်စိတ်ဖြောင့်ဖြောင့်တိုက်ပွဲဝင်ခွင့်လည်းရှိနေပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး၄ပွဲမှာ၁၁ဂိုးသွင်းထားနိုင်တဲ့တိုက်စစ်ကလည်းတောက်ပတဲ့ခေါ် သံပြုနိုင်ပါတယ်။

ဆဲလ်ဘာ့ဂ်လည်းနောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိနေသေးပေမယ့်သူတို့ဟာအနီးဆုံးရာသီများဆီကဆဲလ်ဘာ့ဂ်ကို ပြန်မရသေးပါဘူး။ ဒီလိုအ ဆုံးအဖြတ်ပွဲစဉ်တစ်ခုမှာမီလန်ကိုအနိုင်ယူပြီးနောက်တစ်ဆင့်တက်နိုင်စွမ်းတဲ့ဇောနဲ့ အရည်အသွေးနည်းပါးပါတယ်။ အေစီမီလန်လမ်းမှာပဲဆုံကြရ အောင်ပါ။

ဟန်စိုးသွေး (အေစီမီလန်-ဆဲလ်ဘတ်)

အေစီမီလန်ဟာချန်ပီယံလိဂ်ပွဲ၂ပွဲနိုင်၁ပွဲသရေ၂ပွဲရှုံးခဲ့ပြီး၇မှတ်ပိုင်ဆိုင်ထားတယ်။အေစီမီလန်တို့နောက်ဆုံးပွဲစဉ်အထိရုန်းကန်ရဖို့ဖြစ်လာတာကချဲလ်ဆီးကိုနှစ်ကျော့စလုံးရှုံးနိမ့်ခဲ့လို့ပါပဲ။အဝေးကွင်းမှာ၃ဂိုးပြတ်ရှုံးခဲ့သလိုအိမ်ကွင်းမှာလည်း၁၄မိနစ်မှာပဲအနီကဒ်ထိခဲ့ပြီး၂ဂိုးပြတ်ရှုံးခဲ့လို့အထိနာခဲ့ရတယ်။ပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာတော့အေစီမီလန်ကွင်းလယ်စွမ်းဆောင်ရည်ကောင်းခဲ့သလိုတိုက်စစ်လည်းထက်မြက်ခဲ့ပြီးဇာဂရက်ကွင်းမှာ၄ဂိုးပြတ်အ နိုင်ရခဲ့တယ်။

ဆဲလ်ဘတ်ကတော့အရင်ကဆဲလ်ဘတ်လိုမဟုတ်တော့ဘူးခြေစွမ်းတော်တော်လေးနိမ့်သွားတာတွေ့ရတယ်။ချဲလ်ဆီးကိုအိမ်ကွင်းမှာရှုံးခဲ့သလို ဇာဂရက်ကိုအိမ်ကွင်းမှာ၁-ဝနဲ့အနိုင်ရအောင်မနည်းရုန်းခဲ့ရတာတွေ့ရတယ်။ဆဲလ်ဘတ်ကွင်းမှာကစားခဲ့တဲ့ပကျော့မှာအေစီမီလန်ဟာဘောလုံးပိုင်မှု ၆၅ရာခိုင် နှုန်းအသာနဲ့ကစားနိုင်ခဲ့တာမို့အခုအိမ်ကွင်းမှာလည်းခြေစွမ်းအသာနဲ့ကစားနိုင်မှာသေချာတယ်။ဆဲလ်ဘတ်တိုက်စစ်နဲ့ချဉ်းကပ်လာရင်အေစီမီလန်အ ကြိုက်ဖြစ်သွားနိုင်တာမို့ အိမ်ရှင်အေစီမီလန်ကိုသာရွေးချယ်လိုက်သင့်ပါတယ်။

မင်းနဒီ(change) အေစီမီလန်-ဆဲလ်ဘာ့ဂ်

🛑 မီလန်ကသရေကျရင်ပဲနောက်တစ်ဆင့်ကိုတက်ခွင့်ရမယ်၊ ဆဲလ်ဘာ့ဂ်ကတော့နိုင်မှနောက်တစ်ဆင့်တက်ခွင့်ရမှာဖြစ်တယ်။ 1-20 ပေးထားပုံကလည်းတော်တော်စဥ်းစားရခက်ပါတယ်။ မီလန်ကအုပ်စုဗိုလ်မဖြစ်တော့ဘူး။ မရှုံးအောင်ကစားပြီးသရေထောက်ကစားသွားရင်ကိုယ်တွေရင်ကွဲ ပက်လက်ဖြစ်ကျန်ခဲ့ရမယ်။ ပထမအကျော့တုန်းကလည်းသရေကျခဲ့တာဆိုတော့သတိထားနေရတယ်။

ဒါပေမယ့်ဆဲလ်ဘာ့ဂ်မှာလူမစုံတဲ့အားနည်းချက်ရှိတယ်။ ကွင်းလယ်မှာကာပယ်လ်ဒိုနဲ့ တိုက်စစ်မှာဖာနန်ဒို၊ ခံစစ်မှာအူမာဆိုးလက်တို့မပါနိုင်တဲ့အားနည်း ချက်ကဆဲလ်ဘာ့ဂ်ကိုတော်တာ်နိမ့်သွားစေတာတော့အမှန်ပဲ။ ဒီအနေအထားမှာမီလန်တကယ်ကစားရင်အနိုင်မရနိုင်စရာမရှိဘူး။ အိမ်ကွင်းလည်းဖြစ်နေတယ်။

မီလန်ရဲ့အိမ်ကွင်းခြေစွမ်းနဲ့ ဂိုးသွင်းအားဆိုရင်လည်းအားရစရာကောင်းပါတယ်။ တိုက်စစ်မှာဘရာဟီမီဒီယက်စ်လည်းပြန်ကစားနိုင်ပြီဖြစ်တာကြောင့် လူစုံနေတယ်။ မီလန်ရဲ့အိမ်ကွင်းအားသာချက်၊ ဆဲလ်ဘာ့ဂ်မှာလူမစုံတဲ့အားနည်းချက်တွေကြောင့်မီလန်ကိုကိုင်ဖို့ စိတ်ကူးလိုက်မိပေမယ့်ဆဲလ်ဘာ့ဂ်ကလည်းသရေကျရင်ယူရိုပါလိဂ်ဘက်ကူးလို့ရသွားနိုင်တဲ့အနေအထားကသတိပြုစရာဖြစ်နေတယ်။ သရေကျသွားရင်နှစ်သင်းစလုံးအလုပ်ဖြစ်ဖို့ရှိနေသ လို နှစ်သင်းစလုံးသရေရလဒ်ကိုထိန်းသွားမလားထင်နေမိတာကြောင့်ဆဲလ်ဘာ့ဂ်နဲ့ပဲစွန့်စားလိုက်ရပါတယ်။

Your Judges with 3D

Nကြယ်မင်းရွေးချယ်မူ – အေစီမီလန်

ဟန်စိုးသွေးရွေးချယ်မူ – အေစီမီလန်

မင်းနဒီ(Change)ရွေးချယ်မူ – ဆဲလ်ဘာ့ဂ်

3D Choice – အေစီမီလန်