အာဂျင်တီးနား ဂိုးပြတ်နိုင်ဖို့ မခက်

သောကြာနံနက် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အာဂျင်တီးနား နှင့် ပီရူး (နံနက် ၆း၀၀)(အိုဇုန်း)

အဝေးကွင်းပွဲစဉ်တွေမှာသာအာဂျင်တီးနားရုန်းကန်ရပေမယ့်အိမ်ကွင်းဆိုရင်တော့တိုက်စစ်အစွမ်းပြမှုနဲ့အတူခြေစွာလွန်းနေတာတွေ့ရတယ်။မက်ဆီဦး ဆောင်တဲ့တိုက်စစ်ကအိမ်ကွင်းဆိုရင်စိတ်ချရပြီးအာဂျင်တီးနားကွင်းလယ်နဲ့ ခံစစ်ကြောင်းကလည်းတည်ငြိမ်လုံခြုံလာတယ်ဆိုရမယ်။

ပီရူးကတော့အိမ်ကွင်းသာခြေစွာပြီးအဝေးကွင်းပွဲစဉ်တွေဆိုရင်တိုက်စစ်ကဂိုးပေါက်ပျောက်၊ ခံစစ်ကလည်းယိုယွင်းနဲ့ အတော်လေးရုန်းကန်ရတတ်တဲ့အသင်းဖြစ်ပါတယ်။ အာဂျင်တီးနား ဂိုးပြတ်နိုင်ဖို့ မခက်ပါဘူး။

zawgyi




