ကြေကွဲဖွယ်ရာဇာတ်လမ်းကို ဖွင့်ဟလာတဲ့အက်ဒရီယာနို

ဘရာဇီးတိုက်စစ်မှူးဟောင်းအက်ဒရီယာနိုဟာငယ်ရွယ်တဲ့အသက်အရွယ်မှာဘဲဘောလုံးကစားသမားဘဝမှအနားယူခဲ့ရတဲ့ကြေကွဲဖွယ်ရာအကြောင်းရင်းကိုဖွင့်ဟပြောကြားလာပါတယ်။

အီတလီဘောလုံးလောကတွင်ကျင်လည်တုန်းက The Emperor လို့ခေါ်ဝေါ်ခံခဲ့ရတဲ့အထိနာမည်ကျော်ကြားခဲ့တဲ့အက်ဒရီယာနိုဟာပါးမားတွင်ကစားပြီးနောက်အင်တာမီလန်တွင်အကြီးအကျယ်နာမည်ကျော်ကြားခဲ့ပါတယ်။သူဟာဘရာဇီးလက်ရွေးစင်အသင်းအတွက်၄၈ပွဲကစားရာမှာ၂၇ဂိုးသွင်းယူခဲ့ပြီးယင်းဂိုးထဲတွင်အာဂျင်တီးနားနှင့်ကစားရတဲ့၂၀၀၄ခုနှစ်ကိုပါအမေရိကဗိုလ်လုပွဲစဉ်မှအရေးပါတဲ့ဂိုးလည်းပါဝင်ပါတယ်။

ဒါပေမယ့်အက်ဒရီယာနိုဟာဒဏ်ရာပြဿနာ၊အရက်စွဲလန်းမှုပြဿနာ၊ဝိတ်တက်လာမှုပြဿနာတို့ကြောင့်ခက်ခဲတဲ့ဘောလုံးကစားသမားဘဝနှင့်ကြုံဆုံခဲ့ရကာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာနိုင်တဲ့အခြေအနေမျိုးမှဇီးရိုးဘဝသို့ရောက်သွားခဲ့ပါတယ်။

ယနေ့မှာအက်ဒရီယာနိုကဖခင်ဖြစ်သူသေဆုံးပြီးနောက်သူ့ဘောလုံးသမားဘဝဟာလည်းအကြီးအကျယ်ပြောင်းလဲသွားခဲ့ရကြောင်းဝန်ခံပြောကြားလာပါတယ်။

အက်ဒရီယာနိုက “အဲဒီနေ့ပြီးတဲ့နောက်(ဖခင်သေဆုံးပြီးနောက်)ဘောလုံးအပေါ်ကျွန်တော့်ရဲ့ချစ်မြတ်နိုးမှုတွေကအရင်နဲ့မတူတော့ပါဘူး”လို့ပြောကြားသွားပါတယ်။အက်ဒရီယာနိုဟာအသက်၂၂နှစ်အရွယ်တွင်အင်တာမီလန်တွင်ကစားစဉ်အတွင်းဖခင်ဖြစ်သူသေဆုံးကြောင်းသတင်းဆိုးကြားသိခဲ့ရတာလည်းဖြစ်ပါတယ်။

၎င်းက “သူကဘောလုံးကိုချစ်တယ်။ဒီတော့ကျွန်တော်လည်းဘောလုံးကိုချစ်လာခဲ့တယ်။ဒါကရိုးရိုးလေးပါ။ဘောလုံးကကျွန်တော့်ဘဝဖြစ်လာခဲ့တယ်။ကျွန်တော်ဘောလုံးကစားတယ်ဆိုတာမိသားစုအတွက်ကစားတာပါ။ဂိုးသွင်းတယ်ဆိုတာမိသားစုအတွက်ဂိုးသွင်းတာပါ။ဒီတော့အဖေသေဆုံးချိန်မှာတော့ဘောလုံးကအရင်နဲ့မတူတော့ပါဘူး။သမုဒ္ဒရာကိုကျော်ပြီးမိသားစုနဲ့ဝေးရာအီတလီသို့သွားပြီးနေရတယ်။ဒီပြဿနာကိုကျွန်တော်မရှင်းနိုင်ဘူး။စိတ်ဓာတ်ကျလာတယ်။အရက်တွေအရမ်းစသောက်ဖြစ်ခဲ့တယ်။လေ့ကျင့်ခန်းလည်းမဆင်းချင်ခဲ့ဘူး။အင်တာမီလန်အတွက်လည်းဘာမှမလုပ်ချင်ခဲ့ဘူး။အိမ်ကိုဘဲပြန်ချင်ခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

အက်ဒရီယာနိုဟာချက်ချင်းခြေစွမ်းကျဆင်းသွားတာမျိုးမဟုတ်ခဲ့ပေမယ့်တဖြည်းဖြည်းဘောလုံးသမားဘဝအဖြစ်ကျင်လည်ရန်ခက်ခဲသထက်ခက်ခဲလာခဲ့တာလည်းဖြစ်ပါတယ်။သူဟာ၂၀၀၈ခုနှစ်မှာအင်တာမှထွက်ခွာကာဆာအိုပေါ်လိုသို့အငှားဖြင့်ထွက်ခွာခဲ့ပါတယ်။

သူဟာ၂၀၀၉ခုနှစ်မှာဆာအိုပေါ်လိုအခြေစိုက်ကလပ်မှာအောင်မြင်တဲ့ရာသီတစ်ခုအဖြစ်ပွဲ၃၀ကစားရာမှာ၁၉ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ဒါပေမယ့်သူဟာ၂၀၁၆ခုနှစ်မှာကလပ်လက်မဲ့နှစ်ရာသီဖြစ်ပြီးနောက်မီယာမီယူနိုက်တက်သို့ပြောင်းပြီးဘောလုံးလောကမှအနားယူခဲ့ပါတယ်။

ဆက်လက်ပြီးဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းက၂၀၁၁ခုနှစ်တွင်ပြုလုပ်ခဲ့ရတဲ့ဖနောင့်ကြောပြတ်ဒဏ်ရာကိုခွဲစိတ်ကုသခဲ့ရမှုကြောင့်ကစားသမားဘဝအဆုံးသတ်ရန်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်းပြောကြားသွားပါတယ်။

zawgyi

ေၾကကြဲဖြယ္ရာဇာတ္လမ္းကို ဖြင့္ဟလာတဲ့အက္ဒရီယာႏို

ဘရာဇီးတိုက္စစ္မႉးေဟာင္းအက္ဒရီယာႏိုဟာငယ္႐ြယ္တဲ့အသက္အ႐ြယ္မွာဘဲေဘာလုံးကစားသမားဘဝမွအနားယူခဲ့ရတဲ့ေၾကကြဲဖြယ္ရာအေၾကာင္းရင္းကိုဖြင့္ဟေျပာၾကားလာပါတယ္။

အီတလီေဘာလုံးေလာကတြင္က်င္လည္တုန္းက The Emperor လို႔ေခၚေဝၚခံခဲ့ရတဲ့အထိနာမည္ေက်ာ္ၾကားခဲ့တဲ့အက္ဒရီယာႏိုဟာပါးမားတြင္ကစားၿပီးေနာက္အင္တာမီလန္တြင္အႀကီးအက်ယ္နာမည္ေက်ာ္ၾကားခဲ့ပါတယ္။သူဟာဘရာဇီးလက္ေ႐ြးစင္အသင္းအတြက္၄၈ပြဲကစားရာမွာ၂၇ဂိုးသြင္းယူခဲ့ၿပီးယင္းဂိုးထဲတြင္အာဂ်င္တီးနားႏွင့္ကစားရတဲ့၂၀၀၄ခုႏွစ္ကိုပါအေမရိကဗိုလ္လုပြဲစဥ္မွအေရးပါတဲ့ဂိုးလည္းပါဝင္ပါတယ္။

ဒါေပမယ့္အက္ဒရီယာႏိုဟာဒဏ္ရာျပႆနာ၊အရက္စြဲလန္းမႈျပႆနာ၊ဝိတ္တက္လာမႈျပႆနာတို႔ေၾကာင့္ခက္ခဲတဲ့ေဘာလုံးကစားသမားဘဝႏွင့္ႀကဳံဆုံခဲ့ရကာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးျဖစ္လာႏိုင္တဲ့အေျခအေနမ်ိဳးမွဇီး႐ိုးဘဝသို႔ေရာက္သြားခဲ့ပါတယ္။

ယေန႔မွာအက္ဒရီယာႏိုကဖခင္ျဖစ္သူေသဆုံးၿပီးေနာက္သူ႔ေဘာလုံးသမားဘဝဟာလည္းအႀကီးအက်ယ္ေျပာင္းလဲသြားခဲ့ရေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

အက္ဒရီယာႏိုက “အဲဒီေန႔ၿပီးတဲ့ေနာက္(ဖခင္ေသဆုံးၿပီးေနာက္)ေဘာလုံးအေပၚကြၽန္ေတာ့္ရဲ႕ခ်စ္ျမတ္ႏိုးမႈေတြကအရင္နဲ႔မတူေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။အက္ဒရီယာႏိုဟာအသက္၂၂ႏွစ္အ႐ြယ္တြင္အင္တာမီလန္တြင္ကစားစဥ္အတြင္းဖခင္ျဖစ္သူေသဆုံးေၾကာင္းသတင္းဆိုးၾကားသိခဲ့ရတာလည္းျဖစ္ပါတယ္။

၎က “သူကေဘာလုံးကိုခ်စ္တယ္။ဒီေတာ့ကြၽန္ေတာ္လည္းေဘာလုံးကိုခ်စ္လာခဲ့တယ္။ဒါက႐ိုး႐ိုးေလးပါ။ေဘာလုံးကကြၽန္ေတာ့္ဘဝျဖစ္လာခဲ့တယ္။ကြၽန္ေတာ္ေဘာလုံးကစားတယ္ဆိုတာမိသားစုအတြက္ကစားတာပါ။ဂိုးသြင္းတယ္ဆိုတာမိသားစုအတြက္ဂိုးသြင္းတာပါ။ဒီေတာ့အေဖေသဆုံးခ်ိန္မွာေတာ့ေဘာလုံးကအရင္နဲ႔မတူေတာ့ပါဘူး။သမုဒၵရာကိုေက်ာ္ၿပီးမိသားစုနဲ႔ေဝးရာအီတလီသို႔သြားၿပီးေနရတယ္။ဒီျပႆနာကိုကြၽန္ေတာ္မရွင္းႏိုင္ဘူး။စိတ္ဓာတ္က်လာတယ္။အရက္ေတြအရမ္းစေသာက္ျဖစ္ခဲ့တယ္။ေလ့က်င့္ခန္းလည္းမဆင္းခ်င္ခဲ့ဘူး။အင္တာမီလန္အတြက္လည္းဘာမွမလုပ္ခ်င္ခဲ့ဘူး။အိမ္ကိုဘဲျပန္ခ်င္ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အက္ဒရီယာႏိုဟာခ်က္ခ်င္းေျခစြမ္းက်ဆင္းသြားတာမ်ိဳးမဟုတ္ခဲ့ေပမယ့္တျဖည္းျဖည္းေဘာလုံးသမားဘဝအျဖစ္က်င္လည္ရန္ခက္ခဲသထက္ခက္ခဲလာခဲ့တာလည္းျဖစ္ပါတယ္။သူဟာ၂၀၀၈ခုႏွစ္မွာအင္တာမွထြက္ခြာကာဆာအိုေပၚလိုသို႔အငွားျဖင့္ထြက္ခြာခဲ့ပါတယ္။

သူဟာ၂၀၀၉ခုႏွစ္မွာဆာအိုေပၚလိုအေျခစိုက္ကလပ္မွာေအာင္ျမင္တဲ့ရာသီတစ္ခုအျဖစ္ပြဲ၃၀ကစားရာမွာ၁၉ဂိုးအထိသြင္းႏိုင္ခဲ့ပါတယ္။ဒါေပမယ့္သူဟာ၂၀၁၆ခုႏွစ္မွာကလပ္လက္မဲ့ႏွစ္ရာသီျဖစ္ၿပီးေနာက္မီယာမီယူႏိုက္တက္သို႔ေျပာင္းၿပီးေဘာလုံးေလာကမွအနားယူခဲ့ပါတယ္။

ဆက္လက္ၿပီးဘရာဇီးလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းက၂၀၁၁ခုႏွစ္တြင္ျပဳလုပ္ခဲ့ရတဲ့ဖေနာင့္ေၾကာျပတ္ဒဏ္ရာကိုခြဲစိတ္ကုသခဲ့ရမႈေၾကာင့္ကစားသမားဘဝအဆုံးသတ္ရန္ျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။