
ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ် Al Nassr သို့ပြောင်းရွှေ့ပြီးတဲ့နောက်အားကစားသမိုင်းတွင်လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့လတုန်းကယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးတဲ့နောက်အရှေ့အလယ်ပိုင်းကလပ်သို့၂၀၂၅ခုနှစ်အထိ တစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိကစားသမားဟာစပို့တင်းလစ္စဘွန်း၊ယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်တို့တွင်ကစားခဲ့ပြီးပြီးခဲ့တဲ့နှစ်နွေတုန်းကယူနိုက်တက်သို့တကျော့ပြန်ရောက်လာခဲ့သူဖြစ်ပါတယ်။
သူဟာဆော်ဒီလိဂ်အတက် CR7 ဖြစ်လာပြီဖြစ်ပါတယ်။
Al Nassr ဆိုတာ ဘယ်လိုကလပ်လဲ?
Al Nassr ကဆော်ဒီပရိုလိဂ်မှာကစားနေတဲ့ ဆော်ဒီကလပ်တစ်ခုဖြစ်ပါတယ်။
Al Nassrကို၁၉၉၅ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီးအမှတ်ပေးဖလား၈ကြိမ်၊Crown Prince’s Cups ၃ကြိမ်၊Federation Cups၃ကြိမ်၊ Saudi Super Cups၂ကြိမ်ဆွတ်ခူးထားကာဆော်ဒီရဲ့အအောင်မြင်ဆုံးကလပ်တွေထဲကတစ်ခုဖြစ်ပါတယ်။
Al Nassrကိုရိုးမားနှင့်လိုင်လီနည်းပြရူဒီဂါစီယာကိုင်တွယ်နေပါတယ်။ Al Nassrရဲ့အိမ်ကွင်းပွဲတွေကိုပရိသတ်၂၅၀၀၀ဆန့် Mrsool Park မှာကစားပါတယ်။
Al Nassrကိုယခင်တုန်းကအီတလီကမ္ဘာ့ဖလားသူရဲကောင်းဖေဘီယိုကန်နဗာရိုးကိုင်တွယ်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကAl Nassrဟာ SPL မှာအဆင့်၃နေရာမှာရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာKing Cupမှထွက်ခဲ့ရသလိုAFC Champions League တွင်လည်းဒေသတွင်းပြိုင်ဘက် Al Hilal ကိုရှုံးနိမ့်ပြီးထွက်ခဲ့ရပါတယ်။
ဒီရာသီမှာတော့ Al Nassr ဟာအမှတ်ပေးဇယားထိပ်ဆုံးမှ Al Shabab နဲ့သုံးမှတ်ကွာဟကာအမှတ်ပေးဇယားဒုတိယနေရာရပ်တည်နေပါတယ်။
Al Nassr မှာကစားနေတဲ့နောက်ထပ်နာမည်ကျော်ကစားသမားကတော့အာဆင်နယ်ဂိုးသမားဟောင်းဒေးဗစ်အော့စ်ပီနာဖြစ်ပါတယ်။
ZawGyi
Al Nassr က ဘယ္လို ကလပ္လဲ? ခရစၥတီယာႏိုေရာ္နယ္ဒို ေျပာင္းကစားမဲ့ အသင္းႏွင့္ပတ္သက္ၿပီး သင္သိထားသင့္သမွ်
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္အားကစားသမိုင္းတြင္လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
ေပၚတူဂီစူပါစတားဟာၿပီးခဲ့တဲ့လတုန္းကယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္အေရွ႕အလယ္ပိုင္းကလပ္သို႔၂၀၂၅ခုႏွစ္အထိ တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းျဖင့္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။
အသက္၃၇ႏွစ္ရွိကစားသမားဟာစပို႔တင္းလစၥဘြန္း၊ယူႏိုက္တက္၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္တို႔တြင္ကစားခဲ့ၿပီးၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကယူႏိုက္တက္သို႔တေက်ာ့ျပန္ေရာက္လာခဲ့သူျဖစ္ပါတယ္။
သူဟာေဆာ္ဒီလိဂ္အတက္ CR7 ျဖစ္လာၿပီျဖစ္ပါတယ္။
Al Nassr ဆိုတာ ဘယ္လိုကလပ္လဲ?
Al Nassr ကေဆာ္ဒီပ႐ိုလိဂ္မွာကစားေနတဲ့ ေဆာ္ဒီကလပ္တစ္ခုျဖစ္ပါတယ္။
Al Nassrကို၁၉၉၅ခုႏွစ္မွာတည္ေထာင္ခဲ့တာျဖစ္ၿပီးအမွတ္ေပးဖလား၈ႀကိမ္၊Crown Prince’s Cups ၃ႀကိမ္၊Federation Cups၃ႀကိမ္၊ Saudi Super Cups၂ႀကိမ္ဆြတ္ခူးထားကာေဆာ္ဒီရဲ႕အေအာင္ျမင္ဆုံးကလပ္ေတြထဲကတစ္ခုျဖစ္ပါတယ္။
Al Nassrကို႐ိုးမားႏွင့္လိုင္လီနည္းျပ႐ူဒီဂါစီယာကိုင္တြယ္ေနပါတယ္။ Al Nassrရဲ႕အိမ္ကြင္းပြဲေတြကိုပရိသတ္၂၅၀၀၀ဆန႔္ Mrsool Park မွာကစားပါတယ္။
Al Nassrကိုယခင္တုန္းကအီတလီကမာၻ႔ဖလားသူရဲေကာင္းေဖဘီယိုကန္နဗာ႐ိုးကိုင္တြယ္ခဲ့ဖူးပါတယ္။
ၿပီးခဲ့တဲ့ရာသီတုန္းကAl Nassrဟာ SPL မွာအဆင့္၃ေနရာမွာရပ္တည္ခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာKing Cupမွထြက္ခဲ့ရသလိုAFC Champions League တြင္လည္းေဒသတြင္းၿပိဳင္ဘက္ Al Hilal ကိုရႈံးနိမ့္ၿပီးထြက္ခဲ့ရပါတယ္။
ဒီရာသီမွာေတာ့ Al Nassr ဟာအမွတ္ေပးဇယားထိပ္ဆုံးမွ Al Shabab နဲ႔သုံးမွတ္ကြာဟကာအမွတ္ေပးဇယားဒုတိယေနရာရပ္တည္ေနပါတယ္။
Al Nassr မွာကစားေနတဲ့ေနာက္ထပ္နာမည္ေက်ာ္ကစားသမားကေတာ့အာဆင္နယ္ဂိုးသမားေဟာင္းေဒးဗစ္ေအာ့စ္ပီနာျဖစ္ပါတယ္။