Al Nassr တွင် သူ့ကို တချိန်တုန်းက မက်ဆီနှင့် နှိုင်းယှဉ်လို့ မရတဲ့ကစားသမားလို့ ပြောဆိုခဲ့သူနဲ့ တွဲကစားရဖို့ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ်Al Nassrသို့ပြောင်းရွှေ့ပြီးနောက် ယင်းကလပ်တွင်သူ့ကိုတချိန်တုန်းကပြစ်ပြစ်နှစ်နှစ်ပြောဆိုခဲ့ဖူးတဲ့ကစားသမားတစ်ဦးနှင့်တွဲကစားလာရဖို့ရှိနေပါတယ်။

အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာနိုဝင်ဘာလတုန်းကယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ဆော်ဒီကလပ်Al Nassrသို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်၂၀၂၅ခုနှစ်အထိစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ယင်းစာချုပ်မှာအားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခလည်းဖြစ်ပါတယ်။စာချုပ်သက်တမ်းမှာ၇နှစ်ရှိပြီးကစားသမားဘဝအနားယူပြီးပါကကလပ်ရဲ့သံတမန်အဖြစ်လည်းဆောင်ရွက်ရပါမယ်။စာချုပ်ရဲ့စုစုပေါင်းတန်ဖိုးပေါင်၁.၂ဘီလီယံရှိပါတယ်။

Al Nassrဟာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူပြီးတဲ့နောက်ပီအက်စ်ဂျီမှဆာဂျီယိုရာမို့စ်အပြင်ဘာစီလိုနာမှာဆာဂျီယိုဘက်စကွက်ကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ဘက်စကွက်ဇ်ဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင်ထွက်ခွာမယ်လို့အတည်ပြုထားပြီးဖြစ်ပါတယ်။

သူဟာအမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီသို့ပြောင်းမယ်လို့သတင်းထွက်နေပေမဲ့Al Nassr ကလည်းအပြိုင်စိတ်ဝင်စားနေပါတယ်။

တကယ်လို့များဘက်စကွက်သာAl Nassrသို့ပြောင်းလာမည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွဲကစားလာရပါမယ်။

ဘက်စကွက်ဟာ၂၀၁၈ခုနှစ်တုန်းကအင်တာဗျူးတစ်ခုတွင်လီယွန်နယ်မက်ဆီမှာခရစ္စတီယာနိုရော်နယ်ဒိုထက်များစွာသာလွန်ကောင်းတဲ့ကစားသမားဖြစ်ကြောင်းပြောကြားခဲ့ဖူးသူဖြစ်ပါတယ်။

ဘက်စကွက်က “အခုကမ္ဘာ့အကောင်းဆုံးနဲ့နောက်နှစ်များစွာအကောင်းဆုံးဖြစ်မဲ့သူကမက်ဆီပါ။သူအနားယူတဲ့အချိန်အထိဆက်ရပ်တည်နေပါဦးမယ်။လူကာမိုဒရစ်လည်းအရမ်းကောင်းပါတယ်။ဒါပေမဲ့မက်ဆီကိုလူကာအပါအဝင်အခြားဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

Al Nassr တြင္ သူ႔ကို တခ်ိန္တုန္းက မက္ဆီႏွင့္ ႏႈိင္းယွဥ္လို႔ မရတဲ့ကစားသမားလို႔ ေျပာဆိုခဲ့သူနဲ႔ တြဲကစားရဖို႔ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္Al Nassrသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ ယင္းကလပ္တြင္သူ႔ကိုတခ်ိန္တုန္းကျပစ္ျပစ္ႏွစ္ႏွစ္ေျပာဆိုခဲ့ဖူးတဲ့ကစားသမားတစ္ဦးႏွင့္တြဲကစားလာရဖို႔ရွိေနပါတယ္။

အသက္၃၇ႏွစ္ရွိေပၚတူဂီစူပါစတားဟာႏိုဝင္ဘာလတုန္းကယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ေဆာ္ဒီကလပ္Al Nassrသို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းျဖင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ယင္းစာခ်ဳပ္မွာအားကစားသမိုင္းတြင္အျမင့္မားဆုံးလုပ္ခလည္းျဖစ္ပါတယ္။စာခ်ဳပ္သက္တမ္းမွာ၇ႏွစ္ရွိၿပီးကစားသမားဘဝအနားယူၿပီးပါကကလပ္ရဲ႕သံတမန္အျဖစ္လည္းေဆာင္႐ြက္ရပါမယ္။စာခ်ဳပ္ရဲ႕စုစုေပါင္းတန္ဖိုးေပါင္၁.၂ဘီလီယံရွိပါတယ္။

Al Nassrဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူၿပီးတဲ့ေနာက္ပီအက္စ္ဂ်ီမွဆာဂ်ီယိုရာမို႔စ္အျပင္ဘာစီလိုနာမွာဆာဂ်ီယိုဘက္စကြက္ကိုလည္းေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ဘက္စကြက္ဇ္ဟာယခုရာသီအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္တြင္ထြက္ခြာမယ္လို႔အတည္ျပဳထားၿပီးျဖစ္ပါတယ္။

သူဟာအေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီသို႔ေျပာင္းမယ္လို႔သတင္းထြက္ေနေပမဲ့Al Nassr ကလည္းအၿပိဳင္စိတ္ဝင္စားေနပါတယ္။

တကယ္လို႔မ်ားဘက္စကြက္သာAl Nassrသို႔ေျပာင္းလာမည္ဆိုပါကခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္တြဲကစားလာရပါမယ္။

ဘက္စကြက္ဟာ၂၀၁၈ခုႏွစ္တုန္းကအင္တာဗ်ဴးတစ္ခုတြင္လီယြန္နယ္မက္ဆီမွာခရစၥတီယာႏိုေရာ္နယ္ဒိုထက္မ်ားစြာသာလြန္ေကာင္းတဲ့ကစားသမားျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးသူျဖစ္ပါတယ္။

ဘက္စကြက္က “အခုကမာၻ႔အေကာင္းဆုံးနဲ႔ေနာက္ႏွစ္မ်ားစြာအေကာင္းဆုံးျဖစ္မဲ့သူကမက္ဆီပါ။သူအနားယူတဲ့အခ်ိန္အထိဆက္ရပ္တည္ေနပါဦးမယ္။လူကာမိုဒရစ္လည္းအရမ္းေကာင္းပါတယ္။ဒါေပမဲ့မက္ဆီကိုလူကာအပါအဝင္အျခားဘယ္သူနဲ႔မွႏႈိင္းယွဥ္လို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။