အဂူရိုအားခေါ်ယူရန်ဘာစီလိုနာဆွေးနွေးနေ

ဘာစီလိုနာဟာမန်စီးတီးတိုက်စစ်မှူးဆာဂျီယိုအဂူရိုအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်အေးဂျင့်များနှင့်ဆွေးနွေးထားကြောင်းသိရပါတယ်။

မန်စီးတီးအတွက်၂၅၈ဂိုးသွင်းယူကာမန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့အာဂျင်တီးနားတိုက်စစ်မှူးအဂူရိုဟာပြီးခဲ့တဲ့မတ်လတုန်းကစာချုပ်သက်တမ်းကုန်ဆုံးမယ့်ယခုရာသီအကုန်မှာမန်စီးတီးမှထွက်ခွာမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းတာဝန်ရှိသူများဟာနွေရာသီတွင်နျူးကမ့်သို့အဂူရိုကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ရန်ဆွေးနွေးထားကြောင်းသိရပါတယ်။

ဘာစီလိုနာဟာအဂူရိုကိုခေါ်ယူနိုင်ပါကအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီကိုနျူးကမ့်တွင်ဆက်လက်ထိန်းထားနိုင်ရေးမျှော်လင့်ချက်ပိုမိုလင်းလက်လာမယ်လို့လည်းယုံကြည်နေပါတယ်။

အဂူရိုဟာ၂၀၁၁ခုနှစ်တုန်းကမန်စီးတီးသို့မပြောင်းမီအက်သလက်တီကိုမက်ဒရစ်တွင်ငါးရာသီကြာကစားခဲ့ဖူးတဲ့အတွေ့အကြုံရှိသူဖြစ်ပြီးသူ့ကိုချဲလ်ဆီး၊အင်တာမီလန်၊အာဆင်နယ်တို့ကလည်းခေါ်ယူရန်စိတ်ဝင်စားလျက်ရှိပါတယ်။

 

zawgyi

အဂူ႐ိုအားေခၚယူရန္ဘာစီလိုနာေဆြးေႏြးေန

ဘာစီလိုနာဟာမန္စီးတီးတိုက္စစ္မႉးဆာဂ်ီယိုအဂူ႐ိုအားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ေအးဂ်င့္မ်ားႏွင့္ေဆြးေႏြးထားေၾကာင္းသိရပါတယ္။

မန္စီးတီးအတြက္၂၅၈ဂိုးသြင္းယူကာမန္စီးတီးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့အာဂ်င္တီးနားတိုက္စစ္မႉးအဂူ႐ိုဟာၿပီးခဲ့တဲ့မတ္လတုန္းကစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ယခုရာသီအကုန္မွာမန္စီးတီးမွထြက္ခြာမွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

Sky Sports ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာအသင္းတာဝန္ရွိသူမ်ားဟာေႏြရာသီတြင္န်ဴးကမ့္သို႔အဂူ႐ိုကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ရန္ေဆြးေႏြးထားေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာအဂူ႐ိုကိုေခၚယူႏိုင္ပါကအသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီကိုန်ဴးကမ့္တြင္ဆက္လက္ထိန္းထားႏိုင္ေရးေမွ်ာ္လင့္ခ်က္ပိုမိုလင္းလက္လာမယ္လို႔လည္းယုံၾကည္ေနပါတယ္။

အဂူ႐ိုဟာ၂၀၁၁ခုႏွစ္တုန္းကမန္စီးတီးသို႔မေျပာင္းမီအက္သလက္တီကိုမက္ဒရစ္တြင္ငါးရာသီၾကာကစားခဲ့ဖူးတဲ့အေတြ႕အႀကဳံရွိသူျဖစ္ၿပီးသူ႔ကိုခ်ဲလ္ဆီး၊အင္တာမီလန္၊အာဆင္နယ္တို႔ကလည္းေခၚယူရန္စိတ္ဝင္စားလ်က္ရွိပါတယ္။