Adidas ရဲ့ထုတ်လုပ်ရေးပြဿနာကြောင့် ရော်နယ်ဒို အင်္ကျီလိုသလောက် မရောင်းချနိုင်မယ့်အခြေအနေကြုံနေရတဲ့ သရဲနီ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ပါမန်ယူအင်္ကျီသစ်ကမန်ယူပရိသတ်တိုင်းလိုချင်နေတဲ့အင်္ကျီဖြစ်ပါတယ်။ဒါပေမယ့်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအင်္ကျီကိုဈေးကွက်တောင်းဆိုသလောက်မရောင်းနိုင်မယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

ဂန္ထဝင်ပေါ်တူဂီစူပါစတားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက် အင်္ဂါနေ့တုန်းကဂျူဗင်တပ်မှမန်ယူသို့ပြောင်းရွှေ့ခဲ့ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတကျော့ပြန်ခရီးတွင်လည်းပရီးမီးယားလိဂ်ရဲ့အထူးခွင့်ပြုချက်ဖြင့်ကျောနံပါတ်၇ကိုဝတ်ဆင်ကစားသွားပါမယ်။ဝုဗ်နှင့်ပွဲတွင်ကာဗာနီကကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့မှုကြောင့်အင်္ကျီကျောနံပါတ်အပြောင်းအလဲမလုပ်နိုင်တဲ့အခက်အခဲကြုံခဲ့ပေမယ့်ပရီးမီးယားလိဂ်ကမန်ယူအားအထူးအခွင့်အရေးပေးခဲ့တာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲပယ်ပြစ်ဒဏ်ကြောင့်ပေါ်တူဂီအသင်းမှစောစောစီးစီးနုတ်ထွက်ခွင့်ရရှိလာမှုနဲ့အတူဗီဇာအဆင်ပြေပါကစက်တင်ဘာလ၁၁ရက်နေ့နယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲကိုကစားသွားပါမယ်။

ဒါပေမယ့်ကံဆိုးတာကတော့မန်ယူပရိသတ်အမြောက်အမြားတို့ဟာခရစ္စတီယာနို‌ေ၇◌ာ်နယ်ဒိုရဲ့ကျောနံပါတ်၇ကိုလိုသလောက်ဝယ်ယူနိုင်မှာမဟုတ်ပါဘူး။

The Independent ရဲ့ဖော်ပြချက်အရ Adidas ဟာကိုဗစ်ကြောင့်ဗီယက်နမ်ရှိအင်္ကျီထုတ်လုပ်ရေးစက်ရုံမှထုတ်လုပ်မှုနှောင့်နှေးနေမှုနဲ့အတူမန်ယူအတွက်အင်္ကျီလိုအပ်သလောက်ပေးနိုင်မှာမဟုတ်ပါဘူး။ဗီယက်နမ်ဟာ Adidas ရဲ့ပစ္စည်းအားလုံးရဲ့၂၈ ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။

၎င်းတို့ဟာမန်ယူသို့ခရစ္စတီယာနိုရောက်လာမှုနှင့်အတူမန်ယူအတွက်အင်္ကျီများလိုသလောက်ထုတ်လုပ်နိုင်ရေးအတွက်အားစိုက်လုပ်ဆောင်လာကြပေမယ့်လည်း ကိုဗစ်ကြောင့်ထုတ်လုပ်ရေးနှောင့်နှေးနေမှုနဲ့အတူဈေးကွက်ကလိုအပ်သလောက်ထုတ်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်္ကျီရောင်းချမှုအလွန်မြင့်မားလာမယ်လို့ယုံကြည်ရပေမယ့်တစ်ထည်ရောင်းချရတိုင်း ၁၀ ရာခိုင်နှုန်းသာခံစားရမှာဖြစ်လို့ ၅ ပေါင်မျှသာရှရိပါမယ်။

မန်ယူဟာ၂၀၁၄ခုနှစ်တုန်းက Adidas နှင့်ပေါင်သန်း၇၅၀တန် အင်္ကျီစပွန်ဆာ ၁၀ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးယင်းစာချုပ်မှာဘောလုံးသမိုင်းတွင်အမြင့်မားဆုံးအင်္ကျီစပွန်ဆာစာချုပ်လည်းဖြစ်ပါတယ်။

ZawGyi

Adidas ရဲ႕ထုတ္လုပ္ေရးျပႆနာေၾကာင့္ ေရာ္နယ္ဒို အက်ႌလိုသေလာက္ မေရာင္းခ်ႏိုင္မယ့္အေျခအေနႀကဳံေနရတဲ့ သရဲနီ

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ ပါမန္ယူအက်ႌသစ္ကမန္ယူပရိသတ္တိုင္းလိုခ်င္ေနတဲ့အက်ႌျဖစ္ပါတယ္။ဒါေပမယ့္မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအက်ႌကိုေဈးကြက္ေတာင္းဆိုသေလာက္မေရာင္းႏိုင္မယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

ဂႏၴဝင္ေပၚတူဂီစူပါစတားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္ အဂၤါေန႔တုန္းကဂ်ဴဗင္တပ္မွမန္ယူသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတေက်ာ့ျပန္ခရီးတြင္လည္းပရီးမီးယားလိဂ္ရဲ႕အထူးခြင့္ျပဳခ်က္ျဖင့္ေက်ာနံပါတ္၇ကိုဝတ္ဆင္ကစားသြားပါမယ္။ဝုဗ္ႏွင့္ပြဲတြင္ကာဗာနီကေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့မႈေၾကာင့္အက်ႌေက်ာနံပါတ္အေျပာင္းအလဲမလုပ္ႏိုင္တဲ့အခက္အခဲႀကဳံခဲ့ေပမယ့္ပရီးမီးယားလိဂ္ကမန္ယူအားအထူးအခြင့္အေရးေပးခဲ့တာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲပယ္ျပစ္ဒဏ္ေၾကာင့္ေပၚတူဂီအသင္းမွေစာေစာစီးစီးႏုတ္ထြက္ခြင့္ရရွိလာမႈနဲ႔အတူဗီဇာအဆင္ေျပပါကစက္တင္ဘာလ၁၁ရက္ေန႔နယူးကာဆယ္ႏွင့္ပြဲတြင္မန္ယူအတြက္ပထမဆုံးပြဲကိုကစားသြားပါမယ္။

ဒါေပမယ့္ကံဆိုးတာကေတာ့မန္ယူပရိသတ္အေျမာက္အျမားတို႔ဟာခရစၥတီယာႏို‌ေ၇◌ာ္နယ္ဒိုရဲ႕ေက်ာနံပါတ္၇ကိုလိုသေလာက္ဝယ္ယူႏိုင္မွာမဟုတ္ပါဘူး။

The Independent ရဲ႕ေဖာ္ျပခ်က္အရ Adidas ဟာကိုဗစ္ေၾကာင့္ဗီယက္နမ္ရွိအက်ႌထုတ္လုပ္ေရးစက္႐ုံမွထုတ္လုပ္မႈေႏွာင့္ေႏွးေနမႈနဲ႔အတူမန္ယူအတြက္အက်ႌလိုအပ္သေလာက္ေပးႏိုင္မွာမဟုတ္ပါဘူး။ဗီယက္နမ္ဟာ Adidas ရဲ႕ပစၥည္းအားလုံးရဲ႕၂၈ ရာခိုင္ႏႈန္းကိုထုတ္လုပ္ေပးေနတဲ့ႏိုင္ငံျဖစ္ပါတယ္။

၎တို႔ဟာမန္ယူသို႔ခရစၥတီယာႏိုေရာက္လာမႈႏွင့္အတူမန္ယူအတြက္အက်ႌမ်ားလိုသေလာက္ထုတ္လုပ္ႏိုင္ေရးအတြက္အားစိုက္လုပ္ေဆာင္လာၾကေပမယ့္လည္း ကိုဗစ္ေၾကာင့္ထုတ္လုပ္ေရးေႏွာင့္ေႏွးေနမႈနဲ႔အတူေဈးကြက္ကလိုအပ္သေလာက္ထုတ္လုပ္ေပးႏိုင္မွာမဟုတ္ပါဘူး။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အက်ႌေရာင္းခ်မႈအလြန္ျမင့္မားလာမယ္လို႔ယုံၾကည္ရေပမယ့္တစ္ထည္ေရာင္းခ်ရတိုင္း ၁၀ ရာခိုင္ႏႈန္းသာခံစားရမွာျဖစ္လို႔ ၅ ေပါင္မွ်သာရွရိပါမယ္။

မန္ယူဟာ၂၀၁၄ခုႏွစ္တုန္းက Adidas ႏွင့္ေပါင္သန္း၇၅၀တန္ အက်ႌစပြန္ဆာ ၁၀ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးယင္းစာခ်ဳပ္မွာေဘာလုံးသမိုင္းတြင္အျမင့္မားဆုံးအက်ႌစပြန္ဆာစာခ်ဳပ္လည္းျဖစ္ပါတယ္။