Adidas Vs Puma ပြဿနာကြောင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖိနပ်ကြိုးစည်းရုံဖြင့် ဒေါ်လာ ၁၂၀၀၀၀ ရရှိခဲ့တဲ့ ပီလီ

ဂန္ထဝင်ပီလီဟာ Adidas နှင့် Puma တို့ရဲ့ခါးသီးလှတဲ့ပြိုင်ဆိုင်မှုအကြားရောက်ရှိခဲ့ပြီး၁၉၇၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖိနပ်ကိုကြိုးစည်းရုံဖြင့်ဒေါ်လာ၁၂၀၀၀၀ အထိရရှိခဲ့ဖူးပါတယ်။

ပီလီဟာကြာသပတေးနေ့တုန်းကအသက်၈၂နှစ်အရွယ်တွင်မွေးရပ်မြေဘရာဇီးမှာကွယ်လွန်သွားခဲ့ပါတယ်။

The King လို့အမည်ပြောင်ရရှိထားတဲ့ပီလီဟာ၁၉၅၈မှ၁၉၇၀အတွင်းတွင်ကမ္ဘာ့ဖလားသုံးကြိမ်ဆွတ်ခူးကာဘောလုံးသမိုင်းတွင်ကမ္ဘာ့ဖလားသုံးကြိမ်ဆွတ်ခူးထားနိုင်တဲ့တစ်ဦးတည်းသောကစားသမားအဖြစ်ရပ်တည်နေပါတယ်။

သူဟာ၁၃၆၃ပွဲကစားခဲ့ရာတွင်၁၂၇၉ဂိုး(ခြေစမ်းပွဲများအပါအဝင်)သွင်းယူနိုင်ခဲ့ပြီးဂရင်းနစ်မှတ်တမ်းအသိအမှတ်ပြုခြင်းခံထားရပါတယ်။

သူဟာဘရာဇီးအသင်းအတွက်၉၂ပွဲကစားခဲ့ရာတွင်၇၂ဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ပီလီဟာ၁၉၇၀ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တုန်းကပီရူးနှင့်ပွဲမတိုင်မီ ထိုင်ကာဖိနပ်ကြိုးစည်းရုံဖြင့် ဒေါ်လာ၁၂၀၀၀၀အထိရရှိခဲ့ပါတယ်။သူ့ကို Puma ကစပွန်ဆာငွေပေးခဲ့တာဖြစ်ပါတယ်။

ညီနောင်နှစ်ဦးဖြစ်ကြတဲ့အယ်ဒေ့ါဖ်နှင့်ရုဒေါ့ဖ်ဒယ်ဆလာတို့ဟာ၁၉၂၀ခုနှစ်များတုန်းကဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းအတူလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့မိသားစုအကွဲအပြဲပြဿနာကြောင့်၁၉၄၀ခုနှစ်တွေမှာလမ်းခွဲခဲ့ကြပါတယ်။

အယ်ဒေါ့ဖ်က Adidas ကိုတည်ထောင်ပြီးရုဒေါ့ဖ်က Pumaကိုတည်ထောင်ကာဖိနပ်ဈေးကွက်ရဲ့ထိပ်ဆုံးရောက်ရှိရေးအပြိုင်ကြိုးပမ်းကြပါတယ်။

ထိုစဉ်တုန်းကပီလီဟာ၁၉၅၈ကမ္ဘာ့ဖလားဆွတ်ခူးထားနိုင်မှုနဲ့အတူကမ္ဘာသိစူပါစတားဖြစ်နေပြီဖြစ်ပါတယ်။

အယ်ဒေါ့ဖ်နှင့်ရုဒေါ့ဖ်ညီနောင်နှစ်ဦးတို့ဟာပီလီကိုဖိနပ်စပွန်ဆာပေးနိုင်ရေးအပြိုင်ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမဲ့၁၉၇၀မှာတော့ Puma ဟာပီလီကိုသူတို့ဖိနပ်စီးဖို့ဒေါ်လာ၁၂၀၀၀၀ဖြင့်ကမ်းလှမ်းခဲ့ပါတယ်။ဒါ့အပြင်ဒိုင်လူကြီးကိုလည်းပွဲမတိုင်မီပီလီဖိနပ်ကြိုးစည်းနိုင်ဖို့အချိန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။Puma ဟာကင်မရာသမားကိုလည်းပီလီဖိနပ်ကြိုးစည်းချိန်မှာ Zoom ဆွဲရိုက်ကူးပေးဖို့ငွေပေးခဲ့ပါသေးတယ်။

Puma ရဲ့လုပ်ရပ်ကြောင့်အယ်ဒေါ့ဖ်နှင့်Adidas တို့အကြီးအကျယ်ပေါက်ကွဲခဲ့ကြပါတယ်။Puma ကတော့ပီလီကြောင့်ထိုစဉ်တုန်းကစံချိန်တင်ရောင်းအားကောင်းခဲ့ပါတယ်။

ဒါ့အပြင်ပီလီဟာလည်း၁၉၇၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာတတိယအကြိမ်မြောက်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

Adidas Vs Puma ျပႆနာေၾကာင့္ ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဖိနပ္ႀကိဳးစည္း႐ုံျဖင့္ ေဒၚလာ ၁၂၀၀၀၀ ရရွိခဲ့တဲ့ ပီလီ

ဂႏၴဝင္ပီလီဟာ Adidas ႏွင့္ Puma တို႔ရဲ႕ခါးသီးလွတဲ့ၿပိဳင္ဆိုင္မႈအၾကားေရာက္ရွိခဲ့ၿပီး၁၉၇၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဖိနပ္ကိုႀကိဳးစည္း႐ုံျဖင့္ေဒၚလာ၁၂၀၀၀၀ အထိရရွိခဲ့ဖူးပါတယ္။

ပီလီဟာၾကာသပေတးေန႔တုန္းကအသက္၈၂ႏွစ္အ႐ြယ္တြင္ေမြးရပ္ေျမဘရာဇီးမွာကြယ္လြန္သြားခဲ့ပါတယ္။

The King လို႔အမည္ေျပာင္ရရွိထားတဲ့ပီလီဟာ၁၉၅၈မွ၁၉၇၀အတြင္းတြင္ကမာၻ႔ဖလားသုံးႀကိမ္ဆြတ္ခူးကာေဘာလုံးသမိုင္းတြင္ကမာၻ႔ဖလားသုံးႀကိမ္ဆြတ္ခူးထားႏိုင္တဲ့တစ္ဦးတည္းေသာကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

သူဟာ၁၃၆၃ပြဲကစားခဲ့ရာတြင္၁၂၇၉ဂိုး(ေျခစမ္းပြဲမ်ားအပါအဝင္)သြင္းယူႏိုင္ခဲ့ၿပီးဂရင္းနစ္မွတ္တမ္းအသိအမွတ္ျပဳျခင္းခံထားရပါတယ္။

သူဟာဘရာဇီးအသင္းအတြက္၉၂ပြဲကစားခဲ့ရာတြင္၇၂ဂိုးသြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ပီလီဟာ၁၉၇၀ကမာၻ႔ဖလားကြာတားဖိုင္နယ္တုန္းကပီ႐ူးႏွင့္ပြဲမတိုင္မီ ထိုင္ကာဖိနပ္ႀကိဳးစည္း႐ုံျဖင့္ ေဒၚလာ၁၂၀၀၀၀အထိရရွိခဲ့ပါတယ္။သူ႔ကို Puma ကစပြန္ဆာေငြေပးခဲ့တာျဖစ္ပါတယ္။

ညီေနာင္ႏွစ္ဦးျဖစ္ၾကတဲ့အယ္ေဒ့ါဖ္ႏွင့္႐ုေဒါ့ဖ္ဒယ္ဆလာတို႔ဟာ၁၉၂၀ခုႏွစ္မ်ားတုန္းကဖိနပ္ထုတ္လုပ္ေရးလုပ္ငန္းအတူလုပ္ခဲ့ၾကပါတယ္။ဒါေပမဲ့မိသားစုအကြဲအၿပဲျပႆနာေၾကာင့္၁၉၄၀ခုႏွစ္ေတြမွာလမ္းခြဲခဲ့ၾကပါတယ္။

အယ္ေဒါ့ဖ္က Adidas ကိုတည္ေထာင္ၿပီး႐ုေဒါ့ဖ္က Pumaကိုတည္ေထာင္ကာဖိနပ္ေဈးကြက္ရဲ႕ထိပ္ဆုံးေရာက္ရွိေရးအၿပိဳင္ႀကိဳးပမ္းၾကပါတယ္။

ထိုစဥ္တုန္းကပီလီဟာ၁၉၅၈ကမာၻ႔ဖလားဆြတ္ခူးထားႏိုင္မႈနဲ႔အတူကမာၻသိစူပါစတားျဖစ္ေနၿပီျဖစ္ပါတယ္။

အယ္ေဒါ့ဖ္ႏွင့္႐ုေဒါ့ဖ္ညီေနာင္ႏွစ္ဦးတို႔ဟာပီလီကိုဖိနပ္စပြန္ဆာေပးႏိုင္ေရးအၿပိဳင္ႀကိဳးပမ္းခဲ့ၾကပါတယ္။

ဒါေပမဲ့၁၉၇၀မွာေတာ့ Puma ဟာပီလီကိုသူတို႔ဖိနပ္စီးဖို႔ေဒၚလာ၁၂၀၀၀၀ျဖင့္ကမ္းလွမ္းခဲ့ပါတယ္။ဒါ့အျပင္ဒိုင္လူႀကီးကိုလည္းပြဲမတိုင္မီပီလီဖိနပ္ႀကိဳးစည္းႏိုင္ဖို႔အခ်ိန္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။Puma ဟာကင္မရာသမားကိုလည္းပီလီဖိနပ္ႀကိဳးစည္းခ်ိန္မွာ Zoom ဆြဲ႐ိုက္ကူးေပးဖို႔ေငြေပးခဲ့ပါေသးတယ္။

Puma ရဲ႕လုပ္ရပ္ေၾကာင့္အယ္ေဒါ့ဖ္ႏွင့္Adidas တို႔အႀကီးအက်ယ္ေပါက္ကြဲခဲ့ၾကပါတယ္။Puma ကေတာ့ပီလီေၾကာင့္ထိုစဥ္တုန္းကစံခ်ိန္တင္ေရာင္းအားေကာင္းခဲ့ပါတယ္။

ဒါ့အျပင္ပီလီဟာလည္း၁၉၇၀ကမာၻ႔ဖလားၿပိဳင္ပြဲမွာတတိယအႀကိမ္ေျမာက္ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။