Al Nassr ကစားဖော်ဟောင်းကို အသင်းမှ မထွက်ခွာအောင် အစွမ်းကုန် လုပ်ဆောင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
ယူနိုက်တက်ဂန္ထဝင်ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီပရိုလိဂ်ကလပ်Al Nassr သို့ရောက်လာပြီးတဲ့နောက် Al Nassr ကစားဖော်တစ်ဦးကိုအသင်းမှမထွက်ခွာစေရေးအတွက်အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့အင်တာဗျူးကြောင့်ကမ္ဘာ့ဖလားမတိုင်မီယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
ယင်းနောက်ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၇သန်းတန်စာချုပ်ဖြင့်ပြောင်းရွှေ့ကာအားကစားသမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုသို့ရောက်လာချိန်တွင် Al Nassr တွင်နိုင်ငံခြားသားကစားသမား ၉ ဦးအထိရှိလာမှုနဲ့အတူ တစ်ဦးကိုမဖြစ်မနေစာချုပ်ဖျက်သိမ်းရမဲ့အခြေအနေမျိုးမှာရှိနေပါတယ်။ဒါကြောင့်လည်းAl Nassr ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိခဲ့ပါဘူး။
Al Nassr ဟာရော်နယ်ဒိုကိုခေါ်ယူပြီးတဲ့နောက်ဗင်းဆင့်အဘူဘာကာရဲ့ခြောက်လကျန်စာချုပ်ကိုဖျက်သိမ်းလိုက်ပါတယ်။
အသက်၃၁နှစ်ရှိကင်မရွန်းအသင်း‌ခေါင်းဆောင်ဟာတူရကီကလပ်ဘီဆစ်တပ်ရဲ့ကမ်းလှမ်းမှုရရှိထားပါတယ်။ဒါကြောင့်လည်းသူဟာ Al Nassr တွင်ကစားရန်ခရစ္စတီယာနိုရော်နယ်ဒိုကအစွမ်းကုန်ဖျောင်းဖျမှုလုပ်နေပေမဲ့လည်းစာချုပ်ဖျက်သိမ်းကာအသင်းပြောင်းခဲ့ပါတယ်။
အဘူဘာကာက “ကျွန်တော်တို့စကားနည်းနည်းပြောခဲ့ကြတယ်။သူကကျွန်တော်တို့ကအဲဒီမှာပဲဆက်ကစားစေချင်တယ်။ကျွန်တော်ကနိုးလို့ပြောခဲ့တယ်။မိသားစုကိစ္စကြောင့်ပြောင်းရမယ်လို့ပြောခဲ့တယ်။ကျွန်တော့်မိသားစုတွေဘယ်မှာလဲလို့သူကမေးတယ်။ကျွန်တော်ကပြင်သစ်မှာလို့ပြောခဲ့တယ်။ဒီတော့တူရကီကိုသွားကစားချင်တယ်။တူရကီမှာဆိုပိုနီးသွားပြီ။သူကကျွန်တော့်ကို ‘မိသားစုနဲ့ဝေးနေရင်မင်းအတွက်တောင်ပိုကောင်းသေးတယ်။မိသားစုရှိရင်ပိုပြီးရှုပ်ထွေးတယ်’လို့ပြောပါတယ်။ကျွန်တော်ကတော့ထွက်ချင်တယ်လို့ရှင်းရှင်းလင်းလင်းပဲပြောခဲ့တယ်။ကမ်းလှမ်းမှုလည်းရထားတယ်။တစ်ခုကဘီဆစ်တပ်ဆီက။သူတို့ကကျွန်တော့်ကိုရာသီအကုန်အထိဆက်ကစားစေချင်တယ်။ကျွန်တော်ကလည်းဥက္ကဌကြီးကိုရိုးရိုးသားသားပဲထွက်ခွာချင်လို့ပြောခဲ့တယ်။နည်းနည်းတော့ရှုပ်တယ်။နောက်ဆုံးတော့ကျွန်တော်ထွက်ခွာနိုင်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။
ဗင်းဆင်အဘူဘာကာဟာဘီဆစ်တပ်သို့ပြောင်းခဲ့ပေမဲ့လည်းတူရကီတွင်ငလျင်အကြီးအကျယ်လှုပ်မှုနဲ့အတူလိဂ်ကိုရပ်နားထားရပါတယ်။
သူဟာAl Nassr တွင်ကစားစဉ်အတွင်း၃၉ပွဲကစားခဲ့ရာမှာ၁၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ZawGyi