”တကယ့်ကို မဟာအခွင့်အရေးကြီး”

ကြာသပတေးည ကလပ်ကမ္ဘာ့ဖလား တတိယလုပွဲ ပွဲကြိုသုံးသပ်ချက်

အယ်အာလီ နှင့် ပါးမီးရက်စ် (ည ၉:၃၀)(စိုင်းကို- တောင်ကြီး)

အာဖရိကကိုယ်စားပြုဖြစ်တဲ့အီဂျစ်ကလပ်အယ်အာလီနဲ့ တောင်အမေရိကကိုယ်စားပြုဘရာဇီးကလပ်ပါးမီးရက်စ်တို့ယှဉ်ပြိုင်ကြရမှာပါ။အယ်အာလီဟာ ဆီမီးဖိုင်နယ်မှာဥရောပဘုရင်ဘိုင်ယန်မြူးနစ်ကို ၂-၀ဂိုးနဲ့အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့အဲဒီပွဲမှာဘိုင်ယန်ကလီဝန်ဒေါစကီးသွင်းပေးတဲ့ဂိုးကြောင့်ဦးဆောင်နိုင်ခဲ့ပြီးထိန်းကစားသွားလို့ အယ်အာလီအထိနာခဲ့ရတာပါ။ပွဲပြီးခါနီး သေမထူးဖွင့်လိုက်တာကြောင့်လည်းလီဝန်ဒေါစကီးကနောက်တစ်ဂိုးသွင်းသွားနိုင်တာဖြစ်ပါတယ်။

တကယ်ဆိုရင်အယ်အာလီရဲ့မာကျောမှုကမနိမ့်လှပါဘူး။ပါးမီးရက်စ်ကတော့မြောက်အမေရိကကိုယ်စားပြုဖြစ်တဲ့မက္ကဆီကိုကလပ်တိုက်ဂါးစ်ကိုပင်နယ်တီကြောင့်အရေးနိမ့်ခဲ့ရတဲ့အသင်းပါ။ဒါပေမဲ့ သူတို့ရဲ့ခြေစွမ်းကလည်းလတ်တလောတည်ငြိမ်မှုလုံးဝမရှိပါဘူး။

စုဖွဲ့အားနဲ့ တည်ငြိမ်မှုပျက်ပြားလွန်းတဲ့ ပါးမီးရက်စ်အနေနဲ့ အယ်အာလီကိုခြေရည်တူယှဉ်နိုင်ဖို့တောင်ခက်ပါလိမ့်မယ်။ဒါကိုတောင်ပါးမီးရက်စ်ဘက်ကနေ ၁+၄၀ အကျောပေးထားတယ်ဆိုတော့တကယ့်ကိုမဟာအခွင့်အရေးကြီးပါပဲ။ အယ်အာလီဘက်ကနေပစ်ထိုင်လိုက်ကြစမ်းပါဗျာ။

zawgyi

”တကယ့္ကို မဟာအခြင့္အေရးႀကီး”



